USIRD Connect

၅။ PAST PERSECUTION

လျှောက်ထားသူသည် အတိတ်တွင်ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံခဲ့ရခြင်း (past persecution) သို့မဟုတ် အနာဂတ်တွင်ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေအားကြောက်ရွံ့ခြင်း(a well-founded fear of future persecution) အပေါ်အခြေခံပြီး refugee ဖြစ်ပါသည်ဟု သက်သေထူနိုင်သည်။

USCIS ၏ Asylum ကိူခွင့်ပြုရန် အခွင့်အာဏာ ကိုအကောင်အထည်ဖော်သည့်စည်းမျဉ်းများသည် ယေဘုယျအားဖြင့် a well-founded fear of future persecution လိုအပ်သည်။ လျှောက်ထားသူသည် past persecution ကိုသက်သေထူခဲ့လျှင် ပြန်လည်ခြေပခွင့်ရှိသည့် အနာဂတ်တွင်ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေအားကြောက်ရွံ့နိုင်သည် (a well-founded fear of future persecution) ဟူသော ယူဆချက်ပေါ်ပေါက်လာမည်ဖြစ်သည်။ ကြီးမားသောအပြောင်းအလဲတစ်စုံတစ်ရာကြောင့်လျှောက်ထားသူသည် အနာဂတ်တွင်ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေမရှိတော့ခြင်း သို့မဟုတ် သူ/သူမ၏နိုင်ငံတွင်းတွင်နေရာပြောင်းရွှေ့နေထိုင်ခြင်းဖြင့် အနာဂတ်တွင်ညှဉ်းပန်းနှိပ်စက်ခံရခြင်းအန္တရာယ်မှ ရှောင်လွှဲနိုင်လောက်မည် က်ို officer မှသက်သေထူနိုင်ခြင်းမရှိသရွေ့ well-founded fear သည်အခြေတည်နေမည်ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်သူသည် အစိုးရ သို့မဟုတ် အစိုးရအထောက်အပံ့ရထားသူဖြစ်ခဲ့လျှင်သော်လည်းကောင််း၊ လျှောက်ထားသူသည်
အတိတ်တွင်ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံခဲ့ရခြင်း ရှိလျှင်သော်လည်းကောင်း နိုင်ငံတွင်းနေရာပြောင်းရွှေ့နေထိုင်ခြင်းမှာ မလျှော်ညီဟု ခြေပနိုင်သည်။ ဤသည်မှာ မည်သည့်အခြေအနေတွင်မဆို နေရာပြောင်းရွှေ့နေထိုင်ခြင်း သည်လျှောက်ထားသူအတွက်သင့်လျှော်သည် ဟုသက်သေထူထားသည့် အခြေအနေမှလွဲ၍ဖြစ်သည်။ အတိတ်တွင်ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံခဲ့ရခြင်း (past persecution) ရှိပြီး အနာဂတ်တွင်ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေအားကြောက်ရွံ့ခြင်း (a well-founded fear of future persecution) မရှိတော့သော်လည်း past persecution ကြောင့် နိုင်ငံသို့မပြန်နိုင်ခြင်း သို့မဟုတ် ပြန်လိုစိတ် မရှိတော့ခြင်းကြောင့်သော်လည်းကောင်း၊ ပြန်လျှင်အခြားသောပြင်းထန်သည့် အန္တရာယ်ကြုံတွေ့နိုင်ခြေရှိသောကြောင့် သော်လည်းကောင်း Asylum အောင်နိုင်ခြေရှိသေးသည်။
Overseas refugee process အတွက်ပြဌာန်းချက် တွင်မူ past persecution နှင့်ပတ်သက်သည့် ဤကဲ့သို့သော စည်းမျဉ်းစည်းကမ်းမရှိပေ။ ထိုကဲ့သို့သော စည်းမျဉ်းစည်းကမ်းမရှိသည့်အတွက် INA § 101(a)(42) တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည့် refugee ၏တိုက်ရိုက်ဘာသာပြန်အတိုင်း ဆံုးဖြတ်သည်။ လျှောက်ထားသူ သည် သူ/သူမ၏အတိတ်တွင် အန္တရာယ်ပြုခံခဲ့ရသည်မှာ ညှဉ်းပန်းနှိပ်စက်ခံရသည့် အခြေအနေနှင့် ညီမျှသွားပါက ထို past persecution တစ်ခုတည်းနှင့် လျှောက်ထားသူသည် လျှောက်ထားရန်အရည်အချင်းပြည့်မှီသည်ဟု သက်သေထူနိုင်သည်။ ပြန်လည်ခြေပခြင်း မဖြစ်ပေါ်လာသလို လိုလည်းမလိုအပ်ပေ။ မည်သို့ပင်ဆိုစေ past persecution ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ policy အရ officer မှ လျှောက်ထားသူတွင် အနာဂတ်တွင်ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေအားကြောက်ရွံ့ခြင်း (a well-founded fear of future persecution) ရှိမရှိကို စစ်ဆေးမည်သာဖြစ်သည်။
တစ်ဖက်တွင်မူ UN refugee definition သည် past persecution ထက် well-founded fear ကိုပဓာနထားသည်။ သို့သော် cessation clauses of the 1951 Convention ကမူ fear of future persecution (အနာဂတ်တွင်ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေအားကြောက်ရွံ့ခြင်း) မရှိတော့သော refugee တစ်ယောက် သည် past persecution (အတိတ်တွင်ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံခဲ့ရခြင်း) ကြောင့် ဖြစ်ပေါ်လာသည့် ရှောင်လွှဲမရသော အကြောင်းပြချက်များရှိနိုင်သောကြောင့် အကာအကွယ်ပေးခြင်းခံရသင့်သည် ဟုဆိုထားသည်။ ဤတွင် “The cessation clauses of the 1951 Convention” အား refugee အဖြစ်မှရုတ်သိမ်းနိုင်သောအခြေအနေများကိုပြဌာန်းထားသောအညွှန်းဟု အကြမ်းဖျင်းမှတ်ယူနိုင်သည်။

Previous