USIRD Connect

၃၄။ SUPPLEMENTS

Asylum Adjudications Supplement
Exercise of Discretion to Grant Based on Past Persecution, No Well- Founded Fear
အကာအကွယ်ပေးထားသော လက္ခဏာတစ်ခုကြောင့် အတိတ်တွင်နှိပ်စက်ညှဉ်းပန်းခံရပါက လျှောက်ထားသူသည် ပြဌာန်းထားသော ဒုက္ခသည်အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီပါသည်။ စည်းမျဥ်းစည်းကမ်းနှင့် အမှုတွဲဥပဒေသည် well-founded fear of persecution မရှိသော်လည်း အတိတ်တွင်နှိပ်စက်ညှဉ်းပန်းခံခဲ့ရသော ဒုက္ခသည်တစ်ဦးအား ခိုလှုံခွင့်ပေးရန် ဆုံးဖြတ်ပိုင်ခွင့် နှင့်သက်ဆိုင်သော လမ်းညွှန်ချက်များကို ပေးဆောင်ထားသည်။
• Granting Asylum in the Absence of a Well-Founded Fear
အောက်ဖော်ပြပါနှစ်ခုစလုံး ဖြစ်ပေါ်ခြင်းမရှိပါက well-founded fear of future persecution မရှိတော့သော လျှောက်ထားသူတစ်ဦးအား ခိုလှုံခွင့် ငြင်းပယ်ရန် တရားစီရင်ရေးမှူး၏ ဆုံးဖြတ်ချက်ကို ကျင့်သုံးသင့်သည်ဟု ညွှန်ကြားထားသည့် စည်းမျဥ်းစည်းကမ်းများ :
"လျှောက်ထားသူသည် past persecution ပြင်းထန်မှုကြောင့် နိုင်ငံသို့မပြန်လိုခြင်း သို့မဟုတ် မပြန်နိုင်ခြင်းတို့အတွက် ခိုင်လုံသောအကြောင်းပြချက်များကို ဖော်ပြခဲ့ခြင်း"
"လျှောက်ထားသူသည် ထိုနိုင်ငံသို့ ဖယ်ရှားခံရသောအခါတွင် အခြားသော ပြင်းထန်သော ထိခိုက်မှုမျိုး ခံစားရနိုင်သည့် ကျိုးကြောင်းဆီလျော်သော ဖြစ်နိုင်ခြေရှိကြောင်း လျှောက်ထားသူမှသက်သေထူးထားခြင်း။”
• Severity of Past Persecution
Past persecution တစ်ခုတည်းကိုအခြေခံ၍ ခိုလှုံခွင့်ပေးအပ်ရန် မည်သည့်အချိန်တွင်ဆုံးဖြတ်ရမည်ကို အကဲဖြတ်ရာတွင် သင်ထည့်သွင်းစဉ်းစားသင့်သည့် အချက်များမှာ :
နှိပ်စက်ညှဉ်းပန်းမှု ကြာချိန်
နှိပ်စက်ညှဉ်းပန်းမှု၏ ပြင်းထန်မှု
နှိပ်စက်ညှဉ်းပန်းချိန်ရှိ အသက်အရွယ်
မိသားစုဝင်များ၏ နှိပ်စက်ညှဉ်းပန်းခံရမှု
နှိပ်စက်ညှဉ်းပန်းခံရသည့် အခြေအနေများ
လျှောက်ထားသူသည် နှိပ်စက်ညှဉ်းပန်းခံရသောနိုင်ငံသို့ ပြန်လာရမည်မှာ အလွန်အမင်း ကြောက်စရာကောင်းနေခြင်း (သို့) နာကျင်စေခြင်းရှိမရှိ
နှိပ်စက်မှုမှပေါက်ဖွားလာသော ကျန်းမာရေး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ သို့မဟုတ် အခြားသောနောက်ဆက်တွဲဆိုးကျိုးများရှိမရှိ
အခြားသက်ဆိုင်ရာအချက်များ
• BIA Precedent Decisions
BIA ဆုံးဖြတ်ချက်များသည် နှိပ်စက်ညှဉ်းပန်းမှု အလွန်ပြင်းထန်သည့် အခြေအနေများတွင် well-founded fear မရှိဘဲ ခိုလှုံခွင့်ပေးရန် ခိုင်လုံသောအကြောင်းပြချက်ကို လမ်းညွှန်ပေးထားသည်။
Matter of Chen
