USIRD Connect

၂၂။ Consideration Regarding source of Persecution

သင်လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် အရင်တုန်းညှင်းပန်းနှိပ်စက်ခံခဲ့ရမှုများကို အခြေခံပြီးတင်ထားတဲ့ အဆိုပြုချက်ဆိုရင်တော့ အနာဂတ်မှာ ထိုလုပ်ရပ်များနဲ့ပတ်သတ်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေကိုပဲ ထည့်စဉ်းစားရပါလိမ့်မယ်။ တစ်ခြားသောလုပ်ရပ်များကြောင့် ညှင်းပန်းနှိပ်စက်ခံရမှာကြောက်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားပေးမှာမဟုတ်ပါဘူး။ Matter of A-T- မှာ Attorney General ရဲ့ ဖြေရှင်းချက်အရဆိုရင် လျှောက်ထားသူဟာ အရင်တုန်းကလုပ်ခဲ့တဲ့လုပ်ရပ်ကြောင့် ညှင်းပန်းနှိပ်စက်ခံခဲ့ရသလို အနာဂတ်မှာလဲ ထိုလုပ်ရပ်ကြောင့်ပဲ ထပ်နှိပ်စက်ခံရမှာကြောက်တယ်ဆိုရင် ထိုသူဟာ အကာအကွယ်ရနိုင်ပါတယ်။ သင်ဟာ အနာဂတ်မှာလဲ တစ်ပုံစံတည်းပဲ အနှိပ်စက်ခံရမှဖြစ်မယ်လို့မဆိုလိုဘဲ အနှိပ်စက်ခံရနိုင်တဲ့ အကြောင်းပြချက်ဟာ တူညီတယ်ဆိုတာကို ထောက်ပြနိုင်ဖို့ပဲလိုပါတယ်။ အကယ်၍ သင့်နိုင်ငံအတွင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ အပြောင်းအလဲရှိတယ်ဆိုလဲ ဒီအကြောင်းကြောင့် သင်အဆိုပြုချက်ကို ထိခိုက်မှာတော့မဟုတ်ပါဘူး။ ထိခိုက်မယ်ဆိုရင်လဲ အခြေအနေတစ်ချို့နဲ့ကိုက်ညီမှ ထိခိုက်ပါလိမ့်မယ်။ ဒါကိုတော့ အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Previous