USIRD Connect

၉။ Persecution of individuals Closely Related To The Applicant Objective Evidence Supporting Fear

သင့်မိသားစု ဒါမှမဟုတ် သင်နဲ့ ရင်းနှီးသူ တစ်ဦးဦးဟာ နှိပ်စက်သူတွေဆီကနေ နှိပ်စက်ခံနေရတယ်ဆိုရင် သင့်ရဲ့ အကြောက်တရားဟာ မှန်ကန်ကြောင်း သက်သေပြနိုင်ပါတယ်။ တစ်ဖက်ခြမ်းမှာတော့ လျှောက်ထားသူနဲ့ အခြေ‌အနေတူတဲ့သူတွေက လုံခြုံမှုရှိနေတယ်ဆို‌ရင်တော့ သင့်အကြောက်တရားက မမှန်ကန်ကြောင်း အခြေအနေနဲ့ သက်သေဖြစ်သွားနိုင်တယ်။
Connection Must Be Established
လျှောက်ထားသူဟာ သင့်မိသားစု ဒါမှမဟုတ် သင်နဲ့ ရင်းနှီးသူတစ်ဦးဦးက နှိပ်စက်ခံနေရတယ်ဆိုရင် ဒါနဲ့ သင့်အကြောက်တရားနဲ့ကြိ ချိတ်ဆက်နိုင်ဖို့လိုပါတယ်။ ဥပမာပြောရမယ်ဆိုရင် သင့်ရဲ့ အမက သင်တို့ အဖွဲ့စည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဘဲ ဆိုပါစို့။ သူက အဖမ်းခံထားရတယ်ဆိုပေါ့။ သင်နဲ့ သင့်အမက မြို့တစ်ခုထဲမှာ တူတူနေခဲ့ကြတယ်။ သင့်အမအဖမ်းခံလိုက်ရကြောင်းကိုလံ သင့်နိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တစ်ဦးက ပြောပြလို့ သိခဲ့ရတယ်။ ဒါဆိုရင် လျှောက်ထားသူဆီမှာလဲ ဒါမျိုးဖြစ်နိုင်တယ်။ သင့်ရဲ့ အကြောက်တရားတွေက အနာဂါတ်မှာ ဖြစ်လာနိုင်တယ်ဆိုပြီး ထောက်ပြလို့ရတယ်။ အဲ့လိုမဟုတ်ဘဲ သင့်အမနဲ့ သင်နဲ့က မြို့တစ်ခုထဲမှာလဲ မနေဘူး။ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်လဲ သိပ်မရှိဘူး။ သူမရဲ့ အဖွဲ့နဲ့ သင်နဲ့ကလဲ ဘာဆက်စပ်မှုမှ မရှိဘူးဆိုရင် သင့်အကြောက်တရားက ဖြစ်လာနိုင်ကြောင်း၊ သင်လဲ အန္တာရယ်ရှိကြောင်းကို ထောက်မပြနိုင်တော့ဘူး။





Threats May Be Sufficient Without Harm
လျှောက်ထားသူကို ကိုယ်ထိလက်ရောက်မထိခိုက်ပေမဲ့ သင်ဟာသူတို့ထံမှ ချိန်းခြောက်ခြင်း ခံခဲ့ရတယ်ဆိုရင် ဒါဟာ နှိပ်စက်ခြင်းတစ်မျို့လို့ ယူဆလို့ရပါသေးတယ်။ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး ဘယ်လြိခြိမ်းခြောက်မှုဖြစ်ပါစေ သင်ဟာ နှိပ်းက်ခံရမှာကို ကြောက်ကြောင်း တင်ပြလို့ရပါတယ်။ လျှောက်ထားသူအနေနဲ့ အရင်တုန်းက သူတို့ကြောင့် ထိခိုက်ခံခဲ့ရမယ်လို့ မဆိုလိုပါဘူ။ အရင်တုန်းက ထိခိုက်ခြင်းရှိမရှိက အနာဂါတ်မှာ သင့်အကြောက်တရားက တစ်ကယ်ဖြစ်မလာနိုင်ဘူးလို့လဲ သူတို့ဘက်က ယူဆလို့မရပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ခြိမ့်ခြောက်မှုက အန္တာရာယ်ရှိလာနိုင်တယ်ဆိုတာကိုတော့ လျှောက်ထားသူဘက်က ခိုင်ခိုင်မာမာပြနိုင်ရမယ်။ ထိုခြိမ်းခြောက်မှုတွေကိုလဲ Case အလိုက် နိုင်ငံရဲ့ဘအခြေအနေအပေါ်မူတည်ပြီးတော့ စစ်ဆေးမှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်။ အမည်မသိခြိမ်းခြောက်မှုတွေကတော့ ဒုက္ခသည်တစ်ယောက်အနေနဲ့ ကာကွယ်ရမဲ့ အကြောင်းအရာတွေမဟုတ်ဘဲ လျှောက်ထားသူရဲ့ ကိုယ်ရေးကိုယ်တာ ပြသနာကြောင့်လို့လဲ သူတို့ဘက်က ယူဆနိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ တစ်ချို့ အမည်မသိခြိမ်းခြောက်မှုတွေက အသက်အန္တာရာယ်ရှိစေနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲ အမည်မသိခြိမ်းခြောက်မှု ဖြစ်နေပါစေ ဒီခြိမ်းခြောက်မှုက အန္တာရာယ်ရှိကြောင်းနဲ့ ဒါတွေဟာ သင့်အကြောက်တရားနဲ့ ဆက်နွယ်နေကြောင်းကို ရှင်းပြရပါမယ်။ ‌ဒါအတွက်လျှောက်ထားသူဟာ အောက်ပါအချက်တွေကို ထောက်ပြဖို့တော့ လိုပါမယ်။
• သင်နဲ့ အခြေအနေတူတဲ့ တခြားသူတွေကရော ဒီလိုခြိမ်းခြောက်ခံခဲ့ကသလား။ သူတို့ရော ဘာကိစ္စတွေ ကြုံတွေ့ခဲ့ရသလဲ။
• ဒီခြိမ်းခြောက်မှုကို လုပ်ခဲ့တဲ့လူ ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်။
• လျှောက်ထားသူကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုမျာူ။
• နိုင်ငံ အစီအရင်ခံစာ။

Previous