USIRD Connect

၁၇။ Sexual Harm

Rape and Other Sexual Abuse
မုဒိမ်းမှုနှင့် အခြားသော ပြင်းထန်သော လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုပုံစံများသည် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုပုံစံများဖြစ်သောကြောင့် persecution ဖြစ်သည်။ မုဒိမ်းမှုသည် လူသားဆန်မှုအပေါ် ကြီးလေးသောချိုးဖောက်မှုတစ်ခုအဖြစ် မှတ်ယူသောကြောင့် torture ဟုသတ်မှတ်နိုင်သည်။
Persecution ဖြစ်မဖြစ် ဆုံးဖြတ်ရာတွင် လွန်စွာမပြင်းထန်သော လိင်ပိုင်းဆိုင်ရာထိခိုက်မှုများကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ ရလဒ်အဖြစ်ရရှိလာသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၏ သားကောင်အဖြစ် လျှောက်ထားသူ၏ လူမှုရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ခံယူချက်များနှင့် ထိခိုက်နစ်နာမှုမှ ထွက်ပေါ်လာသည့် လျှောက်ထားသူအပေါ် ထိခိုက်နစ်နာမှု၏အခြားအကျိုးသက်ရောက်မှုများ အပါအဝင် အမှု၏အခြေအနေတစ်ခုလုံးကို သင်စစ်ဆေးရပါမည်။
Example
လျှောက်ထားသူအား ရဲတပ်ဖွဲ့က ကြိမ်ဖန်များစွာတားဆီးခဲ့ပြီး သုံးကြိမ်မှာ ကိုယ်လုံးချွတ်ခံရပြီး နှစ်ကြိမ်မှာ သေနတ်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုခြင်းကို ခံခဲ့ရသည်။ IJ ၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရာတွင် တရားရုံးက “IJ သည် သုံးကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ အရှက်ရမှု၏ သိသာထင်ရှားမှုကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့သည်။ “ဤသဘောသဘာဝကို အလွဲသုံးစားလုပ်ခြင်းသည် ခြားနားမှုအားလုံးကို ဖြစ်စေသည်”ဟု ဤတရားရုံးက မှတ်ချက်ပြုခဲ့သည်။
3.8.2 FemaleGenitalMutilationorFemaleGenitalCutting
Female genital mutilation (FGM) (သို့) female genital cutting (FGC) (အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်ခြင်း) ကိုပြုကျင့်ခြင်းသည် persecution အတွက် လုံလောက်သည့် ပြင်းထန်သော ထိခိုက်မှုပုံစံတစ်ခုဖြစ်သည်။ ယေဘုယျအားဖြင့် FGM သည် လျှောက်ထားသူအတွက် persecution မည်မမည်ဆုံးဖြတ်ရာတွင် လျှောက်ထားသူသည် ပြင်းထန်သောထိခိုက်မှုအဖြစ် တွေ့ကြုံခံစားခဲ့ရခြင်း သို့မဟုတ် တွေ့ကြုံခံစားရနိုင်ခြင်းရှိမရှိ ကို စဉ်းစားသင့်သည်။ Matter of S-A-K- & H-A-H- တွင် BIA သည် ကလေးငယ်တစ်ဦးအပေါ် တွင်ပြုကျင့်သော FGM သည် past persecution ဖြစ်သည်ဟုအသိအမှတ်ပြုသည်။ သူမနှင့်သူမ၏မိခင်သည် ရက်စက်ကြမ်းကြုတ်သော နှိပ်စက်ညှဉ်းပန်းမှုပုံစံကို ခံစားခဲ့ရခြင်းကြောင့်ဖြစ်ပေါ်လာသော ရုပ်ပိုင်းဆိုင်ရာနာကျင်မှုနှင့် မသက်မသာဖြစ်မှုကို ဆက်လက်ခံစားနေရသောကြောင့် လူသားချင်းစာနာထောက်ထားမှုအရ ခိုလှုံခွင့် ပေးခြင်းသည် ၎င်းတို့၏ ထိခိုက်မှု ပြင်းထန်မှုအပေါ် အခြေခံ၍ ထိုက်တန်ပါသည် ဟု BIA မှဆိုထားသည်။
FGM အလေ့အကျင့်ကို တားမြစ်ထားသော နိုင်ငံများတွင်ပင် အစိုးရသည် ဤအလေ့အကျင့်အား ခွင့်လွှတ်သည်းခံနိုင်ခြင်း (သို့) ဤအလေ့အကျင့်အား ပြုကျင့်ခြင်းမှ ကာကွယ်နိုင်ခြင်း မရှိသည်ဖြစ်နိုင်သည်။ FGM ကို တားမြစ်သည့် ဥပဒေတစ်ရပ်ကို ပြည်နယ်တစ်ခုက ပြဋ္ဌာန်းလိုက်သည်နှင့်တစ်ပြိုက်နက် အစိုးရမှ လျှောက်ထားသူတစ်ဦးအား အကာအကွယ်ပေးရန်ဆန္ဒရှိပြီး ကာကွယ်ပေးနိုင်သည်ဟု မဆိုနိုင်ပေ။

Previous