USIRD Connect

၉။ Federal Court Decisions

Persecution တွင်ကိုယ်ထိလက်ရောက်အန္တရာယ်ပြုခြင်း ထက်ပို၍ပါဝင်သည်။ Persecution သည် အသက်(သို့) လွတ်လပ်ခွင့်က်ု ခြိမ်းခြောက်ခြင်းထက် ပိုမိုကျယ်ပြန့်သော အယူအဆ ဖြစ်သည်ဟု နိုင်ငံတော်တရားရုံးချုပ်(Supreme Court) မှဆိုသည်။
U.S. Court of Appeals for the Ninth Circuit မှ persecution အား persecutor မှ ၄င်းလက်မခံနိုင်သော ခြားနားချက်ရှိနေသည့် အုပ်စုများ (သို့) လူတစ်ဦးချင်း အပေါ် ထိခိုက်နစ်နာစေခြင်း (သို့) အန္တရာယ်ပြုခြင်း ဟု သတ်မှတ်သည်။ ထိုကဲ့သို့သော အန္တရာယ်ပြုမှုမျိုးတွင် စီးပွါးရေးအရ ပြင်းထန်စွာအကျိုးယုတ်ခြင်းမျိုး ပါဝင်နိုင်သည်။

ထိုနည်းတူစွာ Seventh Circuit မှ persecution အား ဤနိုင်ငံတွင် တရားဝင်အဖြစ် အသိအမှတ်မပြုသော နိုင်ငံရေး၊ ဘာသာရေး (သို့) အခြားသော အကြောင်းပြချက်များကြောင့် ကျူးလွန်သော အန္တရာယ် ဟုဖော်ပြသည်။ “Persecution” ဟူသောဝေါဟာရတွင် အသက်(သို့) လွတ်လပ်ခွင့်က်ု ခြိမ်းခြောက်ခြင်းမျှ မပြင်းထန်သော လုပ်ဆောင်ချက်များပါဝင်သည်။ အသက်အန္တရာယ်မထိခိုက်စေသော အကြမ်းဖက်မှု နှင့် ကိုယ်ထိလက်ရောက်အကြမ်းဖက်မှု တို့သည်လည်း persecution ၏ အဓိပ္ပာယ်သတ်မှတ်တွင်ပါဝင်သည်။ သို့သော် persecution နှင့်ညီမျှရန်ကျူးလွန်မှုသည် နှောင့်ယှက်ခြင်း (harassment) အဆင့်ထက်တော့ကျော်လွန်ရမည်ဖြစ်သည်။ မကြာသေးမှီကပင် Seventh Circuit မှ BIA အား လျှောက်ထားသူတစ်ဦး ကြုံတွေ့နိုင်သည့်ဖိနှိပ်သောအပြုအမူ သုံးမျိုးဖြစ်သည့် discrimination (ခွဲခြားဆက်ဆံခြင်း)၊ harassment(နှောင့်ယှက်ခြင်း) နှင့် persecution (ညှင်းပန်းနှိပ်စက်ခြင်း) တို့ကို မခွဲခြားနိုင်ခြင်းကြောင့် ပြစ်တင်ထောက်ပြထားသည်။ အဓိပ္ပာယ်သတ်မှတ်ချက်မရှိသော အခြေအနေမျိုးအတွက် တရားရုံးမှအောက်ပါ အဓိပ္ပာယ်သတ်မှတ်ချက်များကို တရားရုံးမှ ထုတ်ပေးထားသည်။
Discrimination (ခွဲခြားဆက်ဆံခြင်း) ဆိုသည်မှာ မညီမမျှဆက်ဆံခြင်း ကိုညွှန်းဆိုပြီး အိန္ဒိယ၏ ဇာတ်စနစ်နှင့် တောင်အမေရိက၏ Jim Crow laws တို့ဖြင််သရုပ်ဖော်နိုင်သည်။
Harassment တွင်မူ အုပ်စုတစ်ခုအား ဦးတည်သည့် သိသာထင်ရှားသော ကိုယ်ထိလက်ရောက်မပါသည့် ဆိုးရွားသောကျူးလွန်မှု ပါဝင်သည်။
Persecution သည် လူတစ်ဦး၏ ခန္ဓာကိုယ်အပေါ် ကာယအားအသံုးပြုခြင်း (သို့) ကိုယ်ထိလက်ရောက်တိုက်ရိုက်ကျူးလွန်ခြင်းမရှိသော်လည်း ၄င်းနှင့်ညီမျှသော ကျူးလွန်မှု (သာဓကအားဖြင့် ပုဂ္ဂိုလ်တစ်ဦးအား ထောင်ထဲတွင်အစာငတ်အကျဉ်းချထားခြင်း) ၊ (သို့) ပုဂ္ဂိုလ်တစ်ဦးအား ၄င့်ယုံကြည်ရာဘာသာရေး၏ကျင့်စဉ်များကိုပြုလုပ်ခွင့်မပြုခြင်း (သို့) ပုဂ္ဂိုလ်တစ်ဦးအား သေနတ်ဖြင့်ခေါင်းတွင်ချိန်ခြင်း ကဲ့သို့သော ကိုယ်ထိလက်ရောက်မပါသည့် ကျူးလွန်မှုများလည်း ပါဝင်သည်။
