USIRD Connect

၁၈။ Harm to Family Members or Other Third Parties

လျှောက်ထားသူအား ထိခိုက်နစ်နာစေသည့် ရည်ရွယ်ချက်ဖြင့် လျှောက်ထားသူ၏မိသားစုဝင် သို့မဟုတ် အခြားတတိယလူကို ထိခိုက်သော persecution နှင့်ညီမျှသော ထိခိုက်မှုမျိုးသည် လျှောက်ထားသူ အပေါ် persecution အဖြစ်သက်ရောက်နိုင်သည်။ လူတစ်ဦးသည် "လျှောက်ထားသူအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် လျှောက်ထားသူကိုယ်တိုင်ကို တိုက်ရိုက်အန္တရာယ်မပြုပဲ လျှောက်ထားသူ၏ အိမ်ထောင်ဖက်၊ မိဘ၊ ကလေး သို့မဟုတ် အခြားဆွေမျိုးများကဲ့သို့သော လျှောက်ထားသူနှင့် နီးစပ်သူတစ်ဦးကို နှိပ်စက်ညှဉ်းပန်း” သောအခြေအနေမျိုးတွင် လျှောက်ထားသူခံစားရသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုသည် persecution အဆင့်အထိ မြင့်တက်လာနိုင်သည်။ ဥပမာအားဖြင့် နိုင်ငံရေး သဘောထားကွဲလွဲသူတစ်ဦးအား သင်ခန်းစာပေးလိုသော ဆန္ဒဖြင့် ၄င်း၏ ဇနီးသည်အားဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်နိုင်သည်။

လျှောက်ထားသူတစ်ဦးသည် ၄င်းအား နှိပ်စက်ညှဉ်းပန်းရန်ကြိုးပမ်းမှုသည် အခြားသူတစ်ဦးကို ထိခိုက်နစ်နာစေခဲ့ကြောင်းသိရှိမှုမှ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ခံစားရနိုင်သည်။ လျှောက်ထားသူသည် ၎င်း၏ အဆင့်အတန်း သို့မဟုတ် လုပ်ရပ်ကြောင့်မိသားစုဝင်အား persecutor မှ အန္တရာယ်ပြုခဲ့သည်ဟု ခံစားရပါက သို့မဟုတ် မိသားစုဝင်တစ်ဦးအား နှိပ်စက်ညှဉ်းပန်းနေသည်ကို မျက်မြင်ကြုံတွေ့ခဲ့လျှင် ထိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုသည် ပိုမိုပြင်းထန်လာနိုင်သည်။ အန္တရာယ်ပြုသည့် ရည်ရွယ်ချက်မှာ လျှောက်ထားသူ၊ လျှောက်ထားသူ၏ မိသားစု သို့မဟုတ် လျှောက်ထားသူ နှင့်သက်ဆိုင်သောသူများ အားထိခိုက်စေလိုခြင်းမဟုတ်လျှင် လျှောက်ထားသူမှ ၄င်း၏ မိသားစုဝင် သို့မဟုတ် အခြားတတိယလူ (third party) အား အန္တရာယ်ပြုနေသည်ကို မျက်မြင်ကြုံတွေ့ခြင်းသည် persecution ကိုမဖြစ်စေပေ။ ထို့အပြင် အထက်တွင်ဖော်ပြထားသည့်အတိုင်း torture ဖြစ်စေသည့် အန္တရာယ်(harm) သည် persecution အဆင့်သို့ အမြဲမြင့်တက်သွားမည်ဖြစ်သည်။ US ၏ ဥပဒေအောက်ရှိ torture ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အခြားသူတစ်ဦးသည် ချက်ခြင်းသေဆုံးသွားနိုင် (သို့) ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု သို့မဟုတ် ဝေဒနာခံစားသွားရနိုင်သော အန္တရာယ်များပါဝင်သည်။
ဥပမာအားဖြင့် နှိပ်စက်ညှဉ်းပန်းသူသည် လျှောက်ထားသူ၏အိမ်ထောင်ဖက်ကို ပြင်းထန်စွာစော်ကားပြီး ဤကဲ့သို့ ကျူးလွန်သည်မှာ လျှောက်ထားသူ၏နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖြစ်သည်ဟုဆိုပါက လျှောက်ထားသူသည် ၎င်း၏နိုင်ငံရေးအမြင်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရကြောင်း သက်သေထူနိုင်သည်။ သို့ရာတွင် လျှောက်ထားသူ၏ကာကွယ်ထားသောလက္ခဏာများထက် လျှောက်ထားသူ၏ မိသားစုဝင်ကိုယ်တိုင်၏ ကာကွယ်ထားသောလက္ခဏာများကြောင့် ထိုမိသားစုဝင် ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းကြောင့် လျှောက်ထားသူသည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုခံစားရပါက ၄င်းထိခိုက်မှုသည် persecution မဖြစ်မြောက်ပေ။ ဒုတိယဖြစ်စဉ်တွင် အန္တရာယ်မှာ လျှောက်ထားသူအား ဦးတည်ခြင်းမဟုတ်ပေ။

Previous