USIRD Connect

၅။ Elements of Well-Founded Fear

Refugee တစ်ယောက်ရဲ့ အဓိပ္ပာယ်အတိုင်း နှိပ်စက်ခံရမဲ့ အကြောက်တရားကို ပြသဖို့ အတွက် ဒီအချက်တွေကို ပြင်ဆင်ထားရမယ်။
1. နှိပ်စက်ခံရမှာကို ကြောက်ရွံ့ခြင်း။
2. ဒီအကြောက်တရားက ဦးတည်ချက်ရှိခြင်း။
Subjective Element
လျှောက်ထားသူဟာ မိမိရဲ့ ကိုယ်ရေးကိုယ်တာ စိတ်ထဲမှာ အကြောက်တရားနဲ့ပက်သက်ပြီး ကောင်းမွန်စွာပြင်ဆင်ထားတဲ့ subjective elements တွေကို ခိုင်ခံ့စွာပြင်ဆင်ထားပြီးတော့ တိုင်းပြည်ကို ပြန်ရမယ်ဆိုတဲ့ အကြောက်တရားကို တင်ပြနိုင်တယ်။ UNHCR ရဲ့ လက်စွဲစာအုပ်အရ လျှောက်ထားသူရဲ့ အကြောက်တရားကို စစ်ဆေးနေတဲ့ အချိန်မှာ လျှောက်ထားသူရဲ့ နောက်ခံ၊ ကိုယ်ပိုင်ယုံကြည်ချက်၊ case နဲ့ ပက်သက်ပြီး ဆက်ဆက်ထိမခံနိုင်ဖြစ်ခြင်း နဲ့ ကိုယ်ကျင့်တရားတွေကိုလဲ မေ့ထားလို့မရပါဘူး။ လူတစ်ယောက်ချင်းဆီရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကလဲ တစ်ယောက်နဲ့တစ်ယောက်တူညီတဲ့ အခြေအနေမှာ မရှိပါဘူး။ လူတစ်ယောက်မှာတော့ ထက်သန်တဲ့ နိုင်ငံရေးအယူအဆတွေ ခိုင်မာတဲ့ယုံကြည်မှုတွေ ဘဝရဲ့ ရှုံးနိမ့်မှုတွေကို လျစ်လျူရှုမှုတွေ ရှိနေနိုင်တယ်။ တစ်ခြားလူတစ်ယောက်မှာတော့ အာ့လိုမျိုးခိုင်မာတဲ့ အယူအဆတွေရှိမနေနိုင်ဘူး။ လူတစ်ယောက်ကတော့ လွတ်‌‌ေမြာက်မှုအတွက်တစ်စွတ်ထိုးဆုံးဖြတ်ချက်တွေရှိနေနိုင်တယ်။ အခြားလူတစ်ယောက်မှာတော့ တစ်စွတ်ထိုးမလုပ်ဘဲ သူ့ရဲ့လွတ်မြောက်မှုအတွက် သေချာအစီအစဉ်ဆွဲနေတတ်တယ်။
အကြောက်တရားကိုတော့ အန္တာရာယ်ကျရောက်မှာကို စိုးရိမ်ထိတ်လန့်မှုနဲ့ အဓိပ္ပာယ်ဖွင့်တယ်။ ငတ်မွတ်မှုရဲ့ အကြောက်တရား၊ ဘေးအန္တာရယ်အတွက်အကြောက်တရား တွေထက် အစိုးရနဲ့ သဘောထားကွဲလွဲမှု၊ အစိုးရက လက်မခံနိုင်ဖြစ်မှု၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ပျောက်ဆုံးမှု၊ စီးပွားရေးအကျိုးအမြတ်ကိစ္စတွေက ပိုပြီးတော့ အကြောက်တရားကို ဖော်ပြတဲ့ နေရာမှာ အကျိုးရှိမယ်။
ဖိနှိပ် ညှင်းပန်းခံရမှာကို ကြောက်ရွံ့တဲ့ စစ်မှန်တဲ့ အကြောက်တရားက asylum ဒါမှမဟုတ် Refugee လျှောက်ထားသူရဲ့ စိတ်အားထက်သန်မှုကိုဖော်ပြတဲ့ ပထမဦးစားပေးဖြစ်ရမယ်။ ဒီလိုဆိုပေမဲ့ ဒီစိတ်အားထက်သန်မှုက တစ်ခုတည်းသော စိတ်အားထက်ူန်မှုဖြစ်ဖို့ လိုတယ်။ လျှောက်ထားသူဟာ နှိပ်စက်ခံရမှာကို ကြောက်နိုင်တယ် ပြီးတော့ လွတ်လပ်မှုနဲ့ စီးပွားရေးအကျိအမြတ်အတွက် ဦးတည်နိုင်တယ်။
Examples
• လျှောက်ထားသူဟာ ဖမ်းဆီးခံရပြီးချိန်မှာတောင်မှ အစိုးရကိုဆက်ပြီးတော့ ကွန့်ကွက်နေတယ်။
• လျှောက်ထားသူဟာ သူရဲ့ နိုင်ငံကို သူကအတိတ်မှာ နှိပ်စက်ခံခဲ့ရရင်တောင်မှ အခြေအနေတွေကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ပြန်သွားတယ်။
သက်ဆိုင်တဲ့မေးခွန်းတွေကတော့ လျှောက်ထားသူဟာ သူ့ရဲ့တိုင်းပြည်ကို ပြန်နိုင်လား။ ဘာလို့လဲ။ ဘာလို့မပြန်နိုင်လဲ။ လျှောက်ထားသူဟာ သူ့ရဲ့ တိုင်းပြည်ကို မကြာခဏပြန်နေလား။ ဘာလို့လဲ။ ဘာကြောင့်မပြန်နိုင်လဲ။ လျှောက်ထားသူက သူ့ရဲ့တိုင်းပြည်ကို ပြန်ခဲ့ရင် ဘာတွေဖြစ်လာနိုင်လဲ။