Chen ၏ကိစ္စရပ်တွင် BIA သည် အနာဂတ်တွင်နှိပ်စက်ညှဉ်းပန်းခံရနိုင်ခြေနည်းပါးသော လျှောက်ထားသူအား ခိုလှုံခွင့်ပေးရန် ဆုံးဖြတ်ချက်ကို ကျင့်သုံးသင့်သည်ဟု ယူဆခဲ့သည်။ ယင်းအမှုတွင် လျှောက်ထားသူသည် တရုတ်နိုင်ငံ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း သူကိုယ်တိုင်ရော သူ့မိသားစုပါ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် သမိုင်းကြောင်းရှိသည်။ ငယ်ငယ်က (ရှစ်နှစ်သားအရွယ်ကတည်းက) လျှောက်ထားသူသည် နေအိမ်အကျယ်ချုပ်ဖြင့် ခြောက်လကြာ ချုပ်နှောင်ခံခဲ့ရပြီး ကျောင်းတက်ခွင့်မရခဲ့ဘဲ နောက်ပိုင်းတွင် ကျောင်းရှိ ဆရာများနှင့်အတန်းဖော်များ၏ စော်ကားနှိပ်စက်ခြင်းကိုခံခဲ့ရသည်။ လျှောက်ထားသူသည် နှစ်နှစ်ကြာ ပြန်လည်သင်ကြားရေးပြုလုပ်ခဲ့ရပြီး ယင်းကာလအတွင်း ကိုယ်ထိလက်ရောက် စော်ကားခံရမှုကြောင့် အကြားအာရုံဆုံးရှုံးခြင်း၊ စိုးရိမ်စိတ်နှင့် သတ်သေချင်စိတ်များ ဖြစ်ပေါ်ခဲ့သည်။ လျှောက်ထားသူသည် အတိတ်က နှိပ်စက်ညှဉ်းပန်းမှုတစ်ခုတည်းအပေါ် အခြေခံ၍ ခိုလှုံခွင့်လျှောက်ထားသူတွင် အရည်အချင်းပြည့်မီကြောင်း တွေ့ရှိပြီး BIA သည် လျှောက်ထားသူတွင် တရုတ်နိုင်ငံ၌ မိသားစုမရှိတော့ကြောင်းနှင့် အနာဂတ်တွင်နှိပ်စက်ညှဉ်းပန်းခံရရန်အ​ကြောင်း မရှိတော့သော်လည်း လျှောက်ထားသူသည် အနာဂတ်အန္တရာယ်ကိုစိုးရိမ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။
Chen ၏ကိစ္စရပ်သည် past persecution တစ်ခုတည်းအပေါ် အခြေခံ၍ ခိုလှုံခွင့် အရည်အချင်းပြည့်မီမှုဆိုင်ရာ ရှေ့ပြေးအုပ်ချုပ်ရေး သဘောထားအမြင်တစ်ခုဖြစ်သည်။ သို့သော်လည်း ဤအမှုသည် ခိုလှုံခွင့်ပေးရန်အတွက် လိုအပ်သော ထိခိုက်မှုပြင်းထန်မှု အတိုင်းအတာကို ချမှတ်မပေးထားပါ။ တစ်နည်းဆိုရသော် past persecution တစ်ခုတည်းကို အခြေခံ၍ ခိုလှုံခွင့်ရရန် Chen ထိခိုက်နစ်နာမှု ပြင်းထန်ရန် မလိုအပ်ပါ။ သို့ရာတွင်၊ ဖော်ပြထားသောထိခိုက်မှုသည် Chen ခံစားရသည့်ဒုက္ခနှင့် နှိုင်းယှဉ်ပါက၊ ခိုလှုံခွင့်ခွင့်ပြုရန် ဆုံးဖြတ်ပိုင်ခွင့်ကျင့်သုံးခြင်းကို အာမခံနိုင်သည်။
Matter of H-
H- ၏ကိစ္စရပ်တွင် BIA သည် လျှောက်ထားသူအား well-founded fear မရှိဘဲ ခိုလှုံခွင့်ပြုရန်ကိစ္စအား မဆုံးဖြတ်ခဲ့ပေ။ သို့သော် ခိုလှုံခွင့်အာမခံချက်ရှိမရှိကို ဆုံးဖြတ်ရန် IJ သို့ အမှုကို တင်သွင်းခဲ့သည်။ BIA က “past persecution နှင့်ပတ်သက်သော case များအတွက်တွေ့ရှိချက်များကိုဗဟိုပြုစစ်ဆေးရာတွင် လျှောက်ထားသူသည် ၄င်း ယခင်ကညှင်းပန်းနှိပ်စက်ခံခဲ့ရသော နိုင်ငံသို့ပြန်ရန် ဖိအားပေးခံခဲ့ရပါက ပါဝင်လာနိုင်သော ငြင်းဆန်၍မရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားချက်များကို ဂရုတစိုက် အာရုံစိုက်သင့သည်”ဟုဆိုထားသည်။
