USIRD Connect

၁၉။ Use of Country Conditions Specific to Applicant’s Local Area of Residence

တစ်ပြည်နယ်နဲ့တစ်ပြည်နယ် စည်းကမ်းဥပဒေတွေက မတူညီတာမလို့ လျှောက်ထားသူရဲ့အဆိုပြုချက်ကို စီစစ်ရမှာ သူ့ပြည်နယ်အတွင်း အခြေအနေများနဲ့ စည်းကမ်းများကို သေချာစုံစမ်းရပါမယ်။ ဒါ့အပြင် အောက်ပါအချက်တွေကိုလဲ စုံစမ်းဖို့လိုပါမယ်။
1. ကလေးရဲ့ gender ( ကျား/မ )။
2. ကလေးတစ်ယောက်နဲ့တစ်ယောက်ကြား အချိန်ကွာခြားမှု။
3. မိဘများရဲ့ အိမ်ထောင်ရေးအခြေအနေ။
4. မိဘများဟာ အစိုးရဝန်ထမ်းများ ဟုတ်မဟုတ်။ ဥပမာ တစ်ခါတုန်းကဆိုရင် မိသားစုတစ်စုဟာ United States မှာဒုတိယကလေးကိုမွေးဖွားခဲ့ပါတယ်။ ဒါပေမယ့်သူတို့ဟာ သူတို့နိုင်ငံပြန်ရင် အပြစ်ပေးခံရမှာစိုးတာကြောင့် Asylum ခံခဲ့ပါတယ်။ ဒါပေမယ့် သေချာစုံစမ်းကြည့်တဲ့အခါ သူတို့ဟာ သူတို့နိုင်ငံရဲ့ ဘယ်ဥပဒေစည်းကမ်းနဲ့မှ မညိတာကြောင့် သူတို့ရဲ့အဆိုပြုချက်ဟာ ပယ်ချခြင်းခံခဲ့ရပါတယ်။ ( သူတို့ဟာ အစိုးရဝန်ထမ်းလဲမဟုတ်သလို၊ ပထမကလေးနဲ့ ဒုတိယကလေးကြားမှာ အချိန်ကွာခြားမှု အတော်ရှိခဲ့လို့ပါ။ ) အကယ်၍ စည်းကမ်းဥပဒေ ချိုးဖောက်ခဲ့ရင်တော့ သူတို့အမှုဟာ ဒဏ်ကြေးပေးဆောင်ရုံနဲ့ ပြီးသွားနိုင်ခဲ့ပါတယ်။

Previous