USIRD Connect

၁၁။ General Considerations

Individual Circumstances
အန္တရာယ်ပြုခံခဲ့ရခြင်း (သို့) အန္တရာယ်ကို ကြောက်ရွံ့ခဲ့ရခြင်းသည် persecution အဆင့်သို့ ရောက်သည်မရောက်သည်ကို ဆုံးဖြတ်ရန် case တစ်ခုချင်း၏အခြေအနေနှင့် လျှောက်ထားသူ၏ စိတ်ခံစားမှု၊ ထင်မြင်ချက်၊ အသက်၊ နှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာလက္ခဏာများကို ထည့်သွင်းစဉ်းစားရန်အရေးကြီးသည်။ သာဓကအားဖြင့် လူတစ်ဦးတွင် ပြင်းထန်သည့် နိုင်ငံရေး (သို့) ဘာသာရေး ခံယူချက်များ ရှိပြီး ထိုခံယူချက်များအားပိတ်ပင်တားဆီးခြင်းသည် ထိုသူအားပြင်းထန်စွာ ခံစားရစေသော်လည်း တစ်ခြားသူတစ်ဦးတွင်မူထိုကဲ့သို့သော ပြင်းထန်သည့် ခံစားချက်များမရှိသည်မျိုး ဖြစ်နိုင်သည်။

Age
အန္တရာယ်ကျူးလွန်မှု (harm) သည် persecution အဆင့်သို့ ရောက်သည်မရောက်သည်ကို အကဲဖြတ်ရာတွင် အသက် (age) သည်ထည့်သွင်းစဉ်းစားသင့်သော အချက်တစ်ခုဖြစ်ပါက အန္တရာယ်ဖြစ်ပွါးခဲ့သည့်အချိန်တွင် ရှိခဲ့သော လျှောက်ထားသူ၏အသက်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ ဥပမာ အခြေအနေတစ်ခုတည်း၏ ကလေးငယ်တစ်ဦး(သို့) သက်ကြီးရွယ်အိုတစ်ဦးပေါ်တွင်အကျိုးသက်ရောက်မှုသည်် အခြားသူများအပေါ်တွင် အကျိုးသက်ရောက်မှုထက်ပို၍ပြင်းထန်နိုင်သည်။ အန္တရာယ်ကျူးလွန်မှုတစ်ခုသည် အရွယ်ရောက်ပြီးသူတစ်ဦးအတွက် persecution အဆင့်ထိမဖြစ်နိုင်သော်လည်း ကလေးငယ်တစ်ဦးအတွက်မူ persecution ဖြစ်နေနိုင်သည်။ ကလေးငယ်တစ်ဦးခံစားခဲ့ရသော အန္တရာယ်သည် persecution အဆင့်သို့ ရောက်သည်မရောက်သည်ကို စဉ်းစားဆုံးဖြတ်ရာတွင် ကလေးငယ်၏ အသက်နှင့် သူ၏မိသားစုနှင့် ပတ်ဝန်းကျင်အပေါ်မှီခိုမှုတို့ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။
No Set Number of Incidents Required
Persecution ဖြစ်တည်ရန် ကျုးလွန်မှု အနည်းဆုံးမည်မျှရှိရမည်ဟု သတ်မှတ်ထားခြင်းမရှိပေ။ ပြင်းထန်သောဖြစ်ရပ် သို့ ခြိမ်းခြောက်မှု တစ်ခုတည်းသည် persecution ကိုဖြစ်တည်စေနိုင်သလို ထိုကဲ့သို့သော ဖြစ်ရပ်များစွာပေိါင်းပြီး လည်း persecution ဖြစ်တည်နိုင်သည်။

Previous