USIRD Connect

၆။ The MOGHARRABI Test

Matter of MOGHARRABI မှာ လျှောက်ထားသူရဲ့ အကြောက်တရားဟာ မှန်ကန်ကြောင်းကို စစ်‌ဖို့အတွက် အပိုင်းလေးပိုင်းပါဝင်တဲ့ စစ်ဆေးစမ်းသပ်မှု တစ်ခုပါဝင်တယ်။ အနာဂတ်မှာ ဖြစ်နိုင်ချေရှိတဲ့ နှိပ်စက်မှုတွေကို သေချာထောက်ပြဖို့ လျှောက်တဲ့သူက အောက်ပါအချက်တွေကိုဖော်ပြနိုင်ရမယ်။
1. ညှင်းပန်းနှိပ်စက်သူဟာ သင့်ကိုဘာကြောင့်အလို‌ရှိကြောင်း။
2. ညှင်းပန်းနှိပ်စက်သူက သင့်ရဲ့ အချက်အလက်တွေကို သိထားကြောင်း။
3. ညှင်းပန်းနှိပ်စက်သူက သင့်ကိုထိခိုက်နိုင်စေစွမ်းရှိကြောင်း။
4. ညှင်းပန်းနှိပ်စက်သူဟာ သင့်ကိုတိုက်ခိုက်လိုကြောင်း။
ဒီအချက်တွေကို PACI (“pah’ – cheese”) လို့လဲ သိကြတယ်။
Possession (or Imputed Possession) of a Protected Characteristics
လျှောက်ထားသူရဲ့ အခြေအနေ အချက်အလက်တွေဟာ ဒုက္ခသည်တစ်ယောက်ရြံ ကာကွယ်ရမဲ့ အရာတွေနဲ့ ကိုက်ညီကြောင်း ဖော်ပြနိုင်ရပါမယ်။ ဒီအကြောင်းကို ထပ်သိလိုရင် RAIO Training module, Nexus and the Five Protected Grounds ကိုဖတ်နိုင်ပါတယ်။ သင့်ရဲ့ ဘယ်လုပ်ရပ်တွေကြောင့် ညှင်းပန်းနှိပ်စက်သူဟာ သင့်ကို အလိုရှိကြောင်းထောက်ပြနိုင်ရပါမယ်။ ထိုသူက သင့်ကို ထိထိရောက်ရောက်အပြစ်ပေးလိုကြောင်းကိုလဲ ထောက်ပြနိုင်ရမယ်လို့ Mogharrabi ကပြောဖူးပေမဲ့လည်း အခုနောက်ပိုင်း case တွေမှာတော့ ထိုသူဟာ လျှောက်ထားသူကို အပြစ်ပေးလိုစိတ်မရှိ။၊ ရန်ငြိုးထားချင်းလည်းမရှိ ကိုယ့်အခက်အခဲကို လျှောက်ပြလို့ရတယ်လို့ဆိုပါတယ်။
Relevant Questions
လျှောက်ထားသူဟာ ကိုယ့်နိုင်ငံပြန်ဖို့ ဘာလို့ ကြောက်ရတာလဲ။ ညှင်းပန်းနှိပ်စက်သူဟာ သင့်ရဲ့ ဘယ်လုပ်ရပ်တွေကိုမကြိုက်တာလဲ။ သင့်နိုင်ငံမှာ ဘယ်သူတွေက ဘာကြောင့်သင့်ကို ထိခိုက်စေနိုင်တာလဲ။ ကာကွယ်ရမဲ့ သင့်ရဲ့ အချက်အလက်တွေကဘာလဲ။ ဒီအကြောင်းတွေကို သိထားပြီးဖြစ်တဲ့ သင့်ရဲ့ ပတ်ဝန်းကျင်က လူတွေကရော ဘယ်လို အဆက်ဆံခံနေရလဲ။ ညှင်းပန်းနှိပ်စက်သူဟာ သင့်ကို ဘာတွေပြောခဲ့လဲ။ သူတို့က ဘာလို့ သင့်မှာ ကာကွယ်ရမဲ့ အချက်လက်တွေရှိတယ်လို့ထင်လဲ။
Awareness
ညှင်းပန်းသူဟာ လျှောက်ထားသူရဲ့ အချက်အလက်တွေကို သိကြောင်း ဖြစ်နိုင်ချေတွေကို ထောက်ပြနိုင်ရပါမယ်။ ထိုအချက်အလက်တွေကို သူတို့ဆီကနေ ဖုန်းကွယ်ထားဖို့တော့မလိုပါ။
Relevant Questions
လျှောက်ထားသူမှာ ကာကွယ်ရမဲ့ အချက်အလက်တွေရှိကြောင်း တစ်စုံတစ်ယောက်က ဘယ်လိုသိသွားနိုင်လဲ။ သင့်မှာ ဒီအချက်တွေ ရှိပါတယ်ဆိုပြီး ဘယ်လိုထောက်ပြနိုင်လဲ။ လျှောက်ထားသူဟု မိမိနိုင်ငံထဲမှာဘဲရှိနေသေးရင် သင်က ဒီအချက်အလက်တွေနဲ့ လူဖြစ်ကြောင်း ဘယ်လိုထောက်ပြနိုင်လဲ။ လျှောက်ထားသူဟာ မိမိနိုင်ငံထဲကို ပြန်ရောက်နေကြောင်းကိုရော သူတို့က ဘယ်လိုသိသွားနိုင်လဲ။
