USIRD Connect

၂၅။ PRACTICAL EXERCISES

သင်သည် ဆယ့်ခြောက်နှစ်အရွယ်မိန်းကလေးတစ်ဦး၏မိဘဖြစ်သည်။ သူမသည် အစိုးရအထက်တန်းကျောင်းတွင် တက်ရောက်နေပြီး ဘင်ခရာအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူမသည် သင်ရိုးညွှန်းတမ်း ပြင်ပလှုပ်ရှားမှုများစွာတွင်လည်း ပါဝင်ခဲ့သည်။ သူမသည် GPA 3.8 ရရှိထားပြီး ထင်ရှားသော တက္ကသိုလ်များစွာမှ လက်ခံကြောင်းရရှိထားပြီးဖြစ်သည်။
သူမသည် Students for Civic Responsibility ဟုခေါ်သော ဒေသဆိုင်ရာတာဝန်များဆောင်ရွက်သည့် ကျောင်းသားကလပ်တစ်ခုတွင် ပါဝင်ပြီး သူမသည် အဓိကစီစဉ်သူဖြစ်သည်
သူမပါဝင်သည့် လုပ်ဆောင်ချက်တစ်ခုမှာ အရပ်ဘက်တာဝန်ကျေမှုများအတွက် Students ဟုလူသိများသောဖြစ်ပြီး သူမသည် အဓိကစီစဉ်သူများထဲမှ တစ်ဦးဖြစ်သည်။ နောက်တစ်ခုမှာ လူမှုရေးပြောင်းလဲမှုအတွက် ဖွဲ့ထားသည့် Students for Social Change ဟူသော ကလပ်ဖြစ်ပြီး သူမဟာ ဒီကလပ်ရဲ့ အတွင်းရေးမှူးဖြစ်ပါတယ်။ ဤကလပ်များသည် ရဲအကြမ်းဖက်မှု၊ အိမ်ထောင်ဖက်အလွဲသုံးစားလုပ်မှု၊ ဒေသန္တရအစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကဲ့သို့သော ကျယ်ပြန့်သော ကိစ္စရပ်များအတွက် သတင်းအချက်အလက်မျှဝေပွဲများကျင်းပရာတွင် အလွန်တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့သည်။ ဤကလပ်များသည် ပြည်တွင်းသတင်းစာများသို့ ဆောင်းပါးများနှင့် စာများကို ပုံမှန်ပံ့ပိုးပေးကြပြီး ကိုယ်ပိုင်ဝဘ်ဆိုဒ်များ ထားရှိကာ ၎င်းတို့၏ လစဉ်သတင်းလွှာများကို ထုတ်လုပ်ပါသည်။
ဆောင်းရက်တစ်ရက်မှာ သင်အလုပ်က အိမ်ပြန်လာတယ်၊ သင့်ရဲ့သမီးသည် တီးဝိုင်းလေ့ကျင့်မှုကနေ သူမပုံမှန်အိမ်ပြန်လာသည့်အချိန်တွင်ပြန်မလာပေ။ မိနစ် ၄၀ ခန့် စောင့်ပြီးနောက်သင်သည် သူမ၏ သူငယ်ချင်းအချို့ကို စတင်ဖုန်းခေါ်သည်။ ယင်းတို့မှ တီးဝိုင်းဒါရိုက်တာဖျားနာနေသောကြောင့် တီးဝိုင်းလေ့ကျင့်မှုကို ဖျက်သိမ်းခဲ့ကြောင်း၊ ကျောင်းပြီးသည့်နောက် မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ကြောင်း ပြောပြသည်။ သင် နောက်ဆုံးဖုန်းပြောသောလူက သင့်သမီးသည် ကျောင်းရှိကားရပ်နားရာနေရာ၌ ရဲအရာရှိအချို့နှင့် စကားပြောနေသည်ကို မြင်ခဲ့ရသော်လည်း ဘတ်စ်ကားက ဆုတ်သွားသောကြောင့် ဖြစ်ပျက်ခဲ့သည်ကို မတွေ့ခဲ့ရဟုပြောသည်။ သင်ကျောင်းကိုဖုန်းဆက်ခဲ့သော်လည်း နောက်ကျနေပြီဖြစ်သောကြောင့် ဖုန်းဖြေသူမရှိပေ။

