USIRD Connect

၁၉။ IDENTIFYING A PERSECUTOR

နှိပ်စက်ညှဉ်းပန်းခြင်း (persecution) ၏ မွေးရာပါအဓိပ္ပါယ်မှာ လျှောက်ထားသူ ခံစားရသော (သို့) ကြောက်ရွံ့သော အန္တရာယ်သည် လျှောက်ထားသူ နှိပ်စက်ညှဉ်းပန်းခံရမည်ကိုကြောက်ရွံ့သော နိုင်ငံ၏ အစိုးရမှ ကျူးလွန်ခြင်း (သို့) အစိုးရမှ မထိန်းချုပ်နိုင် (သို့) မထိန်းချုပ်လိုသော လူ/အဖွဲ့အစည်း မှကျူးလွန်ခြင်း ဖြစ်ရမည်။
UNHCR Handbook, အပိုဒ် ၆၅ အရ
နှိပ်စက်ညှဉ်းပန်းခြင်းသည် ပုံမှန်အားဖြင့် နိုင်ငံတစ်ခု၏ အာဏာပိုင်များ၏ အရေးယူဆောင်ရွက်မှုနှင့် သက်ဆိုင်ပါသည်။ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများက သတ်မှတ်ထားသော စံနှုန်းများကို မလေးစားသော လူဦးရေမှလည်း ထွက်လာနိုင်သည်။ အဓိကအချက်မှာ လူဦးရေအများစုသည် ၎င်းတို့၏အိမ်နီးချင်းများ၏ ဘာသာရေး ယုံကြည်မှုကို မလေးစားပြုသော နိုင်ငံတစ်နိုင်ငံတွင် ဘာသာရေးအရ သည်းမခံနိုင်မှုသည် persecution နှင့်ညီမျှနိုင်သည်။ ဒေသခံလူထုက ပြင်းထန်သော ခွဲခြားဆက်ဆံမှု သို့မဟုတ် အခြားသော ထိပါးစော်ကားသည့် လုပ်ရပ်များကို ကျူးလွန်သည်ကို အာဏာပိုင်များက သိလျက်နှင့် သည်းခံခွင့်လွှတ်ပါက သို့မဟုတ် အာဏာပိုင်များက ထိရောက်သော အကာအကွယ်ပေးရန် ငြင်းဆို/အကာအကွယ်မပေးနိုင်ကြောင်းသက်သေပြပါကနှိပ်စက်ညှဉ်းပန်းမှုအဖြစ် သတ်မှတ်နိုင်သည်။

Previous