USIRD Connect

၁၁။ Return to Country of Feared Persecution

Effect on Well-Founded Fear Evaluation

သူတို့နိုင်ငံမှာဒုက္ခသည်အနေနဲ့နေလိုကြောင်းလျှောက်ထားပြီးမှသင်ဟာဘယ်လိုအကြောင်းအရင်းနဲ့ဖြစ်ပါစေ ကိုယ့်နိုင်ငံကိုပြန်မယ်ဆိုရင် သင်ရဲ့အကြောက်တရားဟာ မမှန်ကန်ဘူးလို့ သူတို့ဘက်ကယူဆပါလိမ့်မယ်။ စည်းကမ်းအမှတ် 8 C.F.R § 208.8(b) မှာ သင်ဟာ asylum တင်ထားပြီမှ ကိုယ့်နိုင်ငံပြန်ရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုရှင်းပြထားပါတယ်။ ဒီအကြောင်းကို သေချာသိလိုရင်တော့ Asylum Adjudications Supplement- Return to Country Of Feared Persecution နဲ့ RAIO Training modules, Refugee Definition and Definition of Persecution and Eligibility Based on Past Persecution ကိုဖတ်နိုင်ပါတယ်။
9.2 Factors to Consider

လျှောက်ထားသူ၏ နိုင်ငံပြန်ရခြင်းအကြောင်းပြချက်။
လျှောက်ထားသူအနေနဲ့ ကိုယ့်နိုင်ငံကိုဘာကြောင့်ပြန်ချင်ပါတဲ့အကြောင်းပြချက်ကို သေချာထည့်သွင်းစဉ်းစားရပါမယ်။ ဥပမာ သင်ဟာ နိုင်ငံအတွင်းမှာကျန်ခဲ့တဲ့ သင်ရဲ့ကလေးကို ယုံကြည်ရတဲ့သူတစ်ယောက်နဲ့အပ်ခဲ့တယ်ဆိုပါစို့၊ အခုအဲ့လူက သေဆုံးသွားပြီ။ ဒါကြောင့် သင့်ကလေးကိုခေါ်ဖို့ နိုင်ငံကိုပြန်သွားပါတယ်ဆိုရင် သင့်ရဲ့အကြောက်တရားဟာ မမှန်ကန်ဘူးလို့ ယူဆလိုက်လို့ရပါတယ်။
ပြန်ပြီးနောက် ဖြစ်ရပ်များ။
နိုင်ငံကိုပြန်ပြီးနောက် လျှောက်ထားသူဆီမှာ ဖြစ်ပျက်သမျှကိစ္စရပ်တွေကိုလဲ ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ အကယ်၍ ခြိမ်းခြောက်ခံခဲ့ရတယ်၊ အန္တရယ်တစ်ခုခုကြုံတွေ့ခဲ့ရတယ်ဆိုရင်တော့ သင့်အကြောက်တရားက မှန်ကန်တယ်လို့ထွက်ဆိုလို့ရပါတယ်။ ဒါပေမယ့် နိုင်ငံကိုပြန်ပြီးနောက် ပုန်းလျှိုမနေခဲ့ဘူး၊ လူသိရှင်ကြားနေခဲ့တယ်၊ သို့သော် သင့်ထံမှာ ဘာအန္တရာယ်မှမဖြစ်ပွါးခဲ့ဘူးဆိုရင်တော့ သင့်အကြောက်တရားဟာ မမှန်ကန်ဘူးလို့ ဆုံးဖြတ်ချက်ချလို့ရပါတယ်။ နောက်ထပ် ဥပမာအခြေအနေများ
• လျှောက်ထားသူတစ်ယောက်ဟာ အဖေဖြစ်သူ သေဆုံးတော့မယ်ဆိုတဲ့သတင်းကြားလို့ သူ့နိုင်ငံကိုပြန်သွားခဲ့တယ်။ ဒါပေမယ့် ခဏပဲနေပြီး funeral မတိုင်ခင် သူဟာ United States ကိုပြန်ဝင်လာတယ်။ နောက်လေးနှစ်ကြာတော့ အမေဖြစ်သူသေဆုံးတော့မယ်ဆိုလို့ နိုင်ငံကိုထပ်ပြန်သွားတယ်။ ဒါပေမယ့် ညှင်းပန်းနှိပ်စက်ခံရမှာဆိုးလို့ သူ့အပြန်လမ်းကနောက်ကျခဲ့တယ်။ သူနိုင်ငံလဲပြန်ရောက်ရော အမေဖြစ်သူက သေဆုံးသွားပြီ။ ဒါဆိုရင် လျှောက်ထားသူရဲ့ အကြောက်တရားဟာ လုံးဝမဖြစ်နိုင်တော့တာမဟုတ်ဘဲ ဖြစ်လာနိုင်ချေရှိသေးတယ်ဆိုပြီး ဆုံးဖြတ်ချက်ချနိုင်ပါတယ်။

• တစ်ခါက Rwanda နိုင်ငံကလျှောက်ထားသူတစ်ယောက်ဟာ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်မျိုးစုံပေးပြီး နိုင်ငံကို မကြာခဏ သွားလိုက်လာလိုက်လုပ်ခဲ့တဲ့အပြင် နိုင်ငံအတွင်းက ကျောင်းတစ်ကျောင်းမှာဆက်လက် ပညာသင်ယူခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုဝင်အားလုံးဟာ အသတ်ခံခဲ့ရပြီး သူဟာ နိုင်ငံအတွင်းမှာ အဓမ္မပြုခြင်းခံခဲ့ရကြောင်းလဲမသိ သူ့နိုင်ငံကိုပြန်ရင် အန္တရာယ်ရှိနိုင်ကြောင်းကိုလဲမသိတဲ့ သူရဲ့ရင်းနှီးတဲ့သူငယ်ချင်း nun တစ်ယောက်ကြောင့် ပြန်ခဲ့ရတယ်လို့ အစိုးရဘက်က မှတ်တမ်းတင်ထားပါတယ်။ ဒါ့အပြင် သူဟာ ငွေကြေးအလုံအလောက်မရှိတဲ့အတွက် နိုင်ငံအတွင်းက National University of Rwanda မှာ ပညာဆက်လက်သင်ကြားရုံအပြင် မတတ်နိုင်ခဲ့ကြောင်းကိုလဲ မှတ်တမ်းတင်ထားပါတယ်။ ပြန်တဲ့အချိန်တုန်းကလဲ သူဟာ သူ့နာမည်ရင်းကို ပြောင်းလဲခဲ့ပြီး United States မှာ ပညာဆက်လက်သင်ယူဖို့အတွက် စာရွက်စာတမ်းတွေ ပြန်ယူခဲ့တယ်လို့ဆိုပါတယ်။ ဒီအကြောင်းကိုသိပြီး နောက်ဆုံးမှာတော့ အစိုးရဘက်ကနေ ကျောထောက်နောက်ခံမရှိတဲ့သူတွေဟာ သူတို့ဘာသာဆက်လက်ကျင်လည်ဖို့အတွက် မတတ်နိုင်ဘဲ အကြောက်တရားကိုဘေးဖယ်ကာ နိုင်ငံကိုပြန်တတ်ကြတယ်လို့ ကောက်မှတ်ပြုခဲ့ပါတယ်။

Previous