၂၃။ Fundamental Changes Must Affect Applicant’s Situation

သင့်နိုင်ငံအုပ်ချုပ်ရေးအပိုင်း ( ဥပဒေ၊ ခေါင်းဆောင် ) ပြောင်းလဲသွားပါတယ်ဆိုတာကို ယေဘုယျအားဖြင့််ဟုတ်ဘဲ သင့်နိုင်ငံတွင်းအခြေအနေပြောင်းလဲမှုများ၊ သင့်ကိုယ်ရေးကိုယ်တာအရ အပြောင်းအလဲများကြောင့် သင်ဟာ ဒီထက်ပိုအန္တရာယ်ရှိနိုင်ပါတယ်၊ ဒါ့ကြောင့်လဲ Asylum ခံမည့်နိုင်ငံထံမှ အကာအကွယ်လိုအပ်ပါတယ်ဆိုတာကို သေချာတင်ပြနိုင်ရပါမယ်လို့ BIA ဘက်က ရှင်းပြထားပါတယ်။ ဥပမာ သင့်ကိုညှင်းပန်းနှိပ်စက်တဲ့အဖွဲ့က ခေါင်းဆောင်ဟာ အာဏာကပယ်ချခံရလဲ ခေါင်းတောင်အသစ်က သင့်ကိုမုန်းတီးသေးနိုင်တာကြောင့် သင့်ဆီမှာအန္တရာယ်ရှိလာနိုင်ပါသေးတယ်လို့ ဖော်ပြလို့ရပါတယ်။အုပ်ချုပ်ရေးပိုင်းမှာဘယ်လိုအပြောင်းအလဲတွေပဲဖြစ်သွားပါစေသင့်ထံဖြစ်လာနိုင်တဲ့ အန္တရာယ်နဲ့ သင့်အကြောက်တရားဟာ စစ်မှန်ကြောင်း သေချာတင်ပြတတ်ရပါမယ်။

Previous