USIRD Connect

၁၄။ Internal Relocation

Countryside Scope of Feared Persecution

ညှင်းပန်းနှိပ်စက်ခံနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုများကြောင့် နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်လဲ မထူးခြားခဲ့ဘူးဆိုတာကို သက်သေပြနိုင်ရမယ်။ အကယ်၍ လျှောက်ထားသူဟာ နိုင်ငံအတွင်း လုံခြုံမှုရှိတဲ့ နေရာတစ်ခုကိုပြောင်းနိုင်ခဲ့တယ် အဲ့ဒိီနောက်အပိုင်းမှာလဲ သင့်အပေါ်ဘာအန္တရာယ်မှာမဖြစ်ပွါးခဲ့ဘူးဆိုရင် ဒါသင့်ရဲ့ အကြောက်တရားဟာ မမှန်ကန်ဘူးလို့ ဆုံးဖြတ်နိုင်ပါတယ်။ သင်ဟာ နိုင်ငံအတွင်းတစ်နေရာရာကိုပြောင်းရွှေ့နေထိုင်ခဲ့တယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ လက်ခံနိုင်ချေရှိတဲ့ အကြောင်းပြချက်ပေးနိုင်ဖို့လိုပါတယ်။ အရင်တုန်းကလဲ ညှင်းပန်းနှိပ်စက်မှုတွေရှိတယ်ဆိုတာ ထောက်ပြဖို့အတွက် နိုင်ငံတဝန်းခြိမ်းခြောက်မှုများဟာ မဖြစ်မနေ လိုအပ်တာမျိုးမဟုတ်ပါဘူး။ အကယ်၍ လျှောက်ထားသူဟာ လုံခြုံတဲ့နေရာမှာ ပြောင်းရွှေ့နေထိုင်ခဲ့တာတောင် ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရတယ်ဆိုရင် သင့်ရဲ့နေရာရွှေ့ပြောင်းမှုနဲ့မဆိုင်တော့ဘဲ သင့်ကို ဒုက္ခသည်အဖြစ် သတ်မှတ်လိုက်လို့ရပါတယ်။ လျှောက်ထားသူရဲ့ အကြောက်တရားနဲ့ ရွှေ့ပြောင်းနေထိုင်ရခြင်းအကြောင်းကိုစီစစ်တဲ့နေရာမှာ အောက်ပါ အချက်နှစ်ချက်နဲ့ လုပ်ဆောင်ရပါမယ်။

1. နိုင်ငံအတွင်းရွှေ့ပြောင်းနေထိုင်ခဲ့ရင် လျှောက်ထားသူထံ အနာဂတ်မှာ ညှင်းပန်းနှိပ်စက်ခံရနိုင်ခြေရှိမရှိ။ အကယ်၍ ညှင်းပန်းနှိပ်စက်ခံရနိုင်ခြေမရှိဘူးဆိုရင်

2. လျှေက်ထားသူဟာ ဘာကြောင့်နေရာပြောင်းရွှေ့ခဲ့ရပါတယ်ဆိုတဲ့အကြောင်းကို ရှုထောင့်အဘက်ဘက်ကနေ ထည့်သွင်းစဉ်းစားဖို့လိုပါမယ်။

Example

• တစ်ချို့နိုင်ငံတွေမှာဆိုရင် အမျိုးသမီးတစ်ယောက်ဟာ မိသားစုလဲမရှိ ကိုယ့်ကိုအကာအကွယ်ပေးနိုင်မယ့် ကွန်ရက်လဲမရှိတဲ့မေရာကိုပြောင်းရွှေ့တာကို အဓိပ္ပာယ်မရှိဘူးလို့ ခံယူကြပါတယ်။

• လျှောက်ထားသူဟာ ဆွံအနားမကြား ( disability ) ဖြစ်ခဲ့မယ်ဆိုရင် ကျန်းမာရေးအထောက်အကူမရှိတဲ့နေရာကို ပြောင်းရွှေ့ခဲ့ရင် ထိုရွှေ့ပြောင်းမှုဟာ အဓိပ္ပာယ်မရှိပါဘူး။

