USIRD Connect

၁၂။ Human Rights Violations

နိုင်ငံတကာဥပဒေအရ တားမြစ်ထားသော အခြေခံကျသည့် လူ့အခွင့်အရေးများအား ချိုးဖောက်ထားသော ကျူးလွန်မှုသည် persecution နှင့်ညီမျှနိုင်သည်။ ထိုအခွင့်အရေးများမှာ
arbitrary deprivation of life
လူမျိုးတုံးသတ်ဖြတ်မှု
ကျွန်စနစ်
ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် အခြားသောရက်စက်မှု၊ လူသားမဆန်သော (သို့) ယုတ်ညံ့သော လုပ်ရပ်
အသိပေးခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ ချုပ်နှောင်ခြင်းနှင့် ချုပ်နှောင်ခြင်းကိုငြင်းဆန်ရန် အခွင့်အရေးမရှိခြင်း
မုဒိန်းမှု နှင့် အခြားသော လိင်အကြမ်းဖက်မှုများ

ညှဉ်းပန်းနှိပ်စက်မှု (Torture) သည်ပုံစံမျိုးစုံနှင့်ဖြစ်နိုင်သည်။ ရိုက်နှက်ခြင်း၊ ကန်ကြောက်ခြင်းကြောင့် ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာနာကျင်မှု (သို့) တုတ်၊ ဓား၊ စီးကရက် သို့မဟုတ် electric shock ရိုက်သောသတ္တုပစ္စည်းများ အသုံးပြုပြီးနှိပ်စက်ခြင်းကြောင့်ရသော ဒဏ်ရာများပါဝင်သည်။ တမင်တကာ ရည်ရွယ်ချက်ဖြင့် စိတ်ပိုင်းဆိုင်ရာဒုက္ခရောက်အောင်နှိပ်စက်ခြင်းလည်း Torture တွင်ပါဝင်သည်။ Torture သည် အမြဲတစေ persecution အဆင့်သို့ရောက်ရှိမည်ဖြစ်သည်။ သို့သော် asylum (သို့) refugee status အတွက်တွင်မူ torture သည် အကာအကွယ်ပေးထားသည့် အကြောင်းရင်းငါးခုအနက်မှ တစ်ခုကြောင့် ဖြစ်ရမည်။ Convention against Torture protection သည် လူဝင်မှုကြီးကြပ်ရေး တရားရုံးမှ ဖယ်ရှားရေး လုပ်ငန်းစဉ်များ (immigration court removal proceedings) တွင်ရရှိနိုင်သည်။ Asylum Lesson Plans on Credible Fear and Reasonable Fear တွင်ကြည့်ရှုပါ။
အခြားသော အခြေခံအခွင့်အရေးများဖြစ်သည့် ဥပဒေအရလူတစ်ဦးအဖြစ် အသိအမှတ်ပြုခံရခွင့်၊ လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်၊ ကိုးကွယ်ယုံကြည်ခွင့် တို့အားလည်း နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေ (customary international law) ဖြင့် အကာအကွယ်ပေးထားသည်။
Examples
အတင်းအကြပ်ကိုယ်ဝန်ဖျက်ချခြင်း သို့မဟုတ် သားကြောဖြတ်ခြင်း မှတစ်ဆင့် နိုင်ထက်စီးနင်းပြုသောသားဆက်ခြားစီမံကိန်းမူဝါဒကိုကျင့်သုံးခြင်းသည် အခြေခံလူ့အခွင့်အရေးကိုချိုးဖောက်ခြင်းဖြစ်သည်ဟု BIA မှ တွေ့ရှိခဲ့သည်။ အဓမ္မကိုယ်ဝန်ဖျက်ချခြင်း သို့မဟုတ် သားကြောဖြတ်ခြင်းသည် မျိုးပွါးမှုဆိုင်ရာအခွင့်အရေးနှင့်ပတ်သက်သော တစ်ဦးချင်း သို့မဟုတ် ပေါင်းစပ်ဆုံးဖြတ်ချက်များချပိုင်ခွင့်ကို ဆုံးရှုံးစေသည်။
လူတစ်ဦးချင်းစီ၏ အနက်ရှိုင်းဆုံးသောယုံကြည်ချက်များရှုထောင့်မှကြည့်လျှင် စက်ဆုပ်ရွံရှာဖွယ်ကောင်းနေသောအမူအကျင့်တွင် ပါဝင်ရန် အတင်းအကျပ်ခိုင်းစေခြင်းသည် နှိပ်စက်ညှဉ်းပန်းခြင်း(persecution)ကို ဖြစ်ပေါ်စေနိုင်သည်ဟု Third Circuit မှဖော်ပြထားသည်။
UNHCR မှ ဘာသာရေးအပေါ်အခြေခံသည့် ဒုက္ခသည်ဆိုင်ရာလမ်းညွှန်ချက်များအရ အတင်းအကြပ်လိုက်နာစေခြင်းသည် နှိပ်စက်ညှဉ်းပန်းမှု(persecution) ဖြစ်စေနိုင်သည်။ တစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဘာသာရေးယုံကြည်ချက်၊ မည်သူမည်ဝါဖြစ်သည်ဟူသောအထောက်အထား(identity)၊ သို့မဟုတ် ဘဝနေထိုင်မှုပုံစံ တို့ကို သည်းမခံနိုင်လောက်အောင်အထိနှောင့်ယှက်လာလျှင် နှင့်/သို့မဟုတ် မလိုက်နာပါက ပြစ်ဒဏ်ပေးမည်ဟု မမျှမတပြောဆိုခြင်းသည် persecution ကိုဖြစ်စေနိုင်သည်။

Previous