USIRD Connect

၁၈။ Practical Exercises

Supplements A International and Refugee Adjudications
Supplement - Return to Country of Feared Persecution
Returns in the Iraqi Context
Response to Query
Date : May 15, 2009
Subject : Returns Guidance
Keywords : Returns, Iraq, Well-founded Fear, Objective Fear
Query : Iraq ကိုပြန်ရင် ဘယ်အတိုင်းအတာဆို ကိုယ့်အကြောက်တရားက မမှန်ကန်ဘူးလို့ မှတ်ယူလို့ရသလဲ။
Response: အကယ်၍သင်သာ သင့်ဆုံးဖြတ်ချက်နဲ့ နိုင်ငံကိုပြန်ခဲ့တယ်ဆိုရင် သင့်မှာ နိုင်ငံပြန်လိုစိတ်/ ပြန်နိုင်စွမ်းရှိတယ်ဆို ယူဆလို့ရပေမယ့် သင့်ကိုဒုက္ခသည်တစ်ယောက်အဖြစ် မသတ်မှတ်နိုင်တော့ဘူးလို့ မဆိုလိုပါဘူး။ သင်နိုင်ငံကိုပြန်သွားရတဲ့အကြောင်းနဲ့ ထိုအချိန်တိုအတွင်းမှာ သင့်ထံထိခိုက်မှုရှိခဲ့တယ် မရှိခဲ့ဘူးဆိုတာကလဲ သင့်ရဲ့အကြောက်တရားဟာ မှန်မမှန်စစ်ဆေးရာမှာ အရေးပါပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ နိုင်ငံပြန်ရခြင်းအကြောင်း၊ အချိန်ကာလာ၊ ထိုအချိန်အတွင်း သင်လုပ်ခဲ့တဲ့အရာတွေနဲ့ သင့်ထံဖြစ်ပွါးခဲ့သမျှအရာတွေကို သေချာတင်ပြနိုင်ဖို့လိုပါလိမ့်မယ်။ April 2009, UNHCR Eligibility Guidelines for Assessing the International Protection needs of Iraqi Asylum-Seekers မှာဆိုရင် “ Iraq မှာ နိုင်ငံတွင်းအခြေအနေတွေပိုမိုကောင်းမွန်လာပြီး နိုင်ငံသားများရဲ့လုံခြုံမှုလဲ ပိုမိုမြင့်မားလာတယ် “ လို့ဖွင့်ဆိုထားပါတယ်။ ဒီအခြေအနေမှာဆိုရင် လျှောက်ထားသူတွေဟာ ဘာလို့ မကြာခဏနိုင်ငံကိုပြန်ပါတယ်ဆိုတဲ့အကြောင်းအရင်းကို ရှင်းပြပေးသလိုဖြစ်သွားပါတယ်။ ဆက်လက်ပြီး UNHCR က “ သို့သော် ဒီတိုးတက်မှုကို အဖက်ဖက်ကနေကြည့်တတ်ဖို့လိုပါတယ်။ ကောင်းမွန်တဲ့တိုးတက်မှုတွေရှိနိုင်သလို မသေချာတဲ့အန္တရာယ်တွေလဲရှိနိုင်တာမလို့ပါ။ ဒါ့ကြောင့် Iraq နိုင်ငံအတွင်း ဘယ်လောက်ပဲတိုးတက်ပါစေ ကျုပ်တို့ရဲ့ Articles 1C(5) or (6) of the 1951 Convention နဲ့ မကိုက်ညီသေးပါဘူး “ လို့ပြောပါတယ်။ အတိုချုပ်အနေနဲ့ နိုင်ငံဘယ်လိုပဲတတိုးတက်လာပါစေ သူ့တို့ဆီ နိုင်ငံသားတွေ ဒုက္ခသည်အဖြစ်လျှောက်ထားစေတဲ့ အကြောင်းပြချက်တွေရှိသေးတယ်လို့ UNHCR ဘက်ကယုံကြည်တယ်ဆိုတဲ့အကြောင်းပါပဲ။ နိုင်ငံပြန်ရခြင်းအကြောင်းကိုတင်ပြတဲ့အခါမှာ အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
