USIRD Connect

၄။ Introduction

ဤသင်ခန်းစာမှာ asylum သို့မဟုတ် refugee status အတွက်အရည်အချင်းပြည့်မှီခြင်းအကြောင်းသင်ခန်းစာစီးရီးများထဲမှတစ်ခုဖြစ်သည်။ ဤသင်ခန်းစာတွင် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် past persecution အတွက်အရည်အချင်းပြည့်မှီခြင်း တို့ကိုခြုံငုံတင်ပြမည်ဖြစ်သည်။

RAIO ၏အခြားသောလေ့ကျင့်ရေးသင်ခန်းစာများတွင် asylum နှင့် refugee အတွက်အရည်အချင်းပြည့်မှီခြင်းအကြောင်းကို အောက်ပါအချက်များနှင့်ဆွေးနွေးထားသည်။

Refugee အဓိပ္ပာယ်သတ်မှတ်ချက်၏ အခြေခံအစိတ်အပိုင်းများ (Refugee Definition)
အနာဂတ်တွင် ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေအား ကြောက်ရွံ့ခြင်းအပေါ်အခြေခံသော အရည်အချင်းသတ်မှတ်ချက် (Well-Founded Fear)
ညှဉ်းပန်းနှိပ်စက်သူ၏ စေ့ဆော်မှုနှင့် refugee အဓိပ္ပာယ်သတ်မှတ်ချက်ထဲတွင်ပါသော protected grounds (၅) ခု (Nexus and the Five Protected Grounds; Nexus: Particular Social Group by)
သက်သေအထောက်အထားပြရန်လိုအပ်ခြင်း (Evidence)
လုပ်ပိုင်ခွင့်၏ အခန်းဂဏ္ဍ (Discretion)
Protected ground အရ အခြားသူများ၏ညှဉ်းပန်းနှိပ်စက်ခံရမှုတွင်ပါဝင်ခြင်း (Analyzing the Persecutor Bar)
Third country သို့ ဝင်ရောက်ခြင်းနှင့် အခြေချနေထိုင်ခွင့် (permanent status) (Firm Resettlement)

ထို့အပြင် Asylum စီရင်ဆုံးဖြတ်ရာတွင် Asylum ကိုငြင်းပယ်ရန် ပြဌာန်းထားသော အကြောင်းပြချက်များကို Asylum Lesson Plan တစ်ခုမှဆွေးနွေးထားသည်။ Overseas refugee အတွက်စီရင် ဆုံးဖြတ်ရာတွင် လျှောက်ထားသူတစ်ဦးသည် အမေရိကန်ပြည်ထောင်စုအတွင်းသို့လက်မခံနိုင်သောအကြောင်းအရာများနှင့် waiver များရရှိနိုင်ခြင်းကို RAIO Training module, Grounds of Inadmissibility တွင်ဆွေးနွေးထားသည်။ RAD Access module သည် U.S. Refugee Admissions Program သို့ဝင်ရောက်ရန် ရရှိနိုင်သော နည်းလမ်းများကို ဆွေးနွေးသည်။

Previous