USIRD Connect

၇။ Whether the Harm Amounts to Persecution

Board of Immigration Appeals (BIA) Decisions
မကြာခဏ ကိုးကားလေ့ရှိသော BIA၏ ဆုံးဖြတ်ချက်တွင်မူ BIA သည် persecution အား persecutor (နှိပ်စက်သူ) မှ ပုဂ္ဂိုလ်တစ်ဦး၏ယံုကြည်ချက် (သို့) ပင်ကိုယ်လက္ခဏာကြောင့် ထိုပုဂ္ဂိုလ်အပေါ်တွင်ကျူးလွန်သော အန္တရာယ် (သို့) နှိပ်စက်မှု ဟုအဓိပ္ပာယ်သတ်မှတ်သည်။
ဤအဓိပ္ပာယ်သတ်မှတ်ချက်ကို BIA မှ နောက်ပိုင်းတွင် harm အား persecution အဖြစ်သတ်မှတ်ရန်မှာ ပြစ်ဒဏ်ခတ်လိုသော (သို့) သေစေလိုသော ရည်ရွယ်ချက် မလိုအပ်ဟု အတိအကျပြင်ဆင်သတ်မှတ်လိုက်သည်။ Persecutor မှ ဖိနှိပ်ခြင်းခံရသူအား အန္တရာယ်ပြုလိုသော ဆန္ဒရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ဖိနှိပ်ခြင်းခံရသူ၏ ပင်ကိုယ်လက္ခဏာကြောင့် နှိပ်စက်ခြင်းဖြစ်ပါက persecution ဟု သတ်မှတ်နိုင်သည်ဟု BIA မှကောက်ချက်ချသည်။

“Persecution” ဟူသော ဝေါဟာရသည် persecution အဆင့်သို့ရောက်သွားသည့် မည်ကဲ့သို့သောကိုယ်ထိလက်ရောက်အန္တရာယ်ပြုခြင်း (သို့) ကိုယ်ထိလက်ရောက်အန္တရာယ်ပြုခြင်းရန်မဆို အကြုံးဝင်သည်။ ကိုယ်ထိလက်ရောက်မဟုတ်သော အန္တရာယ်ဆိုသည်မှာ တမင်တကာလိမ်ညာခြင်းကြောင့် စီးပွါးရေးအရ ပြင်းထန်စွာအကျိုးယုတ်ခြင်း (သို့) လွတ်လပ်မှု၊ အစားအသောက်၊ နေရာထိုင်ခင်း၊ အလုပ်အကိုင် နှင့် အခြားသောမဖြစ်မနေလိုအပ်ချက်များ မရှိခြင်းတို့ပါဝင်သည်။

Previous