• လျှောက်ထားသူဟာ မိသားစု သူငယ်ချင်းမရှိတဲ့နေရာကိုပြောင်းရွှေ့ခဲ့ပေမယ့် သင့်မှာ ငွေကြေးအလုံအလောက်ရှိခဲ့တယ်၊ ဟိုမှာအလုပ်အကိုင်ရှာဖွေနိုင်ခဲ့တယ်၊ အခက်အခဲမရှိ နေနိုင်ခဲ့တယ်ဆိုရင်တော့ ဒီရွှေ့ပြောင်းမှုဟာ အဓိပ္ပာယ်ရှိပါတယ်။

• လျှောက်ထားသူဟာတစ်ခြားဘာသာစကားပြောတဲ့နိုင်ငံအတွင်းတစ်နေရာကိုပြောင်းရွှေ့ခဲ့တယ်ဆိုရင်တော့ အဲ့နေရာကလုံခြုံတယ်ဆိုရင် ဒီရွှေ့ပြောင်းမှုဟာ အဓိပ္ပာယ်ရှိပါတယ်။

12.2 Government or Government-Sponsored Persecutor

ညှင်းပန်းနှိပ်စက်သူဟာအစိုးရဘက်ကလူအစိုးရဘက်မှထောက်ပံ့မှုရထားတဲ့သူဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်ခြင်းဟာ အသုံးမဝင်ဘူးလို့ မှတ်ယူလို့ရပါတယ်။ ဒါပေမယ့် လျှောက်ထားသူဟာ နိုင်ငံအတွင်းရွှေ့ပြောင်းနေထိုင်လဲ ဘာအန္တရာယ်မှမရှိဘူးဆိုတဲ့ သက်သေအထောက်ထား အများအပြားရှိရင်တော့ အပေါ်ကမှတ်ယူချက်ဟာ အကျုံးမဝင်တော့ပါဘူး။
12.3 Non-Governmental Persecutor or Entity

ညှင်းပန်းနှိပ်စက်သူဟာ အစိုးရဘက်ကလူမဟုတ်ခဲ့ဘူးဆိုရင် လျှောက်ထားသူအနေနဲ့ နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်ခြင်းဟာ အဓိပ္ပာယ်မရှိဘူးလို့ ထောက်ပြနိုင်ရပါမယ်။ 12.1 မှာဖော်ပြခဲ့တဲ့ အချက်နှစ်ချက်နဲ့အတူ လျှောက်ထားသူအနေနဲ့ နိုင်ငံအတွင်း ပြောင်းရွှေ့နေထိုင်ခဲ့ရင် အန္တရာယ်ရှိမရှိ ဆုံးဖြတ်ရပါမယ်။ အန္တရာယ်မရှိနိုင်ဘူးဆိုရင် ထိုရွှေ့ပြောင်းမှုဟာ အကျိုးအကြောင်းသင့်တယ်လို့ သတ်မှတ်လိုက်လို့ရပါတယ်။
Example

• ညှင်းပန်းနှိပ်စက်သူအဖွဲ့ဟာ နိုင်ငံအတွင်း အာဏာလုံလုံလောက်လောက်ရှိတယ်ဆိုရင် လျှောက်ထားသူဟာ နေရာပြောင်းရွှေ့နေထိုင်လဲ အကျိုးမရှိပါဘူး။ တစ်ဖက်မှာတော့ ညှင်းပန်းနှိပ်စက်သူအဖွဲ့ဟာ ပြည်နယ်အချို့မှာပဲ အာဏာရှိတယ်ဆိုရင် လျှောက်ထားသူရဲ့အကြောက်တရားဟာ ထိုပြည်နယ်တွေမှာ ဖြစ်မလာနိုင်ဘူးလို့ ဆိုလို့ရပါတယ်။ သင်ပြောင်းရွှေ့ခဲ့တဲ့နေရာဟာ အစိုးရကအကာအကွယ်ပေးထားတဲ့နေရာ သို့မဟုတ် မိသားစုနဲ့အတူ သူတို့အဖွဲ့ဘက်မှ အာဏာမရှိတဲ့နေရာဖြစ်ခဲ့မယ်ဆိုရင် ဒီရွှေ့ပြောင်းမှုဟာ အကျိုးအကျိုးအကြောင်းသင့်ပါတယ်။

