USIRD Connect

၁၀။ Significant Lapse of Time Between Occurrence of Event(s) And Flight

General Role
သင့်ရဲ့ အရင်တုန်းက လုပ်ဆောင်မှုတွေနဲ့ ကိုယ့်နိုင်ငံက ထွက်ခွာခဲ့တဲ့ အချိန်ဟာ သိသိသာသာ ကွာခြားမှုရှိနေရင်တော့ လျှောက်ထားသူရဲ့ အကြောက်တရားဟာ မှန်ကန်ကြောင်း သက်သေမပြနိုင်တော့ပါဘူး။ ဒီအချိန်ကွာခြားမှုဟာ အောက်ပါအချက်အလက်တွေကို ထောက်ပြသလို ဖြစ်သွားနိုင်ပါတယ်။
• သင့်မှာ တစ်ကယ်ကြောက်ရွံ့မှုမရှိခြင်း။
• နှိပ်စက်သူဟာ သင့်ကို အန္တာရာယ် ပေးလိုစိတ်မရှိခြင်း။
Possible Exceptions
သို့သော် လျှောက်ထားသူဟာ ခြိမ်းခြောက်ခံခဲ့ရပေမဲ့လဲ အတော်ကြာတဲ့ အထိ နိုင်ငံက ထွက်မခွာနိုင်ခဲ့ကြောင်း ထောက်ပြလို့ရတဲ့ အကြောင်း အရာတွေလဲရှိပါတယ်။ ဒါတွေကတော့
• နိုင်ငံက ထွက်ခွာဖို့ ငွေကြေးအလုံ‌အလောက်မရှိခဲ့ခြင်း။
• မိသားစု လုံခြုံဖို့အတွက် စီမံခန့်ခွဲနေရခြင်း။
• အခြေအနေတွေပိုကောင်းလာမယ်လို့ ယုံကြည်ခဲ့ခြင်း။
• နိုင်ငံအတွင်း အခြေအနေတစ်ခုခု ဖြစ်ပွားခဲ့ခြင်း။
• နှိပ်စက်သူတွေဟာ သင့်ကို ထိခိုက်နိုင်မဲ့ လုပ်ရပ်တွေကို ခဏတာ ရပ်တန့်ခဲ့ခြင်း။








8.3 Factors to Consider

ဖော်ပြခဲ့တဲ့အချက်တွေကို သေချာထောက်ပြနိုင်ဖို့အတွက် ဒီအချက်တွေကိုလဲ ထည့်စဉ်းစားဖို့လိုပါမယ်။

မထွက်ခွါမှီ ကိုယ့်နိုင်ငံအတွင်း နေခဲ့တဲ့အချိန်ကာလ။

ရက်သတ္တပတ်အနည်းငယ်၊ လအနည်းငယ်ပဲနေခဲ့တယ်ဆိုရင် ကိစ္စကြီးကြီးမားမားမရှိပေမယ့် နှစ်ချီကြာခဲ့တယ်ဆိုရင်တော့အခြေအနေပေါ်မူတည်ပြီးဒီအချိန်ကာလာကသင့်ရဲ့လျှောက်ထားချက်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။
ထွက်ခွါချိန် နောက်ကျရသည့် အကြောင်းအရင်း။
လျှောက်ထားသူဟာထွက်ခွါဖို့အခွင့်အရေးမရလိုက်တာဒါမှမဟုတ်အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်နိုင်ငံအတွင်းမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်တာလဲဖြစ်နိုင်ပါတယ်။ဒါပေမယ့်နောက်ဆုံးဘာလို့ထွက်ခွါဖို့ဆုံးဖြတ်လိုက်ရတယ်ဆိုတာကို တစ်မျိုးထဲမဟုတ်ဘဲ အကြောင်းအရင်းမျိုးစုံ အဖက်ဖက်က တင်ပြလို့ရပါတယ်။
မထွက်ခွါမှီနေခဲ့တဲ့နေရာ။
လျှောက်ထားသူဟာမထွက်ခွါမှီတစ်နေရာရာတွင်ပုန်းလျှိုခဲ့သည်ဖြစ်ပါစေ၊ နိုင်ငံအတွင်း အဝေးတစ်နေရာကိုပြောင်းရွှေ့ခဲ့သည်ဖြစ်ပါစေလျှောက်ထားချက်အပေါ် သက်ရောက်မှုရှိပါတယ်။တကယ်လို့ညှင်းပန်းနှိပ်စက်သူဟာသင့်ကိုလွယ်လွယ်ကူကူရှာတွေ့နိုင်တဲ့နေရာမှာနေခဲ့တယ်ဆိုရင်ဘာကြောင့်အဲ့မှာနေခဲ့တယ်ဆိုတဲ့ခိုင်လုံတဲ့အကြောင်းပြချက်ရယ်၊ညှင်းပန်းနှိပ်စက်သူဟာ ဘာလို့သူတို့လုပ်ငန်းတွေကို ရပ်တန့်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေကို တင်ပြနိုင်ရပါမယ်။
ထိုအချိန်ကာလအတွင်း လျှောက်ထားသူ၏ လှုပ်ရှားမှု။

ပုန်းနေချိန်အတွင်းလျှောက်ထားသူဟာသင့်လုပ်ငန်းတွေကိုဆက်လက်လှုပ်ရှားခြင်းရှိမရှိထည့်စဉ်းစားရပါမယ်။အကယ်၍လုပ်ငန်းစဉ်ထိရောက်မယ်အထင်နဲ့ ဆက်လှုပ်ရှားခဲ့တယ်ဆိုရင် ဒါကြောင့် ထွက်ခွါချိန်နောက်ကျခဲ့ရပါတယ်ဆိုပြီး တင်ပြနိုင်ပါတယ်။ ဆက်မလှုပ်ရှားခဲ့ဘူးဆိုရင်တော့ ဘာကြောင့် မထွက်ခွါပဲတောင့်ခံနေခဲ့ကြောင်းကို ဆက်လက်စုံစမ်းရပါမယ်။ ထိုချိန်အတွင်း ညှင်းပန်းနှိပ်စက်သူ၏ လှုပ်ရှားမှုများ အကယ်၍ ညှင်းပန်းနှိပ်စက်သူဘက်က ဘာလှုပ်ရှားမှုမှမရှိခဲ့ဘူးဆိုရင် သင်လဲဘေးကင်းမယ်အထင်နဲ့ နိုင်ငံအတွင်းမှာဘဲ ဆက်နေခဲ့တယ်။ ဒါကြောင့် နောက်ကျခဲ့ရတယ်ဆိုပြီးလဲ ရှင်းပြနိုင်ပါတယ်။

Previous