1. လျှောက်ထားသူဟာ အရင်တုန်းက ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရဖူးသူလား။
ဒုက္ခသည် ဆိုတဲ့ခေါင်းစဉ်အောက်ဝင်ဖို့အတွက် လျှောက်ထားသူဟာ အရင်တုန်းကညှင်းပန်းနှိပ်စက်ခံရမှု ဒါမှမဟုတ် အနာဂတ်မှာဖြစ်လာနိုင်တဲ့ ညှင်းပန်းနှိပ်စက်မှုများကို ထောက်ပြရပါမယ်။ ( နှစ်ခုလုံးထောက်ပြဖို့တော့မလိုပေမယ့် ထောက်ပြလဲရပါတယ်။ ) အကယ်၍ အရင်ကညှင်းပန်းနှိပ်စက်ခြင်းခံဖူးသူဆိုရင် ဒီအိမ်အပြန်လမ်းဟာ သင့်ရဲ့တင်ပြချက်အပေါ် ထိခိုက်မှုရှိနိုင်ကြောင်းကိုလဲ ထည့်စဉ်းစားဖို့လိုပါမယ်။ ဥပမာ လျှောက်ထားသူက အရင်တုန်းက ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ မြို့/နေရာ ကိုပြန်ချင်တယ်ဆိုပါစို့။ ဒါဆိုရင် သင့်ကိုမေးနိုင်တဲ့မေးခွန်းတွေက: သင်ပုန်းလျှိုစွာနေခဲ့တာလား၊ ပုန်းလျှိုခြင်းမရှိဘဲနေခဲ့တာလား။ အချိန်ဘယ်လောက်ကြာခဲ့လဲ။ ထိုအချိန်အတွင်း အထိအခိုက်အန္တရာယ်ပြုခံရခြင်း ရှိမရှိ။ အပေါ်ကမေးခွန်းတွေရဲ့အဖြေကိုကြည့်ပြီး သင့်ရဲ့တင်ပြချက်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ လျှောက်ထားသူက Iraq ကိုသုံးလတစ်ခါပြန်တယ်၊ ပြန်တိုင်းလဲ အဲ့မှာရှိတဲ့သင့်အလုပ်ကိုစီမံခန့်ခွဲဖို့အတွက် တစ်လစီနေတယ်ဆိုပါစို့။ ဒါပေမယ့် အရင်တုန်းက ထိုလျှောက်ထားသူက သူ့အလုပ်နေရာမှာပဲ ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရတယ်၊ ဒါ့အပြင် သူဒီအလုပ်ကိုသာဆက်လုပ်ရင် အသတ်ခံရမယ်လို့ခြိမ်းခြောက်ခြင်းခံရခဲ့တယ်လို့ ထွက်ဆိုခဲ့တယ်ဆိုရင် သင့်အဆိုပြုချက်/ သင့်အကြောက်တရားရဲ့မှန်ကန်ရဲ့လားဆိုပြီး မေးခွန်းထုတ်စရာဖြစ်သွားပါပြီ။ အကယ်၍ လျှောက်ထားသူက နိုင်ငံကိုတော့ပြန်သွားတယ်၊ ဒါပေမယ့် သင့်အဆိုပြုချက်နဲ့ပတ်သတ်တဲ့နေရာတစ်နေရာမှမသွားခဲ့ဘူးဆိုရင်တော့ သင့်အဆိုပြုချက်က မှန်ကန်နိုင်ချေရှိတယ်လို့ မှတ်ယူလို့ရပါတယ်။
2. လျှောက်ထားသူက ဘာကြောင့်ပြန်သွားရတာလဲ။
