USIRD Connect

၁၅။ Economic Harm

Persecution အဆင့်ထိရောက်ရှိရန် စီးပွါးရေးအရ ထိခိုက်မှုရှိခြင်းသည် တမင်တကာရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်းခံရခြင်းဖြစ်ရပြီး ပြင်းထန်ရမည်။ ပြင်းထန်သည့် စီးပွါးရေးအရထိခိုက်မှုသည် မူလနိုင်ငံမှ အခြားသောသူများ ယေဘုယျအားဖြင့်ကြုံရသောစီးပွါးရေးဆိုင်ရာအခက်အခဲများထက်ကျော်လွန်ပြီး လူမှုရေးဆိုင်ရာ အကျိုးခံစားခွင့်များ (သို့) ရုပ်ပိုင်းဆိုင်ရာအရသက်သောင့်သက်သာဖြစ်မှုများ ဆုံးရှုံခြင်းထက်ပိုမိုပါဝင်သည်။
Matter of T-Z- တွင် တရားစီရင်ရေးမှူးများသည် လျှောက်ထားသူအပေါ် စီးပွါးရေးအရထိခိုက်မှု (ဤတွင် တမင်တကာရည်ရွယ်ချက်ဖြင့်ပြုလုပ်သော စီးပွါးရေးအရထိခိုက်မှုမျိုးကိုခံစားခဲ့ရ (သို့) ကြုံတွေ့နေရခြင်း သို့မဟုတ် လွတ်လပ်မှု၊ စားနပ်ရိက္ခာ၊ နေအိမ်၊ အလုပ်အကိုင် (သို့) အခြားသောစားဝတ်နေရေးနှင့်ပတ်သက်သည့် အရာများကိုဆုံးရှုံးခြင်းတို့ကိုဆိုလိုသည်။) သည် persecution နှင့်ညီမညီကိုဆုံးဖြတ်ရာတွင် အောက်ပါစစ်ဆေးမှုကို လုပ်ဆောင်သင့်သည်။ သို့ရာတွင် လျှောက်ထားသူသည် persecution ကိုဖော်ပြရန်အတွက် အသက်မွေးဝမ်းကျောင်းမှုအလုံးစုံဆုံးရှုံးခြင်း သို့မဟုတ် စီးပွားရေးအခွင့်အလမ်းအားလုံးကို ရုပ်သိမ်းကြောင်း ဖော်ပြရန်မလိုအပ်ပါ။
ဤဆုံးဖြတ်ချက်တွင် BIA မှ ဒဏ်ကြေးငွေနှင့် အလုပ်ဆုံးရှုံးရခြင်းသည် နှိပ်စက်ညှဉ်းပန်းမှု (persecution) ဟုသတ်မှတ်နိုင်သည့်ပမာဏ ဟုတ်မဟုတ် အကဲဖြတ်ရန် စဉ်းစားရမည့်အချက်အချို့ကို မီးမောင်းထိုးပြထားသည်။
လျှောက်ထားသူနှင့် ၎င်း၏အိမ်ထောင်စု၏ ၀င်ငွေများ
လျှောက်ထားသူ၏ အသားတင်တန်ဖိုး (net worth)
လျှောက်ထားသူရရှိနိုင်သော အခြားအလုပ်အကိုင်များ
အိုးအိမ်ဆုံးရှုံးခြင်း
ကျန်းမာရေးအကျိုးကျေးဇူးများ ဆုံးရှုံးခြင်း
ကျောင်းလခနှင့် ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးခြင်း
စားနပ်ရိက္ခာဆုံးရှုံးခြင်း
အိမ်သုံးပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများအပါအဝင် ပစ္စည်းဥစ္စာများကို သိမ်းဆည်းခံရခြင်း
အခြားသက်ဆိုင်ရာအချက်တစ်ခုခု
Vincent v. Holder တွင်၊ Sixth Circuit သည် လျှောက်ထားသူ၏အိမ်အား မီးရှို့ခြင်းသည် "လုံလောက်စွာပြင်းထန်ပြီး နှိပ်စက်ညှဉ်းပန်းမှု (persecution) ကိုရည်ရွယ်သည်" ဟု ကြီးမားသောပိုင်ဆိုင်မှုကို သိမ်းယူခြင်း သက်သက်ကပင် persecution ဖြစ်သည် ဟူသော T-Z-’s holding ကို အမှီပြု၍ ဆိုထားသည်။ ဆန့်ကျင်ဘက်အားဖြင့် Yun Jian Zhang v. Gonzales တွင်၊ Seventh Circuit မှ လျှောက်ထားသူ၏အိမ် တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းသည် ပြန်လည်ပြုပြင်နိုင်သည့်အခြေအနေမျိုးတွင်၊ အထူးသဖြင့် လျှောက်ထားသူသည် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သောကြောင့် အလုပ်အကိုင် ဆက်လက်ရရှိနေမည်ဖြစ်သည်ကတစ်ကြောင်း၊ ယောက္ခမအိမ်တွင် နေထိုင်စရာရပြီး အစိုးရသည် သူ သို့မဟုတ် သူ၏မိသားစုကို ဆက်လက်ဒုက္ခမပေးတော့သောကြောင့် ဆိုးရွားသောစီးပွါးရေးထိခိုက်မှုမဟုတ် ဟုဆိုသည်။