ထို့နောက် သင်သည် သင့်သမီးနှင့်ပတ်သက်သည့် ပြဿနာတစ်စုံတစ်ရာရှိမရှိ၊ သင့်သမီး မည်သည့်နေရာတွင်ရှိနေသည်ကို သိရှိရန် နယ်မြေရဲစခန်းကို ဖုန်းဆက်သည်။ စခန်းမှ တာဝန်ကျအရာရှိက သင့်သမီးနှင့်ပတ်သက်သော အဖြစ်အပျက် မှတ်တမ်းမရှိ ဟုပြောပြီး ထိုနေ့ကကျောင်းတွင်လည်း မည်သည့်အဖြစ်အပျက်မျှမရှိခဲ့ဟု သင့်ကိုပြောပြသည်။ သင်၏သမီးက ကျောင်းမှာ ရဲအရာရှိတွေနဲ့ နောက်ဆုံးစကားပြောနေတာကို တွေ့သည့်သူရှိကြောင်း သင်ရှင်းပြတဲ့အခါ ရဲအရာရှိက အဲဒီနေ့က ကျောင်းမှာ ရဲဝန်ထမ်းရှိနေခဲ့သည့်မှတ်တမ်းမရှိဟု သင့်ကိုရှင်းပြသည်။ ထို့နောက် လူပျောက်တိုင်ကြားရန် သင်တောင်းဆိုသော်လည်း ပျောက်ဆုံးသွားပြီး 48 နာရီပြည့်မှတိုင်ကြားနိုင်မည်ဟု ပြောကြားသည်။

သင် တခြားနယ်မြေရဲဌာနတွေအားလုံးကို ဖုန်းခေါ်သော်လည်း တူညီသောအကြောင်းအရာကိုသာ ပြောသည်။ သင့်သမီး၏ တည်နေရာကို သိနိုင်သည်ဟု သင်ထင်သောလူမှန်သမျှကို ခေါ်ပြီး အခြေအနေကို ရှင်းပြကာ ခြေရာခံသော်လည်း အဖြေရှာမရပေ။

ည ၁၀:၀၀ မျှရှိပြီဖြစ်သည်။ သင့်ရဲ့ကားပေါ်တက်ပြီး အထက်တန်းကျောင်းမှစကာ အနီးနားတစ်ဝိုက်လုံးကို ပတ်မောင်းသည်။ မနက် ၂ နာရီအထိ မောင်းပြီးသောအခါ အိမ်ပြန်လိုက်သည်။ အိမ်တွင်မည်သူမျှမရှိသည့်အပြင် သင့်ဖုန်းဖြေဆိုသည့်စက်တွင် မည်သည့်မက်ဆေ့ချ်မျှရှိမနေပါ။ သင်နောက်နေ့မနက် အလုပ်နားလိုက်ပြီး ကားဖြင်းထပ်မံရှာဖွေသည်။ နောက်ဆုံးတွင် ရဲဌာနမှ လူပျောက်တိုင်ကြားမှုကို စောစောစီးစီး လက်ခံရန်သင်လုပ်ဆောင်နိုင်ခဲ့သည်။ သင်သည် ဒေသခံရုပ်မြင်သံကြားသတင်းဌာနကိုဆက်သွယ်ပြီးအကူအညီတောင်းသည်။ ၄င်းတို့မှ သူမပြန်ပေါ်လာခဲ့သော် နောက်ရက်ပြန်ဖုန်းဆက်ရန်ပြောကြားသည်။

သုံးရက်မြောက်နေ့တွင် အလုပ်ထပ်မံနားပြီး သင်၏သမီးကို ဆက်လက်ရှာ၏။ ရှာမတွေ့ပေ။

စတုတ္ထမြောက်နေ့တွင်လည်း ထိုအတိုင်းပင်။ သို့သော် ထိုနေ့ညသန်းခေါင် နံနက် ၁း၀၀ နာရီတွင် တယ်လီဖုန်း ဝင်လာပြီး သမီးဖြစ်သူ ငိုယိုကာ စည်ပင်သာယာ အဆောက်အအုံ အပြင်ဘက်သို့ လာခေါ်ရန် တုန်လှုပ်ချောက်ချားသော အသံဖြင့်ပြောဆိုသည်ကိုကြားရသည်။ သင်သည် အဆောက်အဦးဆီသို့ ဒုန်းဆိုင်းသွားပြီး ဖုန်းတဲထဲတွင် ကျုံ့ကျုံ့လေးရှိနေသော သင်၏သမီးကို တွေ့သည်။ သူမတွင် ဒဏ်ရာအနာတရရှိမရှိ သေချာအောင် ကြည့်ရှုပြီး အိမ်ကိုခေါ်သွားခဲ့သည်။

