USIRD Connect

၆။ PERSECUTION

General Elements
Severity of Harm
Persecution ဟုသက်သေထူရန် လျှောက်ထားသူသည် ယင်းကြုံတွေ့ခဲ့ရသော အန္တရာယ် (harm) သို့မဟုတ် ကြောက့်ရွံ့ခြင်းမှာ persecution ဟုသတ်မှတ်နိုင်လောက်သည်အထိပြင်းထန်ရမည်။ “Persecution” ဟုခေါ်ဆိုနိုင်ရန် လျှောက်ထားသူကြုံတွေ့ခဲ့ရသော အန္တရာယ် သို့မဟုတ် ကြောက့်ရွံ့ခြင်း၏ ပြင်းထန်မှုကို ဦးစွာသတ်မှတ်ရန်လိုအပ်သည်။
Motivation
လျှောက်ထားသူသည် ညှဉ်းပန်းနှိပ်စက်သူ၏ အန္တရာယ်ပြုရန်လှုံ့ဆော်မှု (motivation) မှာ လျှောက်ထားသူ၏ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ လူမှုရေးအဖွဲ့အစည်း သို့မဟုတ် နိုင်ငံရေးထင်မြင်ချက် တစ်ခုတွင်ပါဝင်နေခြင်းတို့ကြောင့် ဖြစ်သည်ဟူသည်ကိုလည်း သက်သေပြရမည်။ Motivation အတွက်သက်သေပြခြင်းအကြောင်းကို RAIO Training module, Nexus and the Five Protected Grounds တွင်အသေးစိတ်ဆွေးးနွေးထားသည်။ သင်၏ဆုံးဖြတ်ချက် ကိုအပြတ်သားနိုင်ဆုံးဖြစ်အောင် motivation အားခွဲခြမ်းစိတ်ဖြာသည်နှင့် harm သည် persecution အဆင့်ထိတိုင်ရောက်သည်မရောက်သည်အားအကဲဖြတ်ခြင်းကို ခွဲခြားထားသင့်သည်။
Persecutor
လျှောက်ထားသူသည် ယင်းအား အန္တရာယ်ပြုခဲ့သော သို့မဟုတ် ခြိမ်းခြောက်နေသော သူမှာ အစိုးရ၏ကိုယ်စားလှယ် သို့မဟုတ် အစိုးရမှမထိန်းချုပ်နိုင်သော သို့မဟုတ် အစိုးရမှထိန်းချုပ်လိုသောဆန္ဒမရှိသောသူ ဖြစ်သည် ဟုသက်သေပြနိုင်ရမည်။
Location
နိုင်ငံသားဖြစ်သည့်နိုင်ငံ သို့မဟုတ် နောက်ဆုံးအခြေချနေထိုင်ခဲ့သည့်နိုင်ငံတွင်းတွင် ကြုံတွေ့ခဲ့ရသောအန္တရာယ်သည်သာ လျှောက်ထားခွင့်ရှိမရှိ(eligibility)အတွက် past persecution အပေါ်တွေ့ရှိချက်အဖြစ် မှတ်ယူနိုင်သည်။ အမေရိကန်နိုင်ငံ သို့မဟုတ် တတိယနိုင်ငံ (third country) တွင်ကြုံတွေ့ခဲ့ရလျှင်မူ ညှဉ်းပန်းနှိပ်စက်သူနှင့် လျှောက်ထားသူ၏မူလနိုင်ငံကြား ဆက်စပ်မှုကိုဖော်ပြနိုင်လျှင် ၄င်းအား well-founded fear ၏သက်သေအဖြစ်ယူဆလို့ရသည်။
Example
လျှောက်ထားသူသည် USA တွင်နေထိုင်စဉ်တွင်း အိမ်တွင်းအကြမ်းဖက်မှု၏ တရားခံဖြစ်သည်ဟု သက်သေခံထားသည်။ လျှောက်ထားသူသည် ၎င်း၏အိမ်ထောင်ဖက်ကို တိုင်ကြားထားသောကြောင့် ယင်းအိမ်ထောင်ဖက် မူလနိုင်ငံသို့ပြန်သွားရသောအခါလျှောက်ထားသူသည် ၎င်း၏အိမ်ထောင်ဖက်နှင့်တစ်နိုင်ငံတည်းပြန်ရပါကရှိလာနိုင်မည့် အန္တရာယ်ကိုပါအဆိုတင်သွင်းထားသည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် လျှောက်ထားသူသည် past persecution ရှိခဲ့သည်ဟု မဆိုနိုင်သော်လည်း USA တွင် ကြုံတွေ့ခဲ့ရသောအကြမ်းဖက်မှုကို well-founded fear အတွက် ဆန်းစစ်ရာတွင် သက်သေအဖြစ်စဉ်းစားနိုင်သည်။

Previous