Matter of B-
B- ၏ကိစ္စရပ်တွင် BIA မှ ယခင်ကွန်မြူနစ်အစိုးရလက်ထက်က နှိပ်စက်ညှဉ်းပန်းခံခဲ့ရသော အာဖဂန်နစ္စတန်နိုင်ငံသားသည် နှိပ်စက်ညှဉ်းပန်းမှုခံရနိုင်ချေမရှိတော့ကြောင်း တွေ့ရှိသည်။ မည်သို့ပင်ဆိုစေကာမူ BIA သည် ယခင်က လျှောက်ထားသူ ကြုံတွေ့ခဲ့ရသည့် နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်မှုအပေါ် အခြေခံ၍ ခိုလှုံခွင့်ပေးပိုင်ခွင့်ကို ကျင့်သုံးသင့်သည် ဟုဆိုသည်။ နှိပ်စက်ညှဉ်းပန်းမှုများတွင် ၁၃ လကြာ ထိန်းသိမ်းခံခဲ့ရပြီး ထိုကာလအတွင်း လျှောက်ထားသူသည် မကြာခဏ ရုပ်ပိုင်းဆိုင်ရာ (အိပ်ရေးပျက်ခြင်း၊ ရိုက်နှက်ခြင်း၊ လျှပ်စစ်ရှော့တိုက်ခြင်း၊ ) နှင့် စိတ်ပိုင်းဆိုင်ရာ (ဖမ်းချုပ်ခံရ၍မိသားစုနှင့် ခွဲခွာနေရသည့် သူ့ဖခင်၏အခြေအနေကို မသိရခြင်း) နှိပ်စက်ညှဉ်းပန်းမှု၊ မလုံလောက်သော အစားအသောက်နှင့် ဆေးဝါးစောင့်ရှောက်မှု၊ ရာဇဝတ်သားများနှင့် ပေါင်းသင်းဆက်စပ်ရခြင်း၊ ဆုံးဖြတ်ချက်ချချိန်တွင် အာဖဂန်နစ္စတန်တွင် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်များ တို့ပါဝင်သည်။
Matter of N-M-A-
N-M-A- ၏ကိစ္စရပ်တွင် လျှောက်ထားသူ၏ဖခင် ပြန်ပေးဆွဲခံရခြင်း၊ လျှောက်ထားသူ၏နေအိမ်ကို နှစ်ကြိမ်ရှာဖွေခဲ့ခြင်းနှင့် လျှောက်ထားသူအား တစ်လကြာ ထိန်းသိမ်းခံခဲ့ရခြင်း (ထိုကာလအတွင်း မကြာခဏအရိုက်ခံရပြီး သုံးရက်ကြာ အစာငတ်ခံခဲ့ရသည်။) တို့ဖြစ်ပေါ်ခဲ့ပြီး BIA မှ well-founded fear မရှိဘဲ ခိုလှုံခွင့်ပြုခြင်းကို အာမမခံကြောင်းတွေ့ရှိခဲ့သည်။ နိဂုံးချုပ်ရလျှင် BIA မှ ထိခိုက်မှုသည် အတိုင်းအတာ ကြီးကြီးမားမားမဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုအထိသာ ခံစားခဲ့ရခြင်းဖြစ်ပြီး ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု မဖြစ်ပေါ်စေခဲ့သောကြောင့် well-founded fear မရှိသည့်အတွက် ခိုလှုံခွင့်မပေးဟုမှတ်ချက်ချခဲ့သည်။
Matter or S-A-K- and H-A-H-
S-A-K- နှင့် H-A-H- ကိစ္စရပ်များတွင် BIA သည် မိခင်နှင့်သမီး ကြုံတွေ့ခဲ့ရသည့် နှိပ်စက်ညှဉ်းပန်းမှု၏ ပြင်းထန်မှုအပေါ် အခြေခံ၍ FGM တွင်အလိုအလျောက် အကျုံးဝင်ပြီး ခိုလှုံခွင့်ပေးရန် ဆုံးဖြတ်သင့်ကြောင်း BIA မှ ခံယူထားသည်။ နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်ကြောင်း တွေ့ရှိရာတွင် ဘုတ်အဖွဲ့မှ ထည့်သွင်းစဉ်းစားသည့် အချို့သောအချက်များမှာ- လျှောက်ထားသူ၏သမီးသည် ငယ်စဉ်အရွယ်တွင် FGM (Female genital mutilation - အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်ခြင်း) ကို မေ့ဆေးမပါဘဲ ပြုလုပ်ခြင်းခံခဲ့ရသည်။ မိခင်ဖြစ်သူသည်လည်း ပြုလုပ်ခြင်းခံရပြီးနောက်တွင် ရောဂါကူးစက်မှုကြောင့် သေဆုံးလုနီးပါးဖြစ်ခဲ့ရသည်။ မိခင်နှင့်သမီး နှစ်ဦးစလုံးသည် ၎င်းတို့၏ မိန်းမအင်္ဂါကို ပြန်လည်ဖွင့်ခြင်းပြုလုပ်ခဲ့ရသည်။ မိခင်၏ဖြစ်ရပ်တွင် ငါးကြိမ်ခန့်ဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် ဆေးဘက်ဆိုင်ရာပြဿနာများကို ဆက်လက်ကြုံတွေ့နေရသည် (ဥပမာ - မိခင်ဖြစ်သူသည် ပြင်းထန်သည့်နာကျင်မှုခံစားရပြီး သမီးဖြစ်သူသည် ဆီးသွားရန်ခက်ခဲပြီး ဓမ္မတာမလာနိုင်ပေ)။ ထို့ပြင် သမီးများအား FGM ချထားခြင်းကို မိခင်ဖြစ်သူမှဆန့်ကျင်သောကြောင့် ရိုက်နှက်ခံခဲ့ရသည်။
Federal Court Decisions
အထက်ဖော်ပြပါ ဆုံးဖြတ်ချက်များနှင့် အောက်ပါ ဖက်ဒရယ်ကိစ္စရပ်များအားနှိုင်းယှဉ်ခြင်းဖြင့် ဤစံသတ်မှတ်ချက်၏အသုံးချမှုကို နားလည်ရန် သင့်အားကူညီပေးပါလိမ့်မည်။
Eighth Circuit – Reyes-Morales v. Gonzales
လျှောက်ထားသူ အတိတ်တွင်နှိပ်စက်ညှဉ်းပန်းခံရမှုသည် well-founded fear မလိုပဲ ခိုလှုံခွင့်ပေးနိုင်လောက်အောင် ပြင်းထန်ကြောင်း သက်သေမထူနိုင်သောကြောင့် BIA ၏ ခိုလှုံခွင့်ငြင်းဆိုချက်ကို တရားရုံးက ထောက်ခံခဲ့သည်။ ဤကိစ္စတွင် Salvadoran စစ်တပ်၏အဖွဲ့ဝင်များသည် လျှောက်ထားသူအား သတိလစ်မေ့မြောသွားသည်အထိရိုက်နှက်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုနှင့် အမာရွတ်များစွာ ဖြစ်စေခဲ့သည်။ ထိုဖြစ်ရပ်အတွင်း လျှောက်ထားသူ၏သူငယ်ချင်းမှာ သေဆုံးသွားခဲ့သည်။ ပြန်လည်သုံးသပ်ရာတွင် ဖက်ဒရယ်တရားရုံးသည် စိတ်လိုလက်ရဘက်လိုက်စွာပြုလုပ်ခြင်းမဟုတ်ပါက BIA ၏စီရင်ဆုံးဖြတ်မှုကို နှောင့်ယှက်ခြင်းမပြုနိုင်ပါ။
Third Circuit – Lukwago v. Ashcroft
ပြောက်ကျားအဖွဲ့မှ ကလေးများအား အတင်းအကြပ် စုဆောင်းခြင်းသည် နှိပ်စက်ညှဉ်းပန်းမှုဖြစ်နိုင်သော်လည်း အကာအကွယ်ပေးထားသည့်အချက်ကြောင့် မဟုတ်ကြောင်း တရားရုံးကဆိုသည်။ လျှောက်ထားသူသည် အကာအကွယ်ပေးထားသည့်အချက်ကြောင့် ထိခိုက်နစ်နာသည်ဟု သက်သေမထူထားပါက အတိတ်မှထိခိုက်မှု၏ ပြင်းထန်မှုသည် well-founded fear မရှိပဲ ခိုလှုံခွင့်ပြုခြင်းအတွက် အခြေခံလိုအပ်ချက်ကို မပေးနိုင်ပါ။
• “Other Serious Harm”
လျှောက်ထားသူ၏ အတိတ်မှညှဉ်းပန်းနှိပ်စက်ခံရမှုမှာ ပြင်းထန်သောနှိပ်စက်ညှဉ်းပန်းမှုအဆင့်သို့မတိုးသေးသည့်တိုင် past persecution ကိုခံစားခဲ့ရသော လျှောက်ထားသူသည် နိုင်ငံသို့ပြန်လျှင် ပြင်းထန်သည့်အခြားသောအန္တရာယ်တွေ့ကြုံနိုင်ခြေရှိပါက well-founded fear မရှိဘဲ ခိုလှုံခွင့်ပြုနိုင်ခြေရှိသည်။
