USIRD Connect

၁၃။ Discrimination and Harassment

ဘက်လိုက်ခြင်းနှင့် အခြားသောခွဲခြားဆက်ဆံမှုနှင့် နှောင့်ယှက်မှုပုံစံများကို ယေဘူယျအားဖြင့် နှိပ်စက်ညှဉ်းပန်းခြင်း(persecution) ဟု မယူဆပါ။ ခွဲခြားဆက်ဆံသောလုပ်ဆောင်ချက်များ သို့မဟုတ် နှောင့်ယှက်မှုဖြစ်စဉ်များ စုပုံလာသော သို့မဟုတ် တရားစီရင်နိုင်လောက်သည့် အဆင့်ထိပြင်းထန်လာသောအခြေအနေမျိုးတွင် လုပ်ဆောင်ချက်တစ်ခုချင်းအနေဖြင့် discrimination (သို့) harassment အဆင့်ထိသာရှိနိုင်သော အရာများသည် persecution အဆင့်ထိသို့ရောက်ရှိသွားနိုင်သည်။

Harassment နှင့် persecution ကြားခြားနာခြင်းသည် နှိပ်စက်မှုအဆင့်ကွာခြားမှုသာဖြစ်ပြီး တရားစီရင်သူများသည် နှိပ်စက်ညှဉ်းပန်းမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း Second Circuit Court of Appeals မှညွှန်းဆိုထားသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ သာမန်ရိုက်နှက်မှုမျိုးသည် harassment အဆင့်သာဖြစ်နိုင်သည်။ သို့သော် အစိုးရအရာထမ်းတစ်ဦးမှ ဖမ်းစီး (သို့) ချုပ်နှောင်ထားသော အခြေအနေတွင် သာမန်အသေးစားရိုက်နှက်မှုတစ်ခုသည် နှိပ်စက်ညှဉ်းပန်းမှု (persecution) အဆင့်အထိ မြင့်တက်လာနိုင်သည်။ နောက်ဆုံးအခြေချခဲ့သော နိုင်ငံရှိ နိုင်ငံသားများလောက် နိုင်ငံသားတစ်ယောက်အနေဖြင့် ရယူခွင့်များကို တူညီစွာမခံစားရခြင်းသည် ယေဘုယျအားဖြင့် persecution အဆင့်ထိရောက်ရန်လုံလောက်သော အန္တရာယ် မရှိပါ။

Examples
ရုရှားတွင်နေထိုင်သော အာမေးနီးယန်းတစ်ဦးအပေါ် ရုရှား အစိုးရများမှ လူမျိုးရေးအရနှောင့်ယှက်ခြင်းနှင့် “အာမေးနီးယန်းများအတွက် အလုပ်မရှိပေ” ဟူ၍ အလုပ်ငြင်းပယ်ခံရခြင်းသည် persecution မမည်ပေ။
အီဂျစ်ခရစ်ယာန်ဘာသာဝင်တစ်ဦးသည် ခရစ်ယာန်ဘာသာဝင်များအပေါ်ခွဲခြားဆက်ဆံခြင်းကြောင့် ၄င်းဆရာဝန်တစ်ဦးအဖြစ်အသက်မွေးရသည်မှာ အခက်အခဲဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Ninth Circuit မှ ဤကဲ့သို့သော ခွဲခြားဆက်ဆံမှုမျိုးသည် persecution ဖြစ်ရန်မလုံလောက်ဟုတွေ့ရှိခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် လျှောက်ထားသူ၏ လူမျိုးကြောင့် ၄င်း၏ဆေးဘက်ဆိုင်ရာဘွဲ့လက်မှတ်သည် အကျုံးမဝင်ဟုသတ်မှတ်ခံရပြီး ဆေးကုသခွင့်မရခြင်းသည် persecution မည်သည်။

Discrimination နှင့် harassment သည် persecution နှင့် ညီမညီကို ဆုံးဖြတ်ရန် သက်ဆိုင်ရာ မေးခွန်းတစ်ချို့မှာ
ကျူးလွန်မှုမှာ discrimination (သို့) harassment မျှမဟုတ်ပဲ အမှန်တကယ် persecution ဖြစ်သလား။
Discrimination (သို့) harassment သည် မည်မျှကြာရှည်ခဲ့သနည်း။
မည်ကဲ့သို့သော လူ့အခွင့်အရေးများချိုးဖောက်ခံခဲ့ရသနည်း။
Discrimination (သို့) harassment သည် လျှောက်ထားသူအား မည်ကဲ့သို့အကျိုးသက်ရောက်စေခဲ့သနည်း။
လျှောက်ထားသူအပေါ် ခွဲခြားဆက်ဆံမှု အမျိုးအစား (သို့) နှောင့်ယှက်မှု စုစုပေါင်းမည်မျှ ရှိခဲ့သနည်း။
Discrimination (သို့) harassment ၏ အကြိမ်ရေ သို့မဟုတ် ပြင်းထန်မှုသည် အချိန်ကြာလာသည်နှင့်အမျှ တိုးမြင့်လာခြင်းရှိသလား သို့မဟုတ် အချိန်ကြာလာသည်နှင့်အမျှ တူညီသောအဆင့်တွင် ရှိနေပါသလား။
Discrimination နှင့် harassment သည် persecution နှင့် ညီမညီကို ဆုံးဖြတ်ရန် သိသာထင်ရှားသော အချက်တစ်ချို့မှာ
အသက်မွေးဝမ်းကျောင်းပြုခွင့်အပေါ် ကြီးလေးသော ကန့်သတ်ချက်များ
ပုံမှန်အားဖြင့်ရရှိလေ့ရှိသော ပညာရေးဆိုင်ရာ အဆောက်အဦများသို့ ဝင်ရောက်ခွင့်အပေါ် ကြီးလေးသော ကန့်သတ်ချက်များ
လူတစ်ဦး၏ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ အိမ်၊ သို့မဟုတ် စာပေးစာယူကို မတရား ဝင်ရောက်စွက်ဖက်ခြင်း။
အဆင့်အတန်းနိမ့်သော နေအိမ်များသို့ အဆင့်လျှောချခြင်း။
အဆင့်မြင့် သင်ကြားရေး အဖွဲ့အစည်းများမှ ချန်လှပ်ထားခြင်း
လူမှုရေး သို့မဟုတ် အရပ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများအား ရပ်တန့်စေခြင်း
နိုင်ငံကူးလက်မှတ် မပေးခြင်း
အဆက်မပြတ်စောင့်ကြည့်ခြင်း။
အတင်းအကြပ် သတင်းပေးပို့စေခြင်း
ပစ္စည်းဥစ္စာ သိမ်းယူခြင်း။
လျှောက်ထားသူအပေါ်ကျူးလွန်သည့် ခွဲခြားဆက်ဆံသောအလေ့အကျင့် သို့မဟုတ် နှောင့်ယှက်မှု များစုပုံလာခြင်း

ယေဘုယျအားဖြင့် အထက်ပါအချက်များသက်သက်ဖြင့် persecution ဟုသတ်မှတ်ရန် လိုအပ်သော ပြင်းထန်မှုအဆင့်မရှိပေ။သို့သော် case တစ်ခုချင်းပေါ်မူတည်ပြီး ပြောင်းလဲနိုင်သည်။ အမှုတစ်ခုစီတိုင်း၏ ထူးခြားသောအချက်များအပေါ်အခြေခံ၍ တစ်ဦးချင်းစစ်ဆေးရမည်ဖြစ်သည်။


Previous