USIRD Connect

၁၇။ Summary Elements of a Well-Founded Fear

သင့်အကြောက်တရားဟာ စစ်မှန်ကြောင်းတင်ပြဖို့အတွက် သင်ဟာ အနာဂတ်မှာဖြစ်လာနိုင်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေကိုထောက်ပြနိုင်ဖို့လိုပါတယ်။
No Requirement of Past Harm

သင့်အကြောက်တရားဟာ စစ်မှန်ကြောင်းတင်ပြနိုင်ဖို့အတွက် သင်ဟာ မဖြစ်မနေ အရင်တုန်းကညှင်းပန်းနှိပ်စက်ခံခဲ့ရဖို့မလိုပါဘူး။
Objective Basis for Fear

သင့်ရဲ့အကြောက်တရား/ အနာဂတ်မှာဖြစ်လာနိုင်တဲ့ ညှင်းပန်းနှိပ်စက်မှုများကို အကျိုးအကြောင်းစီလျော်စွာတင်ပြနိုင်ရင် သင့်အဆိုပြုချက်ဟာ ပြည့်စုံပါတယ်။
The Mogharrabi Test

Matter of Kasinga and Pitcherskaua v.INS ကပြုပြင်ထားတဲ့ Mogharrabi test ရဲ့လေးပိုင်းလုံးကို လျှောက်ထားသူဘက်က တင်ပြနိုင်ရင် သင့်ရဲ့အကြောက်တရားဟာ မှန်ကန်ကြောင်း သက်သေပြနိုင်သွားပါပြီ။ ဒီအပိုင်းလေးပိုင်းကတော့ 1. ညှင်းပန်းနှိပ်စက်သူဟာ သင့်ကိုဘာကြောင့် အလိုရှိကြောင်း။ 2. ညှင်းပန်းနှိပ်စက်သူသည် သင့်ရဲ့အချက်အလက်များကို သိထားကြောင်း / သိနိုင်ကြောင်း။ 3. ညှင်းပန်းနှိပ်စက်သူသည် သင့်ကို ထိခိုက်စေနိုင်စွမ်းရှိကြောင်း။ 4. ညှင်းပန်းနှိပ်စက်သူသည် သင့်ကိုတိုက်ခိုက်လိုကြောင်း။
Pattern or Practice

အောက်ပါအချက်တွေကိုတင်ပြနိုင်ရင် လျှောက်ထားသူအနေနဲ့ တစ်ဦးတည်းညှင်းပန်းနှိပ်စက်ခံရနိုင်ခြေရှိတယ်လို့ ထောက်ပြစရာမလိုတော့ပါဘူး။ 1. သင်နဲ့အခြေအနေတူ/အဖွဲ့တူတဲ့သူတွေကိုညှင်းပန်းနှိပ်စက်ရာမှာတူညီတဲ့လုပ်ထုံးလုပ်နည်းရှိကြောင်းတွေ့ရခြင်း။ 2. သင်သည် ထိုအဖွဲ့ထဲတွင်ပါဝင်နေခြင်း/ ထိုအဖွဲ့ကလူတစ်ဦးဦးနှင့် ပတ်သက်မှုရှိခြင်း။




Persecution of Family Members or Close Associates

မိသားစုဝင်များ ဒါမှမဟုတ် သင်နဲ့ရင်းနှီးသူများဟာလဲ ညှင်းပန်းနှိပ်စက်မှုခံနေရတယ်ဆိုရင် သင့်အကြောက်တရားက မှန်ကန်ကြောင်း တင်ပြလို့ရပါတယ်။ ဒါပေမယ့် သင်နဲ့ ညှင်းပန်းနှိပ်စက်ခံနေရသူနဲ့မှာ တူညီတဲ့အခြေအနေတွေရှိဖို့တော့ လိုအပ်ပါမယ်။
Threats

အမည်မသိဖြစ်စေ သိ၍ဖြစ်စေ ခြိမ်းခြောက်မှုများ၊ အထူးသဖြင့် သင့်ဆီမှာ တကယ်ဖြစ်လာနိုင်တဲ့ခြိမ်းခြောက်မှုများကိုတင်ပြနိုင်ရင် သင့်အကြောက်တရားဟာ မှန်ကန်တယ်လို့ တင်ပြနိုင်ပါတယ်။ အမည်မသိခြိမ်းခြောက်မှုဖြစ်ခဲ့တယ်ဆိုရင်တော့ ဒီခြိမ်းခြောက်မှုဟာ ဘယ်သူ့ဆီကဖြစ်နိုင်တယ်ဆိုတာကို အခြေအနေအဖက်ဖက်ကနေ စဉ်းစားရပါမယ်။
Applicant Remains in Country after Threats or Harm