တရားရုံးမှ ဆက်လက်ပြီး harassment နှင့် persecution ၏ခြားနားချက်ကို သာမန်စိတ်အနှောင့်အယှက်ဖြစ်စေခြင်းနှင့် အမှန်တကယ်ရက်စက်ကြမ်းကြုတ်ခြင်းအဖြစ်ဖော်ပြထားသည်။ ဆိုလိုသည်မှာအခြားနိုင်ငံတွင်နေထိုင်ရန်သာဆန္ဒပြင်းပြပြီး ခိုလှုံခွင့်အတွက်မကြိမ်းသေပဲ ထွက်ပြေးလာခြင်းဖြစ်သည်။
The First Circuit မှ persecution အား မနှစ်မြို့ဖွယ်ကောင်းခြင်း (unpleasantness)၊ နှောင့်ယှက်ခြင်း (harassment) နှင့် သာမန်မျှ ဒုက္ခရောက်ခြင်း တို့ထက်ကျော်လွန်သော အတွေ့အကြုံဟု ဖော်ပြသည်။ ညှင်းပန်းနှိပ်စက်ခြင်း (persecution) ခံခဲ့ရသည်ဟု ဆိုရန် ပြင်းထန်သောဒဏ်ရာ ရခဲ့ဖူးရန်မလိုအပ်ပေ။ သို့သော် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း ရှိခြင်းမရှိခြင်းသည် လျှောက်ထားသူကြုံတွေ့ရသော အန္တရာယ်မှာ persecution အဆင့်သို့ ရောက်မရောက်အားဆုံးဖြတ်ရာတွင် အကြုံးဝင်သည်။ လျှောက်ထားသူသည် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း မခံခဲ့ရသော်လည်း ပြင်းထန်သောခြိမ်းခြောက်မှုရှိပါက persecution အဖြစ်သတ်မှတ်သည်။ တစ်ချို့သောအခြေအနေများတွင် ပြတ်ပြတ်သားသားမရှိသော်လည်း ခြိမ်းခြောက်မှုတစ်ခုသည် persecution အဖြစ်ချက်ခြင်းကူးပြောင်းသွားနိုင်သည်။
ခြိမ်းခြောက်မှုတစ်ခုသည် persecution ဟုသတ်မှတ်နိုင်သည် အထိ ပြင်းထန်ခြင်းရှိမရှိကို အကဲဖြတ်နိုင်ရန် အောက်ပါ ကိစ္စရပ်များကိုကြည့်ပါ။
Persecutor မှ ခြိမ်းခြောက်မှုအား အထမြောက််စေရန်ကြိုးစားခဲ့သလား။
ခြိမ်းခြောက်မှု၏ပင်ကိုယ်သဘာဝကပင် ပြင်းထန်နေသလား။
Persecutor မှ လျှောက်ထားသူအား အန္တရာယ်ပြုခဲ့ (သို့) အန္တရာယ်ပြုရန်ကြိုးစားခဲ့သလား။
Persecutor သည် လျှောက်ထားသူ၏ မိသားစုအား တိုက်ခိုက်၊ နှောင့်ယှက်၊ (သို့) ခြိမ်းခြောက်ခဲ့လား။
Persecutor သည် လျှောက်ထားသူနှင့် အခြေအနေတူသော အခြားသူများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပါသလား။
လျှောက်ထားသူသည် ခြိမ်းခြောက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုခံစားခဲ့ရပါသလား။

Federal courts နှင့်တကွ BIA မှ အန္တရာယ်ပြုမှု တစ်ခုချင်းဆီ မှာ စုစုပေါင်း
လျှောက်ထားသူသည် ညှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရခြင်း (သို့) ညှင်းပန်းနှိပ်စက်ခြင်း ကို ကြောက်ရွံ့ခြင်း ရှိမရှိိ ကို ဆုံးဖြတ်နိုင်ရန် လျှောက်ထားသူကြုံတွေ့ခဲ့ရသော အန္တရာယ်ဟူသမျှကို အကဲဖြတ်သင့်သည်။

Previous