သူမကို စိတ်တည်ငြိမ်အောင်ထားပြီးမှ ဖြစ်ပျက်ခဲ့တာတွေအကြောင်း သူမနှင့် ပြောသည်။ ရဲတွေက ကျောင်းကိုရောက်လာပြီး သူမ ကျောင်းကထွက်လာချိန်မှာ တားခဲ့တာလို့ သူမက ပြောပြပါတယ်။ သူမ၏ identity ကိုစစ်ဆေးအတည်ပြုပြီးတာနဲ့ မိသားစု အရေးပေါ်အခြေအနေကြောင့် ရဲစခန်းကိုလိုက်သွားရမယ်လို့ ဆိုပါတယ်။ ရဲစခန်းရောက်တာနဲ့ သူမကို ရှင်းပြခြင်းမရှိပဲလက်ထိပ်ခတ်ပြီး အနက်ရောင်ဝတ်စုံနဲ့လူနှစ်ယောက်က ကားတစ်စီးနဲ့ တစ်နာရီခန့်အဝေးက အခြားအဆောက်အအုံကို ခေါ်ဆောင်သွားသည်။ သူမကို တစ်ယောက်ခန်း အချုပ်ခန်းထဲတွင် ထားရှိခဲ့သည်။ သူမက ရှင်းပြဖို့ တောင်းဆိုနေပေမယ့် ထိုလူများက သူမအား လုံးဝစကားမပြောပေ။ သူမကို နေ့စဥ်နှစ်နပ်ကျွေးပြီး အခန်းထဲတွင် ရေဘုံဘိုင် နှင့် ဘေစင် ပါရှိသည်။ နောက်ဆုံးရက်တွင် ရှင်းပြခြင်းမရှိပဲ သူ့ကို အချုပ်ခန်းကနေ ပြန်ခေါ်ထုတ်ပြီး စည်ပင် အဆောက်အဦးရှေ့မှာ ချထားခဲ့သည်။ တယ်လီဖုန်းတဲကိုတွေ့ပြီး အိမ်ကိုခေါ်သည်။ ထိုလူတွေကဘယ်သူတွေလဲ၊ ဘာကြောင့် လေးရက်ကြာ ချုပ်နှောင်ထားတယ်ဆိုတာ သူမ မသိပါဘူး။
နောက်နေ့ကျတော့ ရဲကိုဖုန်းဆက်ပြီး ရှင်းလင်းချက်တောင်းပေမယ့် မင်းဘာအကြောင်းကိုပြောနေမှန်းကို မသိဘူးလို့ သူတို့က ပြန်ပြောပြတယ်။ ဒေသခံ ရုပ်မြင်သံကြားဌာနမှ သတင်းထောက်တစ်ယောက်ကို ဖုန်းခေါ်ပြီး အခြေအနေကို ရှင်းပြဖို့ ကြိုးစားပေမယ့် သတင်းထောက်က ပိုမိုတိကျသောအချက်အလက်မရှိလျှင် မကူညီနိုင်ဟု ပြောပါသည်။ ဒီကြားထဲမှာ သင်၏သမီးက အိမ်အပြင်ထွက်ဖို့ ငြင်းဆန်ပြီး တစ်ယောက်တည်းနေရမှာကို ကြောက်နေသည်။

နောက်ဆုံးတော့ တစ်နေ့မှာ သင့်ထံ အမည်မသိ တယ်လီဖုန်း ခေါ်ဆိုမှုတစ်ခု ရောက်လာပြီး မင်းရဲ့သမီးဟာ FBI ရဲ့ ချုပ်နှောင်မှုကိုခံခဲ့ရခြင်းဖြစ်ကြောင်း ဖုန်းခေါ်ဆိုသူက ပြောပြလာပါတယ်။ သင်သည်အနီးဆုံး FBI ရုံးကို ဖုန်းဆက်ပြီး ရှင်းပြချက်တောင်းသည်။ ၄င်းတို့က ဤဖြစ်စဉ်မှာ သင့်ကိစ္စမဟုတ်ကြောင်းနှင့် လက်မခံပါက ရက်ပေါင်းများစွာ ချုပ်နှောင်ခံရနိုင်ကြောင်းသာပြောကြားခဲ့သည်။

Discussion:
၈။ သင့်သမီးသည် နှိပ်စက်ညှဉ်းပန်းခြင်း၏ သားကောင်ဖြစ်သည်ဟု သင် ကောက်ချက်ချမလား။ သို့ဆိုလျှင် အဘယ်ကြောင့်နည်း? သို့မဟုတ်လျှင် အဘယ်ကြောင့်နည်း?

Previous