Iraq မှာရော အခြေအနေတွေကဘယ်လိုလဲ။ မိသားစု: ကိုယ့်ကလေးကို စောင့်ရှောက်ပေးထားတဲ့သူသေဆုံးသွားလို့ ကလေးကိုပြန်သွားခေါ်တာမျိုး၊ နေမကောင်းတဲ့မိဘကြောင့်ပြန်သွားတာမျိုး၊ မိသားစုကိစ္စ အရေးကြီးလို့ပြန်သွားရတာမျိုးဆို ကိစ္စကြီးကြီးမားမားမရှိနိုင်ပါဘူး။ နားလည်ပေးရပါမယ်။ ဒါပေမယ့်လည်း လျှောက်ထားသူဟာ ပြန်သွားပြီး ဘယ်မှာနေလဲ၊ ဘယ်လောက်ကြာအောင်နေခဲ့သလဲ၊ ပုန်းလျှိုနေခဲ့သလား စသဖြင့်သောကိစ္စရပ်တွေကိုတော့ မေးခွန်းထုတ်ရပါမယ်။ ငွေရေးကြေးရေးကိစ္စများ: လျှောက်ထားသူဟာ ပြန်သွားပြီ အရင်အလုပ်ဟောင်းကိုပြန်လုပ်နေတယ်ဆိုရင်တော့ ညှင်းပန်းနှိပ်စက်သူဟာ သင့်ကိုအလွယ်တကူရှာတွေ့နိုင်တာမလို့ ဒါဆိုရင်တော့ ပြဿနာကြီးသွားပါပြီ။ ဒါပေမယ့် သင့်ရဲ့အလုပ်က စိတ်ချလုံခြုံရတဲ့နေရာမှာဆိုရင်တော့ ကိစ္စမရှိပါဘူး။ လျှောက်ထားသူရဲ့အဆိုပြုချက်ကိုစီစစ်တဲ့နေရာမှာ မိသားစုရဲ ငွေကြေးအခြေအနေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါမယ်။ ပညာရေး: သင် ဒုက္ခသည်အနေနဲ့ လျှောက်ထားတဲ့နိုင်ငံမှာ သင်ဟာ ပညာဆက်သင်နိုင်လားဆိုတာကို ထည့်သွင်းစဉ်းစားရပါမယ်။ ပြန်သွားတဲ့အခါမှာလဲ ဘယ်လောက်ကြာကြာနေခဲ့လဲ၊ ဘယ်မှာနေခဲ့လဲ၊ ဟိုမှာရော သင့်တုန်းကနဲ့ ပညာရေးစနစ် အတူတူပဲလား၊ ကျောင်းက သင်ညှင်းပန်းနှိပ်စက်ခံခဲ့ရဖူးတဲ့နေရာနဲ့ နီးတဲ့နေရာမှာလား၊ ဘယ်လိုလုပ်ပြီး လုံလုံခြုံခြုံနေခဲ့ရလဲ၊ အဲ့မှာစာမေးပွဲဖြေပြီးတာနဲ့ ချက်ချင်းပြန်လာတာလား၊ အဲ့မှာရော ဘွဲ့တစ်ခုခုရခဲ့လား၊ မိသားစုဝင်တစ်ဦးဦဂက ညှင်းပန်းနှိပ်စက်ခြင်းခံဖူးသူဆိုရင် သင်က ဘယ်လိုလုပ်ပြီး အဲ့မှာစာသင်လို့ရတာလဲ၊ အဲ့မှာနေခဲ့တဲ့အချိန်တွင်းရော ထိခိုက်မှုတစ်ခုခုရှိခဲ့လား စသဖြင့် မေးခွန်းများမေးနိုင်ပါတယ်။အကယ်၍အနာဂတ်မှာညှင်းပန်းနှိပ်စက်ခံရမှာကြောက်သည့်ဘအကြောင်းပြချက်နဲ့ ဒုက္ခသည်ခံယူခွင့်တင်ထားတဲ့သူဆိုရင်တော့ နိုင်ငံကို ပိတ်ရက်အလည်သွားခြင်း၊ လုပ်ငန်းသစ်စဖို့ပြန်သွားပြီး စတဲ့အချက်တွေက သင်ရဲ့အဆိုပြုချက်ကို ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် လျှောက်ထားသူဟာ အရင်က ညှင်းပန်းနှိပ်စက်ခံခဲ့ရဖူးသူဆိုရင်တော့ ဒီအချက်တွေက သိပ်မထိခိုက်နိုင်ပါဘူး။
3. ပြန်သွားတာက ဘယ်သူလဲ။
