USIRD Connect

၂၆။ PRACTICAL EXERCISES 2

Title: Matter of H- - Past Persecution
Student Materials:
Fact Pattern:
လျှောက်ထားသူသည် ဆိုမာလီယာ (Somalia) နိုင်ငံဇာတိဖြစ်ပြီး Darood မျိုးနွယ်စုနှင့် Marehan မျိုးနွယ်စုခွဲ၏ မျိုးနွယ်ရင်းတစ်ဦးဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် အသံပိုင်းဆိုင်ရာ သို့မဟုတ် လေယူလေသိမ်းဖြင့် ခွဲခြားသတ်မှတ်နိုင်သည့် အဖွဲ့အစည်းမျိုးဖြစ်သည်။ ဆိုမာလီယာလူဦးရေ၏ ၁ ရာခိုင်နှုန်းအောက်သာရှိသော Marehan မျိုးနွယ်စုဝင် Mohammed Siad Barre က ဆိုမာလီယာကို ၂၁ နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလတွင် အခြားသော မျိုးနွယ်စုဝင်များက အုံကြွမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် Mohammed Siad Barre သည် ၎င်း၏အာဏာကို စွန့်လွှတ်ကာ မြို့တော် Mogadishu သို့ ဇန်နဝါရီလ ၂၁၊ ၁၉၉၁ ခုနှစ်တွင် ထွက်ပြေးခဲ့ရသည်။
Mohammed Siad Barre ၏ တစ်ခါတစ်ရံတွင် ရက်စက်ကြမ်းကြုတ်လေ့ရှိသော အုပ်ချုပ်မှု ကာလအတွင်း Marehan မျိုးနွယ်စုဝင်များအား မျက်နှာသာပေးခြင်း၏ ရလဒ်အနေဖြင့် ဤအစိုးရကို တော်လှန်ပုန်ကန်သော မျိုးနွယ်စုများသည် အစိုးရထံမှ အကျိုးအမြတ်ရရှိသူများကို လက်တုံ့ပြန်ရန် ကြိုးပမ်းခဲ့ကြသည်။ လျှောက်ထားသူ၏ဖခင်သည် Marehan မျိုးနွယ်စုခွဲ၏အဖွဲ့ဝင်အဖြစ်မှ အကျိုးအမြတ်များစွာရရှိခဲ့သော စီးပွါးရေးသမားဖြစ်ပြီး ၄င်းသည် ဇန်နဝါရီလ ၁၂ရက်၊ ၁၉၉၁ ခုနှစ်တွင် Mogadishu ရှိ ၎င်း၏စီးပွါးရေးလုပ်ကိုင်ရာနေရာတွင် Hawiye မျိုးနွယ်စုဝင်အများစုပါဝင်သော အတိုက်အခံ ယူနိုက်တက်ဆိုမာလီကွန်ဂရက်၏အဖွဲ့ဝင်များထံမှ အသတ်ခံခဲ့ရသည်။ မြို့၏ Marehan အပိုင်းတွင်တည်ရှိိသော လျှောက်ထားသူ၏ မိသားစုနေအိမ်ကို ၂ ရက်အကြာတွင် အလားတူအဖွဲ့မှ ပစ်မှတ်ထားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အတွင်း လျှောက်ထားသူ၏အစ်ကိုဖြစ်သူမှာ သေနတ်ထိမှန်ခဲ့သည်။ နောက်ပိုင်းတွင် ဒဏ်ရာကိုကုသရန်အတွက် ပို့ဆောင်ခဲ့သောဆေးရုံတွင် အသတ်ခံခဲ့ရသည်။
လျှောက်ထားသူ၏နေအိမ်ကို တိုက်ခိုက်ပြီး ၁ ရက်အကြာ၊ ဇန်နဝါရီ ၁၃ ရက်၊ ၁၉၉၁ တွင် ၄င်း၏ မိထွေး၊ မွေးချင်းများနှင့်အတူ Mogadishu မြို့မှ Darood မျိုးနွယ်စု၏ အမာခံနယ်မြေဖြစ်သော Kismayu ဟူသောမြို့လေးသို့ ထွက်ပြေးခဲ့သည်။ ၁လခန့်ကြာပြီးနောက် ထိုမြို့ကို ယူနိုက်တက်ဆိုမာလီကွန်ဂရက်မှ တိုက်ခိုက်ခဲ့သည်။ ရလဒ်အနေဖြင့် ထိုအချိန်တွင် ၎င်း၏မိသားစုနှင့်အတူမရှိခဲ့သော လျှောက်ထားသူသည် အခြား Darood မျိုးနွယ်ဝင်များစွာနှင့်အတူ စွဲချက်မတင်ဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ ၅ရက်ကြာ ချုပ်နှောင်ထားစဉ်တွင် လျှောက်ထားသူသည် ဦးခေါင်း၊ နောက်ကျောနှင့် လက်ဖျံတို့တွင် ရိုင်ဖယ်သေနတ်ဒေါင်၊ လှံစွပ်တို့ဖြင့် ရိုက်နှက်ခံခဲ့ရပြီး ယနေ့အထိခန္ဓာကိုယ်တွင်အနာရွတ်များ ကျန်နေသေးသည်။ ယူနိုက်တက်ဆိုမာလီကွန်ဂရက်၏အဖွဲ့ဝင်တစ်ဦးဖြစ်သည့်လျှောက်ထားသူ၏မိခင်ဘက်မှ ဦးလေးဖြစ်သူတစ်ဦးသည် သူ့အားမှတ်မိပြီး ထွက်ပြေးလွတ်မြောက်ရန်ကူညီခဲ့ကာ ကင်ညာဘက် ၄၀ ကီလိုမီတာခန့်အကွာအဝေး သို့မောင်းနှင်ခေါ်ဆောင်အပေးခဲ့သည်။
Discussion:
လျှောက်ထားသူသည် အတိတ်က ထိခိုက်နစ်နာမှု သို့မဟုတ် နှိပ်စက်မှုကြောင့် မိမိနိုင်ငံသို့ မပြန်လိုခြင်း သို့မဟုတ် မပြန်နိုင်ခြင်းလား။ Yes ▢ No ▢
မဟုတ်ပါက မေးခွန်း ၃ သို့သွားပါ။ ဟုတ်ပါက ပြစ်မှုကျူးလွန်သူ(များ)ကို ခွဲခြားသတ်မှတ်ပြီး ထိခိုက်မှု သို့မဟုတ် နှိပ်စက်မှုကို ဖော်ပြပါ။
Perpetrators:
ထိခိုက်မှု/နှိပ်စက်မှု
အဆိုပြုထားသော ထိခိုက်နစ်နာမှု သို့မဟုတ် နှိပ်စက်မှု သည် persecution အဆင့်အထိ မြင့်တက်လာပါသလား။ မဟုတ်ခဲ့လျှင် ရှင်းပြပါ။ Yes ▢ No ▢

Previous