USIRD Connect

၇။ Pattern or Practice

General Rule
အောက်ပါအချက်အလက်တွေကို ဖော်ပြနိုင်တယ်ဆိုရင် သင်ဟာ တစ်ဦးခြင်း အလျောက် ညှင်းပန်းနှိပ်စက်ခံရနိုင်ခြေရှိကြောင်းကို လျှောက်ထားသူဟာ ထောက်ပြစရာ မလိုတော့ပါဘူး။
• လျှောက်ထားသူဟာ နှိပ်စက်ခံရကြောင်းကို ရှင်းပြဖို့ အတွက် သေသေချာ‌ချာပြင်ဆင်ထားရမဲ့ အဆင့်လိုက်အဆင့်လိုက် ‌pattern တစ်ခုရှိရပါမယ်။
• လျှောက်ထားသူနဲ့ အခြေအနေတူတဲ့ အဖွဲ့အစည်းတစ်ခုက နှက်စက်ခံခဲ့ရကြောင်း သက်သေပြနိုင်ခဲ့ရင်လည်း လျှောက်ထားသူကိုယ်တိုင်လဲ ခံစားရမယ်ဆိုတာကို မြင်နိုင်တဲ့အတွက် နှိပ်စက်ခံရမှာကို ကြောက်ရွံ့ကြောင်း သိစေနိုင်ပါတယ်။
Pattern or Practice of Persecution
Pattern or Practice အတွက်ပြိ တိကျတဲ့ ရှင်းလင်းချက်တော့ မရှိပါဘူး။ အကြောက်တရားအတွက်ကို ကြိုတင်ပြင်ဆင်ထားကြောင်းကို pattern or Practice ဆိုတဲ့အတိုင်း case by case ခံယူချက်တွေနဲ့ ရှင်းလင်းပြရမယ်။ အအယူခံဝင်တဲ့8ခုမြောက် circuits ကနေပြီးတော့ pattern or Practice ဆိုတဲ့ စကားစုကို စည်းစနစ်အရ အစဉ်အလိုက်အတိုင်း တိကျစွာ တင်ပြတဲ့ အကြောင်းအရာ တစ်စုံတစ်ခုဆိုပြီး ပြန်ဆိုထားတယ်။ ဒါပေမဲ့ ဒီစကားစုမှာ နှိပ်စက်ခံရတဲ့ အဖွဲ့ဝင်တွေကိုပါ ဖော်ပြရမယ်လို့တော့ မပြောထားဘူး။
ကိုးခုမြောက် circuits ကနေပြီးတော့ နှိပ်စက်ခံရတဲ့ လူအဖွဲ့ဝင်အရေအတွက်ကို အစီအစဉ်တစ်ကျ မဖော်ပြနိုင်ဘူးဆိုရင်တောင် နှိပ်စက်ခံရတာချင်းတူတဲ့ အဖွဲ့ဝင်တွေက လျှောက်ထားသူရဲ့ အနာဂါတ်မှာ ဖြစ်လာနိုင်တဲ့ ထောက်ပံ့ပေးနိုင်တယ်။ တရားရုံးက နေပြီးတော့ ဒီလိုရှင်းပြခဲ့တယ်။
လျှောက်ထားသူဟာ အစိုးရနဲ့ ဆန့်ကျင်ဘက် အဖွဲ့က အဖွဲ့ဝင်တစ်ယောက်လဲဖြစ်တယ် ဒါပေမဲ့ ဒီအဖွဲ့က စည်းစနစ်တစ်ကျသွားဖို့ကို ဘာအချက်အလက်အကြောင်းအရာမှမရှိဘူးဆိုရင် တရားရုံးက ဒီအချက်တွေကို ကြည့်လိမ့်မယ်။
1. အဖွဲ့ဝင်တစ်ယောက်အနေနဲ့ နှိပ်စက်ခံမှုနှုန်းကို ဘယ်လောက်ထိစိုးရိမ်ရနိုင်လဲ။ (ဥပမာ- ဘယ်လောက်ထိဆိုးဆိုးရွားရွား ဒီအဖွဲ့က နှိပ်စက်ခံခဲ့ရလဲ)။
2. တစ်ယောက်ချင်းဆီမှာ ဘယ်လောက်ထိ အန္တာယ်ရှိ‌နိုင်လဲ။ ( ဥပမာ- လူတစ်ယောက်က အဖွဲ့ထဲမှာ ဘယ်လောက်ထိ အရေးကြီးတဲ့ တာဝန်ရှိကြောင်း၊ သူများတွေကို ထိခိုက်စေတဲ့ သူက လျှောက်ထားသူကို သတိပြုမိကြောင်း၊ ဒီအချက်ကဘဲ လျှောက်ထားသူကိုယ်တိုင်လဲ ထိခိုက်‌နိုင်ကြောင်း ပေါ်လွင်စေတယ်)။
ကိုးခုမြောက် circuits က ဒီအချက်အလက်နှစ်ခုဟာ ဆက်နွယ်နေတယ်ဆိုတာကို ဖော်ပြခဲ့တယ်။ ရှင်းလင်းချက်ကတော့ အဖွဲ့တစ်ခုလုံး အန္တာရယ်ကြီးနေတာကြောင့် အထဲက လူတွေဘယ်လိုအန္တာရယ်ရှိနေကြောင်း သိပြီးဖြစ်တယ် ဆိုတာဘဲ။
ကိုးခုမြောက် curcuits ရဲ့ အဆိုပြုချက်ကို ပထမ၊ တတိယ နဲ့ သတ္တမမြောက် circuits တွေက pattern or practice အနေနဲ့ သက်သေမခိုင်လုံကြောင်း အကြောင်းပြချက်နဲ့ ကန့်ကွက်ခဲ့တယ်။

Previous