USIRD Connect

၁၂။ Possession of Travel Documents

General Rule

ဒုက္ခသည်အဖြစ်ခံယူဖို့အတွက်သင့်အနေနဲ့Passportဒါမှမဟုတ်တစ်ခြားခရီးသွားမှတ်တမ်းတစ်ခုခု မဖြစ်မနေမလိုအပ်ပါဘူး။ ဒါပေမယ့် အဲ့လိုထောက်ခံချက် စာရွက်စာတမ်းရှိခဲ့မယ်ဆိုရင်တော့ သင်ဟာ တကယ်ဘဲ အစိုးရဘက်က အန္တရာယ်ပြုခြင်းကို ခံနေရသူလား၊ ညှင်းပန်းနှိပ်စက်သူဟာ တကယ်ဘဲ အစိုးရဘက်ကလားဆိုတာကို ထောက်ပြနိုင်ပါတယ်။

10.2 Factors to Consider

လျှောက်ထားသူရဲ့ ခရီးသွားမှတ်တမ်းတွေက မှန်ကန်မှုရှိမရှိကို သေချာစီစစ်ဖ်ို့အတွက် အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။
• Passport ထုတ်ပေးခဲ့တဲ့နေရာ/ ခရီးသွားအဝင်အထွက်မှတ်တမ်း ထုတ်ပေးတဲ့အေဂျင်စီဟာ ညှင်းပန်းနှိပ်စက်သူအစိုးရဘက်နဲ့ ဆက်နွယ်မှုရှိမရှိ။
• လျှောက်ထားသူဟာ စာရွက်စာတမ်းများကို သွယ်ဝိုက်ရယူခဲ့ခြင်း ရှိမရှိ။ ( ဥပမာ သူငယ်ချင်းတစ်ယောက် အကူအညီနဲ့ရခဲ့ခြင်း )
• လျှောက်ထားသူကို နိုင်ငံမှနှင်ထုတ်လိုသည့် ရည်ရွယ်ချက်နဲ့ အစိုးရဘက်မှ စာရွက်စာတမ်း တစ်စုံတစ်ရာ ထုတ်ခဲ့ခြင်းရှိမရှိ။
• လျှောက်ထားသူသည် ကိစ္စရပ်များမဖြစ်ပွါးခင် ဒီစာရွက်စာတမ်းတွေကို ကြိုထုတ်ခဲ့သည်ဟုတ်မဟုတ်။

Previous