“ပြင်းထန်သည့်အခြားသောအန္တရာယ်” ဆိုသည်မှာ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ လူမှုရေးအဖွဲ့တစ်ခုတွင် အဖွဲ့ဝင်ခြင်း သို့မဟုတ် နိုင်ငံရေးအမြင်အရ ထိခိုက်ခြင်း မဟုတ်နိုင်သည့်အန္တရာယ်ကိုဆိုလိုသည်။ သို့သော် ၎င်းသည် အလွန်ပြင်းထန်ပါက နှိပ်စက်ညှဉ်းပန်းမှု၏ပြင်းထန်မှုနှင့် ညီမျှသည်။
ပြင်းထန်သည့်အခြားသောအန္တရာယ် ဖြစ်နိုင်ခြေရှိမရှိကို သုံးသပ်ရာတွင် လျှောက်ထားသူအား ပြင်းထန်စွာထိခိုက်စေနိုင်သော လက်ရှိအခြေအနေများဖြစ်သည့် ပြည်တွင်းပဋိပက္ခနှင့် စီးပွားရေးအရဆုံးရှုံးနစ်နာမှုများအပြင် လျှောက်ထားသူ၏ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်သည့် အလားအလာများအပေါ် အာရုံစိုက်သင့်သည်။ ရာသီဥတုပြောင်းလဲမှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များ (အလွန်အမင်းမိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အငတ်ဘေး၊ ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စသဖြင့်) ကဲ့သို့သော လျှောက်ထားသူအား ပြင်းထန်စွာထိခိုက်စေနိုင်သည့် အခြားသောလက်ရှိအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါသည်။ သာမှန်မျှစီးပွါးရေးအရအကျိုးယုတ်ခြင်း သို့မဟုတ် လူတစ်ဦး၏ မူလအသက်မွေးဝမ်းကြောင်းအတိုင်း အသက်မွေးဝမ်းကြောင်းမပြုနိုင်ခြင်း တို့သည်“ပြင်းထန်သည့်အခြားသောအန္တရာယ်” အဖြစ် အရည်အချင်းမပြည့်မှီပါ။
ဤစည်းမျဉ်းကို ထည့်သွင်းစဉ်းစားထားသော ပြည်ထောင်စုတရားရုံးနှစ်ခုမှ အောက်ပါအခြေအနေများသည် “ပြင်းထန်သည့်အခြားသောအန္တရာယ်” အဖြစ် အရည်အချင်းပြည့်မီနိုင်သည်ဟု မှတ်ချက်ပြုထားသည်။
လိုအပ်သောဆေးဝါးကုသမှု မရရှိနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှု
တိကျသောဆေးဝါးကုသမှု မရရှိနိုင်မှုကြောင့် အားနည်းခြင်းနှင့် အိမ်ခြေရာမဲ့ဖြစ်ခြင်း
T-Z- ၏ကိစ္စရပ်တွင် BIA သည် နှိပ်စက်ညှဉ်းပန်းမှုအဆင့်သို့ တိုးမြင့်လာရန် နှင့် ထိုကဲ့သို့ဖြစ်ရန်အတွက်"ပြင်းထန်သော" စီးပွားရေးအားနည်းချက်အဖြစ် သတ်မှတ်ခံရစေရန် ထိခိုက်နစ်နာမှုသည် ကြီးမားရုံသာမက "ပြင်းထန်" ပြီး တမင်တကာ ဦးတည်ထားခြင်းဖြစ်ရမည်ဖြစ်ကြောင်း တွေ့ရှိသည်။ စီးပွါးရေးအရအကျိုးယုတ်ခြင်းသည် "ပြင်းထန်သည့်အခြားသောအန္တရာယ်"ဖြစ်မဖြစ်ကိုဆန်းစစ်သည့်အခါ ထိခိုက်မှုသည် "ပြင်းထန်သည်" ရှိမရှိဆုံးဖြတ်ရန်လိုအပ်သည်။ ထိုဆုံးဖြတ်ချက်ကိုချမှတ်ရာတွင် မလိုလားသော စီးပွါးရေးအရအကျိုးယုတ်ခြင်းသည် Matter of T-Z မှလိုအပ်သည့်အတိုင်း "ပြင်းထန်သည်" ရှိမရှိအပေါ် သင်၏ခွဲခြမ်းစိတ်ဖြာချက်ကို