USIRD Connect

၁၃။ Refugee Sur Place

Definition

“refugee sur place “ဆိုတဲ့စာသားကို “နိုင်ငံကထွက်သွားချိန်မှတော့ ဒုက္ခသည်မဟုတ်ဘဲ နောက်မှ ဒုက္ခသည်ဖြစ်လာတဲ့သူ “လို့ UNHCR ကအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ လူတစ်ယောက်ဟာ နိုင်ငံကထွက်ခွါပြီးနောက် နိုင်ငံအတွင်းဖြစ်ပွါးနေတဲ့အခြေအနေတွေကြောင့်ဖြစ်စေ၊ နိုင်ငံအတွင်း/ အပြင််မှာ ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့်ဖြစ်စေ ဒုက္ခသည်အဖြစ် ခံယူနိုင်ပါတယ်။

11.2 Analysis

သင့်ရဲ့အကြောက်တရားမှန်ကန်ကြောင်းကို ထောက်ပြဖို့အတွက် Mogharrabi ရဲ့ အပိုင်းလေးပိုင်းပါဝင်တဲ့စမ်းသပ်စစ်ဆေးမှုကို လျှောက်ထားရပါမယ်။ လျှောက်တဲ့အချိန်မှာ ဖြစ်လေ့ရှိတဲ့ပြဿနာကတော့ ညှင်းပန်းနှိပ်စက်သူဟာ သင့်ရဲ့လုပ်ရပ်တွေကို သိမသိဖြစ်နိုင်ချေကို သေချာထောက်ပြဖို့ပါ။
11.3 Factors to Consider

• နိုင်ငံအပြင်ဘက်မှ လျှောက်ထားသူ၏ လုပ်ဆောင်ရပ်များရဲ့ သက်ရောက်မှု။ ( သင်ဟာ ပွဲကြီးကြီးသေးသေး တစ်ခုခုမှာ speech ပြောပေးလား၊ အဖွဲ့အစည်းတစ်ခုခုကို ပိုက်ဆံပေးသလား၊ social media မှာလှုပ်ရှားမှုရှိလား၊ သတင်းမှာ ပါဖူးသလား )
• ညှင်းပန်းနှိပ်စက်သူ၏ နိုင်ငံပြင်ပကွန်ရက်ချိန်စပ်မှု။ ( သင့်နိုင်ငံအစိုးရဟာ နိုင်ငံခြားရောက်နေတဲ့သူများကို စောင့်ကြည့်ခြင်းရှိမရှိ )
• နိုင်ငံရပ်ခြားရောက်နေသူများအား ညှင်းပန်းနှိပ်စက်သူဘက်မှ အမြင်။ ( သူတို့ဘက်က နိုင်ငံရပ်ခြားမှာနေထိုင်နေတဲ့သူတွေကို နိုင်ငံရေးအရ ရန်သူလို့မြင်မမြင် )

Previous