• ညှင်းပန်းနှိပ်စက်သူဟာ တိုင်းသိပြည်သိ၊ နိုင်ငံတစ်ဝိုက် de facto အာဏာရှိတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် သင့်ရဲ့ရွှေ့ပြောင်းမှုကလဲအဓိပ္ပာယ်မရှိသလို သင့်ရဲ့ inquiry form ကလဲ ဒီမှာအဆုံးသတ်နိုင်ပါတယ်။ တစ်ဖက်မှာတော့ ညှင်းပန်းနှိပ်စက်သူဟာ ခေါင်းဆောင်တစ်ယောက်ဆိုပေမယ့် ပြည်နယ်တစ်ချို့ပေါ်မှာဘဲ အာဏာရှိသူဖြစ်ခဲ့မယ်ဆိုရင် သင့်ရဲ့အကြောက်တရားဟာ မမှန်ကန်တော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ဒုတိယအချက်ဖြစ်တဲ့ ဒီရွှေ့ပြောင်းမှုကို အခြေအနေအဘက်ဘက်ကနေ ဆက်လက်စုံစမ်းဖို့လိုအပ်ပါလိမ့်မယ်။

12.4 Considerations in Evaluating When Internal Relocation Is Reasonable

ညှင်းပန်းနှိပ်စက်မှုဟာ နိုင်ငံတစ်ဝိုက်မဟုတ်ဘူးဆိုရင် လျှောက်ထားသူ၏ ရွှေ့ပြောင်းနေထိုင်ခြင်းက အကျိုးအကြောင်းသင့်တယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါ့အပြင် အကျိုးအကြောင့်သင့်မသင့် ဆုံးဖြတ်ရာမှာ အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။

လျှောက်ထားသူထံမှာ အခြားသောထိခိုက်မှုများ ရှိလာနိုင်ခြေ ရှိမရှိ။

အခြားသောထိခိုက်မှုဆိုတာ ဒုက္ခသည်တစ်ယောက်ရဲ့ အခြေအနေငါးရပ်ကြောင့်မဟုတ်လဲ ညှင်းပန်းနှိပ်စက်မှုနီးပါး သင့်ကို ထိခိုက်စေတဲ့ကိစ္စရပ်တွေကိုဆိုတာပါ။ စီးပွါးရေးမကောင်းတာ၊ အလုပ်အကိုင်မကောင်းတာလောက်ကိုတော့ ဒီခေါင်းစဉ်အောက်ထဲ ထည့်လို့မရပါဘူး။
နိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ပွါးမှုရှိမရှိ။
ပြည်တွင်းစစ်ဖြစ်ပွါးနေမယ်ဆိုရင် လျှောက်ထားသူအနေနဲ့ ပြောင်းရွှေ့လဲအကျိုးမရှိကြောင်း ဖော်ပြလို့ရပါတယ်။
Example
ညှင်းပန်းနှိပ်စက်သူ၏ အာဏာမထ်ိရောက်တဲ့နေရာဟာ ပြည်တွင်းစစ်ဖြစ်ပွါးနေတဲ့နေရာ/ သင့်အနေနဲ့ သွားရင်အန္တရာယ်ရှိတဲ့နေရာ။
ရာသီဥတုအခြေအနေများ။
သင့်နိုင်ငံ / နိုင်ငံအတွင်းနေရာများဟာ ရာသီဥတုအပြောင်းအလဲကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရရင်/ သဘာဝဘေးအန္တရာယ်များကြုံတွေ့နေရရင် ဒါကြောင့် မပြောင်းရွှေ့နိုင်ခဲ့ပါဘူးဆိုတာ ထောက်ပြလို့ရပါတယ်။
အုပ်ချုပ်ရေး၊ စီးပွါးရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အခြေခံများ။