ပြန်သွားတဲ့သူတွေက မိသားစုတင်တွေ ခေါက်တုံခေါက်ပြန် ပြန်သွားခဲ့ရင်တောင်မှ သူတို့ရဲ့ ကြောက်ရွံ့မှုကို သက်သေပြဖို့မလိုအပ်ပါဘူး။ ‌အဓိက လူဖြစ်တဲ့ လျှောက်ထားသူကသာ သက်သေပြဖို့လိုပါတယ်။ မိသားစုဝင်တွေ တိုင်းပြည်ပြန်တာက အဆင်ပြေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြန်သွားခြင်းကလဲ လျှောက်ထားသူကိုလဲ အန္တာရာယ်မရှိတော့ဘူးလို့ ထင်သွားစေနိုင်တာကိုတော့ သတိပြုရပါမယ်။
4. နိုင်ငံပြန်မှာကို ပယ်ချရခြင်းအကြောင်း ခိုင်လုံချက်။
နိုင်ငံပြန်မှာကို ပယ်ချဖို့အတွက် ခိုင်လုံတဲ့ရှင်းပြချက်ပေးနိုင်ရပါမယ်။ ဘာလို့ဆို ဒီပယ်ချချက်ကို RFR ဘက်ကနေ ပြန်လည်စီစစ်မှာဖြစ်ပြီး အကယ်၍ လျှောက်ထားသူမှာ WFF သာရှိခဲ့ရင် သူ့ကို နောက်တစ်ခါပြန်အင်တာဗျူးရမှာမလို့ပဲဖြစ်ပါတယ်။ ပြန်ရတဲ့အကြောင်းက လျှောက်ထားသူရဲ့အဆိုပြုချက်စစ်မှန်မှုကို ထိခိုက်နေတယ်ဆိုရင် ဒီအကြောင်းပြချက်နဲ့ ပယ်ချလို့ရပါတယ်။
Supplement B- Asylum Adjudications

Supplements Asylum Adjudications Supplement- Coercive Population Control
Establishing an Objective Fear Based on Violation of Coercive Population Control Policies
အကယ်၍ လျှောက်ထားသူဟာ China ရဲ့ ကလေးနှစ်ယောက်ထပ်ပိုယူရင် အပြစ်ပေးခံရမယ်ဆိုတဲ့ဥပဒေ သို့မဟုတ် အခြားသောကိစ္စများကြောင့် Asylum ခံချင်တာဆိုရင် သင့်အကြောက်တရားနဲ့ သင်ဘာကြောင့် အပြစ်ပေးခံရနိုင်တယ်ဆိုတဲ့အကြောင်းကို သင်နဲ့အခြေအနေတူတဲ့သူတွေနဲ့ ဥပမာပေးပြီးတော့ပဲဖြစ်ဖြစ် အသေးစိတ်ရှင်းပြပေးဖို့လိုအပ်ပါတယ်။ China ရဲ့အိမ်ထောင်စုဆိုင်ဟာ ဥပဒေတွေကလဲ တစ်ပြည်နယ်နဲ့တစ်ပြည်နယ် ကွာခြားတာမလို့ သင်ဟာ ဒီကိစ္စနဲ့Asylumခံတယ်ဆိုရင်သင့်ရဲ့အခြေအနေကိုအောက်ပါအချက်အလက်တွေနဲ့ကိုက်ပြီးအသေးစိတ်ဖော်ပြပေးရမယ်လို့ Matter of J-H-S- the Board ကထုတ်ပြန်ထားပါတယ်။
1. သင်နေသည့်နေရာမှ အိမ်ထောင်စုဆိုင်ရာ ဥပဒေအသေးစိတ်ကိုဖော်ပြရမည်။
2. သင်ဟာ သင့်နေရာမှ ဥပဒေစည်းကမ်းများကို ချိုးဖောက်ခဲ့ခြင်းရှိမရှိ။
3. အကယ်၍ ချိုးဖောက်ခဲ့တယ်ဆိုရင် သင့်ကိုအပြစ်ပေးနိုင်ကြောင်း သက်သေ။ Matter of J-H-S- ကဖော်ပြထားတဲ့ ဒီအချက်သုံးချက်ကိုအသုံးပြုပြီး လျှောက်ထားသူရဲ့ အကြောက်တရားဟာမှန်မမှန်ကို စီစစ်ရပါမယ်။

Previous