USIRD Connect

၂၂။ ELIGIBILITY BASED ON PAST PERSECUTION

In the Refugee Context: Past Persecution is Sufficient
Refugee အဖြစ်သတ်မှတ်ရန် လျှောက်ထားသူ အတိတ်ကခံစားခဲ့ရသော အန္တရာယ်သည် past persecution အဆင့်ထိရောက်ရှိလာပါက ထို past persecution သက်သက်ကပင်လျှင် လျှောက်ထားသူ၏ refugee status အတွက် လိုအပ်ချက်ပြည့်မှီသည်။ သို့ရာတွင် officer များသည် သက်သေခံချက်ကို ဆက်လက်ထုတ်ယူရမည်ဖြစ်ပြီး လျှောက်ထားသူတစ်ဦးသည် protected ground ငါးခုအနက်မှ တစ်ခုခုကြောင့် well-founded fear of persecution ရှိမရှိ အကဲဖြတ်ရသေးမည်ဖြစ်သည်။

5.2 In the Asylum Context: Presumption of Well-Founded Fear
Asylum အကြောင်းအရာတွင် လျှောက်ထားသူတစ်ဦးသည် ကာကွယ်ထားသော လက္ခဏာတစ်ခုကြောင့် past persecution ကိုသက်သေထူခဲ့လျှင် လျှောက်ထားသူသည် future persecution ကိုကြောက်ရွံ့ကြောင်း သီးခြားသက်သေပြရန်မလိုအပ်ပေ။ မူလတောင်းဆိုချက်အပေါ် အခြေခံ၍ လျှောက်ထားသူ၏ future persecution ကိုကြောက်ရွံ့ကြောင်းမှာ မှန်ကန်ခိုင်မာသည်ဟု ယူဆရပြီး burden of proof သည် ပို၍ခိုင်မာသော အောက်ပါသက်သေများနှင့်သက်သေပြရန် USCIS ထံသို့ ပြောင်းရွှေ့သွားသည်။

အခြေခံကျသော အခြေအနေတစ်ရပ်ရပ်ကြောင့် ကြောက်ရွံ့ခြင်းမရှိတော့ခြင်း သို့မဟုတ်
မည်သည့်အခြေအနေတွင်မဆို လျှောက်ထားသူမှ လျှောက်ထားသူ၏ နိုင်ငံ သို့မဟုတ် နိုင်ငံမဲ့ဖြစ်လျှင် လျှောက်ထားသူ၏ နောက်ဆုံးနေထိုင်သည့်နိုင်ငံ၏ အခြားအစိတ်အပိုင်းတစ်ခုသို့ ပြောင်းရွှေ့ရန် မျှော်လင့်ခြင်းသည် ကျိုးကြောင်းဆီလျော်မှုရှိမည်ဖြစ်သည်။
အကယ်၍ USCIS မှ ဤ burden ကိုရှာမတွေ့လျှင် လျှောက်ထားသူ၏ ကြောက်ရွံ့ခြင်းသည် well-founded ဖြစ်သည်။ မူလတောင်းဆိုချက်အပေါ် အခြေခံ၍ လျှောက်ထားသူ၏ well-founded fear of persecution ဆိုသည််မှာ ကာကွယ်ထားသော လက္ခဏာ တစ်ခုနှင့် ပတ်သက်၍ past persecution ကိုခံစားခဲ့ဖူးသောကြောင့် ကြောက်ရွံ့ခြင်းကိုဆိုလိုသည်။ အကယ်၍ USCIS မှ well-founded fear ဟုယူဆထားချက်ကို ပြန်လည်ခြေပနိုင်ခဲ့လျှင်လည်း ပြင်းထန်သည့် past persecution (သို့) အခြားပြင်းထန်သည့် အန္တရာယ် အပေါ်အခြေခံ၍ လျှောက်ထားသူသည် asylum အောင်နိုင်ချေရှိသေးသည်။ ပိုမိုလေ့လာရန် [Asylum Adjudications Supplement] ကိုကြည့်ပါ။

Previous