အာရုံစိုက်ရန် လိုအပ်သော်လည်း စီးပွားရေးအရ ထိခိုက်နစ်နာမှုများကို တမင်တကာဦးတည်ထားကြောင်း သင်ရှာဖွေရန်မလိုအပ်ပါ။ Matter of T-Z- ၏ တမင်တကာဦးတည်ထားကြောင်း လိုအပ်ချက်သည် "ပြင်းထန်သည့်အခြားသောအန္တရာယ်" ကို ခွဲခြမ်းစိတ်ဖြာရာတွင် မလိုအပ်ဘဲ၊ အကြောင်းမှာ ထိုအခြေအနေတွင် မလိုလားသောအန္တရာယ်သည် ကာကွယ်ထားသော လက္ခဏာတစ်ခုကြောင့် ညှင်းပန်းနှိပ်စက်သူမှ ဆန္ဒဖြင့်ချမှတ်ထားရန် မလိုအပ်သော်လည်း ဥပမာအားဖြင့် သဘာဝဘေးအန္တရာယ်ကဲ့သို့သော ဆန္ဒအလျောက်မဟုတ်သော အခြေအနေများနှင့် အဖြစ်အပျက်များမှလည်း ဖြစ်ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။


• Additional Humanitarian Factors
ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းများသည် well-founded fear မလိုပဲ ခိုလှုံခွင့်ပေးရန် ဆုံးဖြတ်ပိုင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ပြောင်းလဲစေသည့်အတိုင်းအတာအထိ လက်ရှိစည်းမျဉ်းများသည် ၂၀၀၀ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မတိုင်မီက ချမှတ်ထားသော ဆုံးဖြတ်ချက်များတွင် ပါရှိသော ဆွေးနွေးမှုများကိုအစားထိုးလိုက်သည်။
ဥပမာအားဖြင့် H- ၏ကိစ္စရပ်တွင် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးသည် past persecution နှင့်မသက်ဆိုင်သော လျှောက်ထားသူ၏ အသက်၊ ကျန်းမာရေး၊ (သို့) မိသားစုဆက်ဆံရေး ကဲ့သို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်များကို ထည့်သွင်းစဉ်းစားနိုင်သည်ဟု BIA က ဖော်ပြခဲ့သည်။ သို့သော် နောက်ဆုံးနည်းဥပဒေပါ ဖြည့်စွက်အချက်အလက်များတွင် တရားစီရင်ရေးမှူးများသည် past persecution ၏ ပြင်းထန်မှု သို့မဟုတ် အခြားသော ဆိုးရွားသည့်ထိခိုက်နစ်နာမှုများနှင့် ဆက်စပ်မှုမရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်များအား well-founded fear မလိုပဲ ခိုလှုံခွင့်ပေးရန် ဆုံးဖြတ်ချက်ကို ကျင့်သုံးရာတွင် ထည့်သွင်းစဉ်းစားရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း အတိအကျဖော်ပြထားသည်။ ကြောက်ရွံ့မှုကို တည်ထောင်ခဲ့သည်။ ထို့ကြောင့် လက်ရှိစည်းမျဉ်းများအရ BIA ၏ Matter of H- တွင် ကိုးကားဖော်ပြထားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်များသည် ၎င်းတို့တွင် လျှောက်ထားသူ ခံစားရနိုင်သည့် အတိတ်ကနှိပ်စက်ညှဉ်းပန်းမှု၏ပြင်းထန်မှု သို့မဟုတ် အခြားသောပြင်းထန်သည့်အန္တရာယ်နှင့်ဆက်စပ်မှုရှိမှသာ ဆုံးဖြတ်ချက်ချရန်ခွဲခြမ်းစိတ်ဖြာမှုတွင် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။


Previous