တရားစီရင်ရေး ဥပဒေများကြောင့် ရွှေ့ပြောင်းရာမှာ အခက်အခဲရှိနိုင်တာလဲ ဖြစ်နိုင်ပါတယ်။
Example
တစ်ချို့သောအခြေအနေတွေမှာဆိုရင် ရွှေ့ပြောင်းရာမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမရှိတာကြောင့် အခက်အခဲရှိတာမျိုး၊ ဒါမှမဟုတ် လူမျိုးစုတစ်စုဟာ သူတို့ရိုးရာကြောင့် တစ်ခြားသောလူမျိုးစုနဲ့အတူ တစ်နေရာထဲမှာ လုံခြုံစွာနေဖို့မဖြစ်နိုင်တာမျိုး။

ပထဝီဝင် အခက်အခဲများ။
နိုင်ငံအတွင်း လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ဖို့အတွက် ကြားမှာ တောင်တန်း၊ သဲကန္တာရ ဒါမှမဟုတ် တောတောင်များက ကြားခံနေခြင်း၊ နေထိုင်ဖို့မဖြစ်နိုင်တဲ့ နေရာဖြစ်နေခြင်း စသဖြင့်အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့ဖို့အခက်အခဲရှိတာလဲဖြစ်နိုင်ပါတယ်။

လူမှုရေးနှင့် ရိုးရာကန့်သတ်ချက်များ

ဒီခေါင်းစဉ်အောက်မှာတော့ အသက်အရွယ်၊ ကျား/မ၊ ကျန်းမာရေး၊ လူမှုရေးနဲ့ မိသားစုအနှောင်အဖွဲ့တွေကို ထည့်သွင်းစဉ်းစားလို့ရပါတယ်။ လျှောက်ထားသူအနေနဲ့ သူမှာ သာမန်လူအစုအဝေးကနေ ကွဲထွက်နေတဲ့ အခြေအနေရပ်မျ်ိုး ( ဥပမာ ဘာသာစကား၊ ရုပ်ရည်သွင်ပြင် ) ပိုင်ဆိုင်ထားလို့ နေရာအသစ်မှာ လုံခြုံမှုမရှိတာ၊ လိုက်ရောညီထွေမှုမရှိတာလဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လျှောက်ထားသူရဲ့ social status နဲ့ ရိုးရာထုံးဓလေ့များ ကြောင့် ရွှေ့ပြောင်းရာမှာ အခက်အခဲရှိတာလဲဖြစ်နိုင်ပါတယ်။
အခြားသော ကိစ္စရပ်များ။
လျှောက်ထားသူ၏ ရွှေ့ပြောင်းမှုအပေါ် သက်ရောက်မှုရှိစေတဲ့ အရာအားလုံးကို ထည့်သွင်းစဉ်းစားရပါမယ်။

12.5 Applicant Relocated before Leaving the Country of Feared Persecution

နိုင်ငံကမထွက်ခွါမှီလေယာဉ်မတက်မှီအချိန်တိုအတွင်းတစ်ခြားနေရာကိုပြောင်းရွှေ့နေထိုင်ဖို့မလိုပါဘူး။ ဒါပေမယ့်မထွက်ခါမှီအချိန်အတော်ကြာနိုင်ငံအတွင်းတစ်နေရာမှာလုံခြုံစွာနေခဲ့တဲ့ဆိုရင်တော့ လျှောက်ထားသူဟာ ညှင်းပန်းနှိပ်စက်မခံရဖို့အတွက် နေရာပြောင်းရွှေ့နေထိုင်နိုင်တယ်၊ ဒီခြိမ်းခြောက်မှုဟာ နိုင်ငံတစ်ဝိုက်အကျုံးမဝင်ဘူးလို့ သတ်မှတ်လို့ရပါတယ်။ ပြောင်းရွှေ့ခဲ့တယ်ဆိုလဲ ထိုအချိန်အတွင်း လျှောက်ထားသူထံ ဖြစ်ခဲ့သမျှအရာအားလုံးကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ( ဥပမာ သင်ဟာ လွတ်လွတ်လပ်လပ် အေးချမ်းစွာနေထိုင်ခဲ့သလား ဒါမှမဟုတ် ပုန်းလျှိုနေခဲ့ရသလား၊ ညှင်းပန်းနှိပ်စက်သူကကော သင်ပြောင်းရွှေ့သွားတဲ့အကြောင်းကို သိသလားနဲ့ ဘယ်လောက်ကြာကြာ နေထိုင်ခဲ့သလဲ။ )

Previous