Zhen Hua Li v. Att’y Gen. of U.S. တွင် ဆယ့်ရှစ်လ လုပ်ခလစာ နှင့်ညီမျှသော ဒဏ်ကြေးငွေ ပေးဆောင်ရခြင်း နှင့်အတူ အစိုးရအလုပ်အားလုံးနှင့် အခြားသောတရားဝင်အလုပ်အများစုမှ နာမည်ပျက်စာရင်းသွင်းခံရခြင်း၊ ကျန်းမာရေးအကျိုးခံစားခွင့်များ၊ ကျောင်းလခ နှင့် စားနပ်ရိက္ခာများ ဆုံးရှုံးခြင်း၊ အိမ်ထောင်ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းယူခြင်းသည် ၎င်းမိသားစု၏အသက်အန္တရာယ်မဟုတ်ပါက လွတ်လပ်မှုကို ခြိမ်းခြောက်နိုင်သည့် ပြင်းထန်သောစီးပွါးရေးဆိုးကျိုးကိုဖြစ်စေနိုင်သည် ဟု Third Circuit မှ ဆိုထားသည်။ အခြားတစ်ဖက်တွင်မူ Mu Ying Wu v. U.S. Att’y Gen. တွင်၊ လျှောက်ထားသူမိသားစု၏ နှစ်စဉ်ဝင်ငွေ၏ 60 မှ 100 ရာခိုင်နှုန်းခန့်အထိ ရှိသော ဒဏ်ကြေး ပမာဏကို အရစ်ကျပေးချေစေခြင်း သို့မဟုတ် လျှောက်ထားသူမှ အခမဲ့ဆေးကုသမှု နှင့် ၄င်း၏ သားသမီးများအတွက်အခမဲ့အစိုးရပညာရေးကို စွန့်လွှတ်ခြင်းဖြင့် ဒဏ်ကြေးကိုရှောင်ရှားစေခြင်းသည် အခြားသောအပိုအန္တရာယ်တစ်စုံတစ်ရာမရှိခဲ့လျှင် နှိပ်စက်ညှဉ်းပန်းမှု (persecution) အဆင့်သို့ ရောက်မည်မဟုတ်ဟု Eighth Circuit မှဆိုထားသည်။
BIA ၏စံနှုန်းကို Matter of T-Z- တွင်ကျင့်သုံးခြင်းဖြင့် အဆင့်မြင့်ကျောင်းတက်နေသော်လည်း အဆင့်နိမ့်အလုပ်များသို့ တန်းဆင်းခြင်းခံရခြင်းမှာ စီးပွားရေးအရ ဆိုးရွားစွာဆုံးရှုံးခြင်းမဟုတ်ကြောင်း Eighth Circuit မှဆိုထားသည်။ ပုဂ္ဂလိက အလုပ်အကိုင်များ ရှိနေသေးသောကြောင့် စီးပွားရေးအရ ခွဲခြားဆက်ဆံမှုသည် persecution ကို ဖြစ်ပေါ်စေရန်အတွက် လုံလောက်သော ပြင်းထန်မှု မရှိပေ။
အတိတ်မှခွဲခြားဆက်ဆံမှုကို ပြင်ဆင်ရန် တာဝန်ပေးထားသော အစိုးရထောက်ပံ့သည့် အလုပ်ပရိုဂရမ်တစ်ခုကြောင့် အလုပ်ဆုံးရှုံးကာ အစိုးရမှ လျှောက်ထားသူအား အလုပ်လက်မဲ့လျော်ကြေးငွေ အများအပြား ပေးအပ်ပြီး အခြေအနေတူသည့် အခြားသောသူများက အလုပ်အကိုင်ကို ဆက်လက်ထိန်းသိမ်းထားနိုင် သို့မဟုတ် ပြန်လည်ရရှိနိုင်သောအခြေအနေမျိုးသည် past persecution ကိုဖြစ်စေရန် အထောက်အပံ့အဖြစ်မလုံလောက်ပေ။ အခြားတစ်ဖက်တွင်မူ လူ့အဖွဲ့အစည်းအတွင်း မနှစ်သက်သောအုပ်စုတစ်စုအပေါ် ပြည်နယ်မှထောက်ပံ့သော စီးပွါးရေးအရပြင်းထန်စွာထိခိုက်နစ်နာစေသည်အထိ ခွဲခြားဆက်ဆံခြင်းသည် past persecution ဖြစ်သည်။

Previous