Capability
နှိပ်စက်သူဟာ သင့်ရဲ့ အချက်အလက်တွေကို သိထားနိုင်လို့ သင့်ကို ထိခိုက်နိုင်စွမ်း ရှိကြောင်းကို လျှောက်ထားသူအနေနဲ့ ခိုင်ခိုင်မာမာထောက်ပြနိုင်ရမယ်။ ဒါကိုထောက်ပြဖို့ အောက်ပါအချက်တွေကိုလဲ ထည့်စဉ်းစားရမယ်။
• နှိပ်စက်သူဟာ အစိုးရက လူဟုတ်မဟုတ်၊ ဟုတ်တယ်ဆိုရင် အစိုးရရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်။
• နှိပ်စက်သူဟာ အစိုးရကလူမဟုတ်ခဲ့ရင် အစိုးရက ထိုလူကို ထိထိရောက်ရောက်အရေးယူလိုခြင်း၊ အရေးယူနိုင်စွမ်းရှိမရှိ။
• နှိပ်စက်သူဟာ နိုင်ငံ အတွင်းဘယ်လောက်ထိ လုပ်ဆောင်နိုင်စွမ်း။
Relevant Questions
နှိပ်စက်သူဟာ ဘယ်သူလဲ။ ထိုသူက အစိုးရဲ့ ပတ်သက်နေတယ်ဆိုရင် သူ့ရာထူးက ဘာလဲ။ ထိုသူဟာ အစိုးရကလူဖြစ်ခဲ့ရင် သင်က နိုင်ငံအတွင်းအခြားအစိုးရကလူကို အကူအညီတောင်းနိုင်လား။ တောင်းနိုင်ရင် ဘာကြောင့်လဲ။ မတောင်းနိုင်ရင်လဲ ဘာကြောင့်လဲ။ နှိပ်စက်သူက အစိုးရနဲ့ မသက်ဆိုင်ရင် အစိုးရက သင့်ကို ကာကွယ်ပေးနိုင်လား။ ကာကွယ်ပေးချင်စိတ်ရောရှိလား။ လျှောက်ထားသူက ထိုသူကို ရဲတိုင်တန်းခြင်းရော ရှိခဲ့လား။ ရဲ ဒါမှမဟုတ်အစိုးရက သင့်ကို အကာအကွယ်ပေးနိုင်လား။
အင်တာဗျုးနေစဉ်မှာ အရာရှိဟာ ညှင်းပန်းနှိပ်စက်သူက လျှောက်ထားသူကို ဘယ်လောက်ထိ အပြစ်ပေး ထိခိုက်စေနိုင်ကြောင်းကို မေးပါလိမ့်မယ်။
Inclination
နှိပ်စက်သူဟာ သင့်ကို ထိခိုက်စေလိုကြောင်း၊ လျှောက်ထားသူအနေနဲ့ ထောက်ပြနိုင်ဖို့တော့လိုပါတယ်။ ဒါပေမဲ့ ထိုသူဟာ သင့်ကို ရန်ငြိုးထားအပြစ်ပေးလိုကြောင်းကိုတောဘ ထောက်ပြဖို့ မလိုတော့ပါဘူး။
Relevant Questions
တစ်ကယ်လို့ လတွေနှစ်တွေသာကြာခဲ့ရင် နှိပ်စက်သူဟာ သင့်ကို ထိခိုက်စေလိုစိတ်ရှိသေးလား။ ရှိတယ်ဆိုရင် ဘာလို့လဲ။ မရှိဘူးဆိုရင်ဘာလို့လဲ။ သင်နဲ့ အခြေအနေတူထဲမှာ ကိုယ့်နိုင်ငံကိုပြန်သွားတဲ့ သူတွေကိုရောသိလား။ သိရင် အာ့လူက ဘယ်လိုဖြစ်သွားလဲ။ သင့်နိုင်ငံထဲမှာ သင်နဲ့ အခြေနေတူတဲ့ လူတွေကိုရော အခုဘယ်လို ဆက်ဆံလဲဆိုတာ သိထားတာရှိလား။
အင်တာဗျုးအတွင်း အရာရှိဟာ နှိပ်စက်သူဟာ လျှောက်ထားသူကို ထိခိုက်စေလိုကြောင်းရှိမရှိကိုမေးမြန်းပါလိမ့်မယ်။ အကယ်လို့ လျှောက်ထားသူဟာ ထိုမေးခွန်းတွေကို မဖြေနိုင်ဘူးဆိုရင် အရာရှိဟာ သင့်နိုင်ငံရဲ့ အခြေအနေတွေကို လေ့လာပြီးတော့ ဆုံးဖြတ်ပါလိမ့်မယ်။ အဲ့လိုဆုံးဖြတ်ရာမှာလဲ သင်ဟာ လတ်တလောအတွင်း နှိပ်စက်သူဆီကနေ ထိခိုက်ထားခြင်း၊ ခြိမ်းခြောက်ခံထားရခြင်း ရှိမရှိကို စုံစမ်းပါလိမ့်မယ်။ ဒီအကြောင်း အသေးစိတ်သိလိုပါက RAIO Training Module, Nexus and Five Protected Grounds ကို သွားဖတ်နိုင်ပါတယ်။

Previous