USIRD Connect

B1 Visa - Temporary Business Visitor

မိတ်ဆက်
B1 Visa ဟာ စီးပွားရေး ရည်ရွယ်ချက်နဲ့ အမေရိကန်နိုင်ငံကို ခေတ္တ ခရီးသွားမယ့် သူတွေအတွက် ဖြစ်ပါတယ်။
ဥပမာအနေဖြင့်
● စီးပွားရေး မိတ်ဖက် ညှိနှိုင်းခြင်း၊
● သိပ္ပံ၊ ပညာရေး၊ စီးပွါးရေး Convention (သို့) Conference တက်ခြင်း၊
● ကွယ်လွန်သူတစ်ယောက်၏ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ စီမံခန့်ခွဲခြင်း၊
● စာချုပ်ချုပ်ဆို ညှိနှိုင်းခြင်း၊ ရက်တို သင်တန်းတက်ရောက်ခြင်း၊
● အမေရိကန်နိုင်ငံကို တစ်ထောက်နား Transit အနေဖြင့် ဖြတ်သန်းသွားလာခြင်း၊
● လေကြောင်းအမှုထမ်းများ ပျံသန်း သွားလာခြင်း စသော လုပ်ဆောင်ချက်တွေ အားလုံး B1 Visa အတွင်း အကျုံးဝင်ပါတယ်။

လျှောက်ထားခွင့် စံနှုန်းများ

B1 Visa ရရှိဖို့အတွက် အောက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း တင်ပြရပါမယ်။
● အမေရိကန်နိုင်ငံသို့ လာရောက်ခြင်းဟာ တရားဝင် စီးပွါးရေး ကိစ္စတစ်ခုခု အတွက်ဖြစ်ရမယ်၊ ကိုယ် အတိအကျသတ်မှတ်ထားသော အချိန်ကာလ အတိုင်းအတာ တစ်ခုအတွင်းသာ အမေရိကန်နိုင်ငံထဲ နေထိုင်ဖို့ ရည်ရွယ်ထားရမယ်၊
● ကိုယ်လာရောက်မယ့် အချိန်ကာလ တစ်ခုလုံး အတွက် ကုန်ကျစရိတ် ကျခံနိုင်မယ့် ငွေကြေးပမာဏ ရှိရမယ်၊
● အမိမြေမှာ ကိုယ် စွန့်လွှတ် ချန်လှပ်ထားနိုင်မယ့် နေထိုင်မှုဘဝ မရှိကြောင်းနှင့် အမေရိကန်နိုင်ငံ ရောက်ရှိပြီးချိန်မှာ မိခင်နိုင်ငံသို့ မပျက်မကွက် ပြန်ဖို့ အကြောင်းအရာများ ခိုင်ခိုင်လုံလုံရှိကြောင်း တင်ပြရပါမယ်။

ထို့အပြင် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ခွင့်မပြု‌စေတဲ့ အခြေခံအကြောင်းရင်း ၁၀ ချက်မှလဲ ကင်းရှင်းရမှာ ဖြစ်ပါတယ်။ ဒီ ကင်းရှင်းရမယ့် အချက်များကို အပိုင်း ၃ Inadmissible Aliens မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

လျှောက်ထားမှု လုပ်ငန်းစဉ်

B1 Visa ရရှိဖို့အတွက် လျှောက်ထားမှု လုပ်ငန်းစဉ်များကို www.usird.org Website မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

အမေရိကန်နိုင်ငံနဲ့ အထူးသဘောတူညီမှု ရရှိထားတဲ့ နိုင်ငံများရဲ့ ပြည်သူတွေအတွက် ဆိုလျှင် B1 Visa လျှောက်ထားစရာတောင် မလိုအပ်ပဲ အမေရိကန်နိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်စနစ်တွေ ရှိနေပါသေးတယ်။ ဒီလို ကင်းလွတ်ခွင့် အကြောင်းများကို US Customs & Border Protection (CBP) Website မှာ ထပ်မံ လေ့လာနိုင်ပါတယ်။ စာအုပ် ရေးသားချိန်မှာတော့ ဒီစာရင်းထဲမှာ မြန်မာနိုင်ငံဟာ ထည့်သွင်းခံရခြင်း မရှိသေးပါဘူး။ အမေရိကန်နိုင်ငံထဲကို အခြား Non-Immigrant Status (ဥပမာ ကျောင်းသား F1 Status) နဲ့ ဝင်လာခဲ့တယ်ဆိုပါက အဆိုပါ Status များကနေ အလည်အပတ် B1 Status ကို ပြောင်းလဲလို့ ရပါတယ်။ ထိုကဲ့သို့ Status ပြောင်းလဲခြင်းအတွက် USCIS မှာ Form I-539, Application to Extend/Change Nonimmigrant Status တင်သွင်းလျှောက်ထားခွင့် ရှိပါတယ်။ ဤ Status ပြောင်းလဲခြင်း လုပ်ငန်းစဉ်များကိုလည်း www.usird.org Website မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

နေထိုင်ခွင့် ကာလနှင့် နေထိုင်ခွင့် သက်တမ်းတိုးခြင်း

B1 Visa ကိုင်ဆောင်ထားသူဟာ အမေရိကန်နိုင်ငံမှာ ကနဦး အနေဖြင့် ၁ လ ကနေ ၆ လ အထိ နေထိုင်ခွင့် ကာလ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ထပ်မံ၍ အမေရိကန်နိုင်ငံမှာ ဆက်လက် နေထိုင်ရန် လိုအပ်ပါက B1 Status ကို နောက်ထပ် ၆ လ အထိ ထပ်ဆောင်း သက်တမ်း တိုးခွင့်ရှိပါတယ်။ ယခုလို B1 Status ဖြင့် အများဆုံးနေထိုင်ခွင့်ကိုတော့ ကနဦး နေထိုင်ခွင့် ၆ လ နှင့် သက်တမ်းတိုးခြင်း ၆ လ အပါအဝင် ၁ နှစ်သာ အများဆုံး နေထိုင်ခွင့် သတ်မှတ်ပေးလေ့ ရှိပါတယ်။ သို့သော် ချွင်းချက်များလည်း ရှိနိုင်ပါတယ်။


Previous