USIRD Connect

၂၁။ Asylum Adjudications Supplement- Presumption Raised by Past Persecution

General Rule

သင်ဟာ အရင်တုန်းက ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရကြောင်းကို သေချာဖော်ပြနိုင်တယ်ဆိုရင် သင့်ကို ဒုက္ခသည်တစ်ယောက်အဖြစ် သတ်မှတ်လို့ရပြီးတော့
1. အနာဂတ်တွင်လဲ တူညီတဲ့ညှင်းပန်းနှိပ်စက်ခြင်းများ ခံရနိုင်ကြောင်းကိုလဲ ထောက်ပြပေးနိုင်ပါတယ်။
2. သင့်ကိုဒုက္ခသည်အဖြစ်မသတ်မှတ်နိုင်တဲ့ အကြောင်းပြချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
i. သင့်အကြောက်တရားဟာ အခြေအနေအပြောင်းအလဲများကြောင့် ဆက်မတည်ရှိတော့ခြင်း။ ii. လျှောက်ထားသူဟာ နိုင်ငံအတွင်း လုံခြုံတဲ့တစ်နေရာကိုပြောင်းရွှေ့နေထိုင်ခြင်းဖြင့် အနာဂတ်ညှင်းပန်းနှိပ်စက်မှုများကို ရှောင်ရှားနိုင်ခြင်း စသဖြင့်ပဲဖြစ်ပါတယ်။
Explanation ( Burden Shift )

လျှောက်ထားသူဟာ အရင်တုန်းက သင့်ထံဖြစ်ပွါးခဲ့တဲ့ ညှင်းပန်းနှိပ်စက်မှုများကို သေချာတင်ပြနိုင်ရင် ( တစ်ခြားအထင်လွဲစရာကိစ္စမရှိခဲ့ရင် ) အရာရှိက သင့်ထံ အနာဂတ်မှာလဲ ဆင်တူတဲ့ညှင်းပန်းနှိပ်စက်မှုများဖြစ်လာနိုင်တယ်လို့ မှတ်ယူပါလိမ့်မယ်။ အရာရှိအနေနဲ့ တင်ပြချက်အကုန်လုံးကို သေချာစီစစ်ပြီး အခြေအနေအပြောင်းအလဲများကြောင့်လျှောက်ထားသူထံ ညှင်းပန်းနှိပ်စက်မှုများ ဆက်ရှိနိုင်မရှိနိုင်ကို စုံစမ်းစစ်ဆေးရပါမယ်။ ဒါ့အပြင် လျှောက်ထားသူဟာ နိုင်ငံအတွင်း တစ်ခြားတစ်နေရာကိုပြောင်းမယ်ဆိုကော ညှင်းပန်းနှိပ်စက်ခံရနိုင်ခြေရှိသလား ဆိုတာကိုလဲ နိုင်ငံအတွင်းအခြေအနေအရပ်ရပ်ကိုစုံစမ်းလေ့လာပြီး ဆုံးဖြတ်ချက်ချနိုင်ရပါမယ်။ နိုင်ငံတွင်းအခြေအနေဆိုတဲ့နေရာမှာတော့ နိုင်ငံရေး၊ လူသားအခွင့်အရေးအပါအဝင် လျှောက်ထားသူရဲ့လုံခြုံမှုကို ထိပါးနိုင်တဲ့အရာအားလုံးပါဝင်ပါတယ်။

Previous