Objective Element
Cardoza- Fonseca မှာရှိတဲ့ အာဏာအကြီးဆုံးဖြစ်တဲ့ တရားရုံးကနေပြီးတော့ asylum အတွက် အနာဂါတ်မှာ ဖြစ်နိုင်ချေရှိတဲ့ နှိပ်စက်ခံရမှုနဲ့ ပက်သက်တဲ့ တင်ပြမှုစံနှုန်း‌ တွေက ပြန်မပို့ခံရဖို့အတွက် တင်ပြမှုစံနှုန်းတွေထက်နိမ့်တယ်လို့ ကောက်ချက်ချခဲ့တယ်။ သူတို့က တစ်ခုခု မကောင်းတာဖြစ်မှာကို အရမ်းကြောက်နေတဲ့သူတစ်ယောက်က ဖဖြစ်နိုင်ချေရဲ့50 ရာခိုင်နှုန်းလောက်ဘဲရှိနေရင်တောင် အကြောက်တရားအတွက်သေချာပြင်ဆင်ပြီးကြောက်နေတတ်တယ်လို့ ကောက်ချက်ချခဲ့တယ်။
ဒီ case ကနေပြီးတော့ အောက်ပါအချက်တွေကို သုံးသပ်ခဲ့တယ်
• နိုင်ငံတစ်နိုင်ငံမှာ အရွယ်ရောက်ပြီးတဲ့ ယောက်ကျားလေးတိုင်းရဲ့ ဆယ်ပုံတစ်ပုံဟာ လူသစ်စုဆောင်းတဲ့ နေရာတွေစစ်မှုထမ်းတဲ့ နေရာတွေကို ပို့ဆောင်ခံရတယ်။ ဒီလိုပို့ဆောင်ခံရတဲ့ အထဲက လွယ်မြောက်လာတဲ့ လူတစ်စုက သူတို့ရဲ့ နိုင်ငံကို ပြန်သွားတဲ့ အခါ ဘာတွေဖြစ်လာမလဲဆိုတာကို‌ ကြောက်ရွံ့မှုတွေဖြစ်နိုင်တယ်ဆိုတာကို အရမ်းသိသာစေတယ်။
အကြောက်တရားကိုကောင်းစွာပြင်ဆင်ဖို့ဆုံးဖြတ်ချက်ချတဲ့‌ နေရာမှာ ဖြစ်နိုင်ချေရှိတဲ့အကြောင်းပြချက်တွေနဲ့ဆုံးဖြတ်ချက်မချဘူး။အကျိုးအကြောင်းသင့်တင့်ပြီး ခိုင်မာတဲ့အကြောင်းပြချက်တွေကိုဘဲအမှီပြုပြီးတော့ဆုံးဖြတ်ချက်ချတယ်။
လျှောက်ထားသူဟာ ကိုယ့်နိုင်ငံကို ပြန်သွားတဲ့ အခါ အနာဂါတ်မှာ နှိပ်စက်ခံရဖို့ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်တွေကို သက်သေနဲ့အတူ ကျိုးကြောင်းသင့်တင့်စွာ ပြရလိမ့်မယ်။ ဒီလို ဖြစ်နိုင်ချေရှိတဲ့ အချက်အလက်က ဖြစ်နိုင်ချေမရှိတာကို သက်သေပြနေတာထက်အများကြီး ပိုလွယ်ကူလိမ့်မယ်။

Previous