USIRD Connect

၄။ Well- Founded Fear: Burden of Proof 2

လျှောက်ထားသူဟာ ဒုက္ခသည်အဖြစ် သတ်မှတ်ခံရဖို့ကို သက်သေပြနိုင်ဖို့ တာဝန်ရှိပါတယ်။ ယုံကြည်စိတ်ချရတဲ့ သက်သေခံချက်တစ်ခုတည်းရှိနေရင်တောင်မှ ‌ထိုတာဝန်ကို ပြီးမြောက်နိုင်ပါတယ်။ ဒီလိုဘဲ မေးမြန်းတဲ့ အရာရှိကလဲ လျှောက်ထားသူဟာ ဒုက္ခသည်အဖြစ် အရည်အချင်းပြည့်မှီကြောင်းဆုံးဖြတ်နိုင်ဖို့အတွက် လုံလောက်တဲ့ အချက်အလက်တွေကို မေးမြန်းဖို့ တာဝန်ရှိပါတယ်။
Asylum ဒါမှမဟုတ် Refugee အတွက် လျှောက်ထားသူများဟာ အတိတ်ကာလမှာ နှိပ်စက်ခံရမှုကြောင့် ဒါမှမဟုတ် ဖိနှိပ်ခံရမှာကို စိုးရိမ်မှုကြောင့် ကောင်းကောင်းမွန်မွန်ပြင်ဆင်ထားသော အချက်အလက်တွေကြောင့် အရည်အချင်းပြည့်မှီနိုင်ပါတယ်။
Asylum လျှောက်လွှာဆောင်ရွက်ရာမှာ လျောက်ထားသူဟာ အတိတ်ကာလတွင် ညှဉ်းပန်နှိပ်စက်ခံခဲ့ရတာကို မူလသက်သေအဖစ်ပြနိုင်ခဲ့ရင် လျှောက်ထားသူဟာ အနာဂတ်တွင်လည်းပဲ သေချာပေါက် ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မယ်ဟု အရာရှိကယူဆလိမ့်မယ်။
ဒီသက်သေပြချက်ကို အရာရှိက လျောက်ထားသူဟာအနာဂတ်တွင် သေချာပေါက် ညှဉ်းပန်းနှိပ်စက်ခံရမှုမရှိနိုင်ဟု လျှောက်ထားသူရဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက် ပြန်လည်သက်သေပြဖို့ ကြိုးစားလိမ့်မယ်။ တစ်ကယ်လို့ အရာရှိဟာ လျောက်ထားသူရဲ့ မိခင်နိုင်ငံမှာ မူဝါဒတစ်ခုခုပြောင်းလဲခဲ့ရင် လျောက်ထားသူ သေချာပေါက် ညှဉ်းပန်းနှိပ်စက်မှုမခံရတော့ခြင်း ဒါမှမဟုတ် ဒီညှဥ်းပန်းနှိပ်စက်မှုမှ လွတ်မြောက်နိုင်သော အခြေအနေအဖြစ် ပြောင်းလဲသွားသည်ကို အရာရှိက တွေ့ရှိပါက လျောက်ထားသူ၏ မူလသက်သေပြမှုကို မှန်ကန်မှုမရှိဘူးဟု ငြင်းဆိုနိုင်တယ်။
ဒီအချက်ကတော့ ပြည်ပ Refugee တွေရဲ့လုပ်ဆောင်ချက်နဲ့ တော့မတူနိုင်ပါဘူး။ refugee‌ေတွရဲ့ လုပ်ဆောင်ချက်မှာတော့
လျောက်ထားသူဟာ အတိတ်မှာ နှိပ်စက်ခံခဲ့ရကြောင်းကို သက်သေပြနိုင်ရုံနဲ့ နိုင်ငံရဲ့ မူကြမ်းတွေပြောင်းလဲသွားခဲ့ရင်တောင်၊ လျှောက်ထားသူဟာ သူ့ရဲ့မိခင် နိုင်ငံအတွင်းနေရာ‌‌ေပြာင်း‌ေရွ့‌ေနထိုင်နိုင်ဖို့ အခွင့်အရေးရှိခဲ့ရင်‌ေတာင်မှ မျက်ကွယ်ပြုပြီး refugeeတစ်ယောက် ဖြစ်တယ်ဆိုတာ လက်ခံနိုင်တယ်။
လျောက်ထားသူဟာ မိမိခြိမ်းခြောက်ခံရမှုကိုအခြေခံပြီးသိသာထင်ရှားတဲ့ ညဉ်းပန်းနှိပ်စက်ခံရမှုကို သက်သေပြခဲ့ပေမဲ့လဲ ‌ေမးမြန်သူလူဦး‌‌‌ေရထိန်းချုပ်‌‌ရေးအဖွဲ့က ပြန်လည်ချေပမည့် မေးခွန်းများကို တုံ့ပြန်နိုင်ရန် လျှောက်ထားသူက အထွေထွေစိုးရိမ်မှုထက် မိမိ case ကို ပိုမိုအသေးစိတ်သက်သေပြရန် ပိုမို ယုတ်ညံ့စွာနှိပ်စက်ခံရမှုကို သက်သေပြနိုင်ရန် အထူးပင်လိုအပ်တယ်။ အထက်ပါ အမှုကိစ္စကတော့ ပြည်ပ refugee တွေရဲ့လျောက်ထားမှုမှာ မြင်ရရှားတဲ့ ကိစ္စ မျိုးဖြစ်တယ်။ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကတော့ link မာဖော်ပြပေးထားတယ်( Asylum Adjudication Supplement – Coercive Population Control). Asylum and Refugee လျှောက်လွှာနှစ်ခုလုံးမှာ လျှောက်ထားသူဟာ ခိုလှုံသူဖြစ်ကြောင်းကို အတိတ်ကနှိပ်စက်ခံရမှုကိုမပြဘဲနဲ့ အနာဂတ်မှာ နှိပ်စက်ခံရနိုင်ချေရှိကြောင်း သေချာစွာပြင်ဆင်ထားပြီးတော့ ပြနိုင်တယ်။

Previous