USIRD Connect

၂၄။ Summary

Persecution
Persecution ကို သက်သေပြရန်အတွက် လျှောက်ထားသူသည် ၄င်းတွေ့ကြုံခံစားခဲ့ရသော ထိခိုက်နစ်နာမှုသည် အစိုးရ သို့မဟုတ် အစိုးရမှ ထိန်းချုပ်နိုင်စွမ်းမရှိသော သို့မဟုတ် မထိန်းချုပ်လိုသော အဖွဲ့အစည်းတစ်ခုမှ ကျူးလွန်ခဲ့ကြောင်း သက်သေပြရပါမည်။
Persecution ကို သက်သေပြရန်အတွက် လျှောက်ထားသူမှ တွေ့ကြုံခံစားရသော ထိခိုက်မှုအဆင့်နှင့် အမျိုးအစားသည် persecution အတွက် လုံလောက်စွာ ပြင်းထန်ရမည်ဖြစ်ပါသည်။
Persecution ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် တစ်ခုတည်းမရှိပါ။ လမ်းညွှန်ချက်ကို နမူနာဆုံးဖြတ်ချက်များ၊ UNHCR လက်စွဲစာအုပ်နှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများတွင် တွေ့ရှိနိုင်ပါသည်။ လုပ်ရပ်တစ်ခု သို့မဟုတ် လုပ်ရပ်များသည် persecution ဖြစ်မဖြစ် ဆုံးဖြတ်ခြင်းအား လျှောက်ထားသူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများအပါအဝင် အမှု၏အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားကာ အမှုတစ်ခုချင်းအလိုက် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေအရ တားမြစ်ထားသော အဓိက သို့မဟုတ် အခြေခံလူ့အခွင့်အရေးများကို ပြင်းထန်စွာချိုးဖောက်ခြင်းသည် အမြဲတမ်းလိုလို persecution ဖြစ်သည်။ ပြင်းထန်မှုလျော့သော လူ့အခွင့်အရေးချိုးဖောက်မှုများသည်လည်း နှိပ်စက်ညှဉ်းပန်းမှု(persecution) ဟု ယူဆနိုင်ပါသည်။ ခွဲခြားဆက်ဆံမှု၊ နှောင့်ယှက်မှုနှင့် စီးပွါးရေးအရ ထိခိုက်နစ်နာမှုတို့ကို ထိခိုက်မှု၏ ပြင်းထန်မှုနှင့် ကြာချိန်ပေါ်မူတည်၍ persecution ဟု သတ်မှတ်နိုင်သည်။ မကြာမီသေဆုံးမည်ဟုခြိမ်းခြောက်မှု၊ ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာနာကျင်ခြင်း/ဝေဒနာခံစားရခြင်း သို့မဟုတ် အခြားသူတစ်ဦး၏ ရုတ်ချည်းအသက်အန္တရာယ် သို့မဟုတ် ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာနာကျင်မှု/ ဝေဒနာခံစားရခြင်းအန္တရာယ် ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်နိုင်သည်။
တစ်ခုတည်းကြည့်လျှင် persecution မမည်သော အပြုအမူများကို စုစည်း၍ ရှုမြင်သောအခါတွင် persecution ဖြစ်ပေါ်လာနိုင်သည်။
7.2 Eligibility Based on Past Persecution
နိုင်ငံရပ်ခြားဒုက္ခသည်ဆိုင်ရာ အကြောင်းအရာတွင် လျှောက်ထားသူသည် အကာအကွယ်ပေးထားသည့် အကြောင်းရင်းငါးချက်အနက်မှ တစ်ခုခုနှင့်ပတ်သက်၍ past persection ကို သက်သေထူခဲ့လျှင် လျှောက်ထားသူတစ်ဦးသည် refugee status အတွက် အကျုံးဝင်ပါသည်။ လျှောက်ထားသူသည် အနာဂတ်တွင် နှိပ်စက်ညှဉ်းပန်းခံရမည်ကို ကြောက်ရွံ့နေရန် မလိုအပ်ပါ။ ထို့အပြင် အတိတ်ကအန္တရာယ်သည် persecution အဆင့်အထိ မြင့်တက်လာသည်ကို တွေ့ရှိပါက past persecution တစ်ခုတည်းနှင့် status အားခွင့်ပြုရန် ၄င်းအန္တရာယ်သည်ထူးကဲစွာပြင်းထန်နေရန်မလိုပေ။
Asylum အကြောင်းအရာတွင်လျှောက်ထားသူတစ်ဦးသည် past persecution မှတစ်ဆင့် အရည်အချင်းပြည့်မီမှုကို ထူထောင်ပြီးသော်လည်း well-founded fear ရှိမရှိကို စဉ်းစားရဦးမည်ဖြစ်သည်။ ဤစုံစမ်းမေးမြန်းမှုတွင် well-founded fear မရှိတော့ကြောင်း burden of proof နှင့် ရှေ့တန်းတင်သက်သေပြရန် အစိုးရထံတွင် တာဝန်ရှိသည်။ လျှောက်ထားသူတွင် well-founded fear မရှိတော့ကြောင်း ပြသနိုင်လျှင် လျှောက်ထားသူသည် past persecution ၏ ပြင်းထန်မှု သို့မဟုတ် ပြန်လာပါက ၎င်းတို့သည် အခြားသောပြင်းထန်သည့် ထိခိုက်မှုများနှင့် ရင်ဆိုင်ရမည့်အန္တရာယ် ဖြစ်နိုင်ခြေရှိကြောင်း တို့ကြောင့် တိုင်းပြည်သို့ မပြန်လိုခြင်း သို့မဟုတ် မပြန်နိုင်ခြင်းကို ခိုင်လုံစွာ မပြသနိုင်ပါက လျှောက်လွှာကို ငြင်းပယ်ခြင်း သို့မဟုတ် ယတိပြတ်ဆုံးဖြတ်ခြင်းတို့ကိုပြုလုပ်သင့်သည်။

Previous