USIRD Connect

၁၆။ Psychological Harm

Psychological Harm Alone May Be Sufficient to Constitute Persecution
သင်သည် လျှောက်ထားသူ၏ သူ/သူမ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များသည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်စေကြောင်း ထွက်ဆိုချက်အပါအဝင် သက်သေအထောက်အထားများကို အမြဲစဉ်းစားသင့်သည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခုတည်းက persecution အဆင့်အထိ မြင့်တက်လာနိုင်သည်။ လျှောက်ထားသူ၏ အတွေးအခေါ်နှင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများဖြစ်သော အသက်အရွယ် သို့မဟုတ် အတိတ်ကထိခိုက်မှုများကြောင့်ခံစားခဲ့ရသည့် စိတ်ဒဏ်ရာ ၏ သက်သေအထောက်အထားသည် persecution ဖြစ်မဖြစ် ဆုံးဖြတ်ရန်အတွက် လျော်ညီပါသည်။
3.7.2 Under The Convention Against Torture, Severe Mental Harm Alone May Be Sufficient to Constitute Torture
Convention Against Torture အရ ပြင်းထန်သောစိတ်ပိုင်းဆိုင်ရာဝေဒနာများသည် အချို့သောအခြေအနေများအောက်တွင် Torture (ညှဉ်းပန်းနှိပ်စက်ခြင်း) ဖြစ်နိုင်သည်။ Persecution အဆင့်အထိ ပြင်းထန်သည်ဟု ယူဆနိုင်သော torture အဓိပ္ပါယ်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်သည့် စိတ်ဝေဒနာဥပမာအချို့ မှာ -
ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာနာကျင်ခြင်း သို့မဟုတ် ဝေဒနာခံစားရခြင်း ကို ရည်ရွယ်ချက်နှင့်ဖြစ်စေ၊ ခြိမ်းခြောက်ပြီး ဖြစ်စေ ကျူးလွန်ခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
အာရုံ သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးကို သိသာစွာ နှောင့်ယှက်ရန် စီမံထားသော စိတ်ပြောင်းလဲစေသည့် အရာများ သို့မဟုတ် အခြားလုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ခြင်း သို့မဟုတ် လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခြင်း
သေအံ့ဆဲဆဲ အန္တရာယ်
အခြားသူတစ်ဦးသည် မကြာမီသေဆုံးတော့မည် သို့မဟုတ် ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာ ခံစားမှကြုံတွေ့ရတော့မည်ဟု ခြိမ်းခြောက်ခြင်း

3.7.3 Other Forms of Mental Harm May Be Sufficient to Constitute Persecution
Persecution မည်သော်လည်း torture မမည်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုပုံစံများမှာ
ကာလကြာရှည်စွာ ခြိမ်းခြောက်မှုများ လက်ခံရရှိခြင်းကြောင့် လျှောက်ထားသူသည် အဆက်မပြတ်ကြောက်ရွံ့နေရသော အခြေအနေတွင် နေထိုင်နေရခြင်း
အခြားသူများအား အန္တရာယ်ပြုနေသည်ကို အတင်းအကြပ် မျက်မြင်ကြည့်ရှုခိုင်းခြင်း
လျှောက်ထားသူ၏ ယုံကြည်ချက်အရ မလိုလားသော ဘာသာရေးစည်းကမ်းချက်များ သို့မဟုတ် အလေ့အကျင့်များကို အတင်းအကြပ်လိုက်နာစေခြင်း။

ဥပမာအားဖြင့် ဂျာမနီတွင်နေထိုင်သော အာဖဂန်နစ္စတန်နိုင်ငံသားတစ်ဦးမှ ခံစားရသော စိတ်ဒဏ်ရာသည် persecution ဖြစ်ရန်အတွက် လုံလောက်စွာပြင်းထန်ကြောင်း Ninth Circuit မှ Mashiri v. Ashcroft တွင်တွေ့ရှိသည်။ သူမ၏အိမ်နီးနားရှိ နိုင်ငံခြားသားပိုင် စတိုးဆိုင်တစ်ဆိုင် မီးရှို့ခံရပြီး သူမ၏နေအိမ်လည်း ဖျက်ဆီးလုယက်ခံရသည်၊ သူမ၏နေအိမ်ဝန်းကျင်ရှိနိုင်ငံခြားသားများကို တိုက်ခိုက်သည့် အကြမ်းဖက်အုပ်စုရန်မှ ထွက်ပြေးလာရပြီး သတင်းစာထဲတွင်လည်း သူမ၏သား ကျောင်းသွားနေကျလမ်းတစ်လျှောက်တွင်နေထိုင်သော ယောကျ်ားတစ်ဦးမှ အာဖဂန်ကလေးနှစ်ဦး၏ဦးခေါင်းကို ပစ်သတ်ခဲ့သည့် အကြောင်းကိုဖတ်လိုက်ရသည်၊ သူမ၏ခင်ပွန်းနှင့် ကလေးများ ရိုက်နှက်ခံရသော ရလဒ်များကိုလည်း မျက်မြင်တွေ့ရှိခဲ့ရသည်။ ထိုကဲ့သို့သော ဖြစ်ရပ်များစွာစုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာသည့်ထိခိုက်မှု သည် persecution နှင့်ညီမျှသည်။

လူတစ်ဦး၏ယုံကြည်ချက်အရ မလိုလားသော ဘာသာရေးစည်းကမ်းချက်များ သို့မဟုတ် အလေ့အကျင့်များကို အတင်းအကြပ်လိုက်နာစေခြင်းသည် persecution ဖြစ်နိုင်သည်။ ဥပမာအားဖြင့် ဘာသာရေးယုံကြည်ချက်များကို စွန့်လွှတ်ရန်အတင်းအကျပ်ခိုင်းခံရခြင်း သို့မဟုတ် ဘာသာရေးအရ အလွန်အရေးကြီးသောအရာတစ်ခုကို မရိုမသေပြုရန် အတင်းအကျပ်ခိုင်းခံရခြင်းသည် ဘာသာရေးယုံကြည်ချက်ပြင်းထန်သောသူတစ်ဦးအတွက် persecution ဖြစ်နိုင်သည်။

Previous