သင့်ဆီမှာဖြစ်ပွါးခဲ့တဲ့ကိစ္စရပ်များနဲ့ သင်နိုင်ငံကထွက်ခါတဲ့အချိန်ကြားမှာ သိသာတဲ့လစ်ဟာမှုရှိနေတယ်ဆိုရင်တော့ သင့်အကြောက်တရားဟာ မစစ်မှန်ဘူးလို့ ယူဆလို့ရပါတယ်။ သို့သော်ထွက်ခါချိန်နောက်ကျရခြင်းအကြောင်းများနဲ့အခြေအနေတွေကိုလဲထည့်သွင်းစဉ်းစားပေးရပါမယ်။
Return to Country of Persecution

သင်ဟာ လျှောက်လွှာတင်ထားပြီး ကိုယ့်နိုင်ငံကိုပြန်သွားမယ်ဆိုရင်တော့ သင့်အကြောက်တရားကို မှန်ကန်ကြောင်းသက်သေပြရာမှာ လုံးဝပယ်ချခံရတာမျိုးတော့မဟုတ်ပေမယ့် အများအားဖြင့် ထိခိုက်နိုင်ပါတယ်။ ပြန်သွားတယ်ဆိုရင်လဲ အဲ့အချိန်အတွင်း သင့်ဆီမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ ဘာလို့ပြန်ရပါတယ်ဆိုတဲ့အကြောင်းကို သေချာစီစစ်ဖို့လိုပါမယ်။
Possession of Travel Documents

ခရီးသွားမှတ်တမ်း/ passport ရှိလို့ သင့်ကိုဒုက္ခသည်အဖြစ် မသတ်မှတ်ဘူးဆိုတာမျိုး မရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့အစိုးရက သင့်ကို ထိခိုက်လိုစိတ်မရှိဘူးဆိုတာကိုတော့ သူတို့ကထောက်ပြနိုင်ပါတယ်။ သင် ဒီစာရွက်စာတမ်းတွေကို ဘယ်သူ့ဆီကရလာတယ်ဆိုတာကအစ ထည့်သွင်းစဉ်းစားရပါမယ်။
Refugee Sur Place
သင်ဟာနိုင်ငံအတွင်းလုပ်ခဲ့တဲ့ကိစ္စများကြောင့်ဖြစ်ပါစေ၊နိုင်ငံပြင်ပမှာလုပ်ခဲ့တဲ့ကိစ္စများကြောင့်ဖြစ်ပါစေဒုက္ခသည်အဖြစ်ခံယူနိုင်ပါတယ်။သင့်လုပ်ရပ်များကြောင့်နိုင်ငံအခြေအနေများပြောင်းလဲသွားလို့ နိုင်ငံပြန်ရင် အန္တရာယ်ရှိကြောင်းကိုလဲ ထောက်ပြလို့ရပါတယ်။
Internal Relocation

သင်ဟာနိုင်ငံအတွင်းလုံခြုံပြီးသင့်အပေါ်အန္တရာယ်မရှိတဲ့တစ်နေရာကိုပြောင်းရွှေ့နေထိုင်နိုင်တယ်ဆိုရင် သင့်အကြောက်တရားဟာ မှန်ကန်ကြောင်း သက်သေမပြနိုင်တော့ပါဘူး။ ဒီနေရာမှာ ညှင်းပန်းနှိပ်စက်သူဟာ အစိုးရဘက်ကအထောက်အပံ့ရထားတဲ့သူလား၊ နိုင်ငံအတွင်း သူ့အာဏာဘယ်လောက်ထိရှိသလဲနဲ့ သင် ရွေီ့ပြောင်းနေထိုင်ဖို့ မဖြစ်နိုင်တဲ့အကြောင်းအရင်းမျိုးစုံင်ု တင်ပြနိုင်ရပါမယ်။
Country of Origin Information

လျှောက်ထားသူရဲ့အကြောက်တရားဟာ မှန်ကန်ခြင်းရှိမရှိဆုံးဖြတ်ရမှာ နိုင်ငံရဲ့ လက်ရှိအခြေအနေများကိုလဲ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

Previous