F1 Visa - International Student
Students and Employment - F and M Visas
ကိုယ်ဟာ အမေရိကန်နိုင်ငံမှာ အချိန်ပြည့် ကျောင်းသားအဖြစ် ပညာသင်ကြားလိုပါက F သို့မဟုတ် M Visa ကို ရရှိဖို့ လိုအပ်ပါတယ်။
အောက်ပါ အချက်များနှင့်ကိုက်ညီပါက F-1 visa သို့မဟုတ် M-1 visa အတွက် အရည်အချင်း ပြည့်မှီပါတယ်။
● ကိုယ်ဟာ ပညာရေး၊ ဘာသာစကား သို့မဟုတ် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အစီအစဉ်တစ်ခုတွင် လျှောက်ထားမှု ရှိရပါမယ်။
● ကိုယ်လျှောက်ထားတဲ့ကျောင်းဟာ Student Exchange Visitors Program, Immigration နှင့် Customs Enforcement မှ အသိအမှတ်ပြုထားရပါမယ်။
● အဆိုကျောင်းတွင် အချိန်ပြည့်ကျောင်းသားအဖြစ် ကျောင်းလျှောက်ထားရပါမယ်။
● ကိုယ်ဟာ English စာတွင် ကျွမ်းကျင်သူ သို့မဟုတ် English စာကျွမ်းကျင်စေရန် သင်ကြားသော သင်တန်းများတွင် လျှောက်ထားသူဖြစ်ရပါမယ်။
● စာသင်ကာလပတ်တစ်ခုလုံးအတွက် ကုန်ကျစရိတ် ထောက်ပံ့နိုင်ရန် လုံလောက်သော ငွေကြေးပမာဏ ပိုင်ဆိုင်ထားရပါမယ်။
● ကိုယ့်ရဲ့ မွေးရပ်နိုင်ငံကို စွန့်ခွါလိုစိတ်မရှိကြောင်း ပြသရပါမယ်။
F1 Visa - International Student
F-1 visa ကိုကိုင်ဆောင်ထားသူ ကျောင်းသားများဟာ အသိအမှတ်ပြုထားသော (accredited) ကောလိပ်၊ တက္ကသိုလ်၊ အထက်တန်း၊ မူလတန်း နှင့် အခြားသော ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် ဘာသာစကားသင်ကြားရေး အစီအစဉ်များတွင် တက်ရောက်ရန် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက် လာနိုင်ပါတယ်။
ကျောင်းသားများအနေနဲ့ အဆိုပါ ကျောင်းများရှိ သင်တန်းများ နှင့် အစီအစဉ် များတွင် Degree, Diploma (သို့) Certificate ရယူရန် လျှောက်ထားဖို့ လိုအပ်ပါတယ်။ ထို့အပြင် ကိုယ်လျှောက်ထားတဲ့ ကျောင်းဟာလည်း အမေရိကန်အစိုးရမှ နိုင်ငံတကာ ကျောင်းသားများအား လက်ခံရန် ခွင့်ပြုထားတာ ဖြစ်ရပါမယ်။
F1 & M1 Visa Employment
F-1 Visa ကိုင်ဆောင်ထားတဲ့ ကျောင်းသားတွေဟာ ကျောင်းပြင်ပ အလုပ်တွေကို ပထမ ပညာသင်နှစ်မှာ လုပ်ပိုင်ခွင့် မရှိပါဘူး။ သို့သော် သတ်မှတ်ထားသော အခြေအနေ စည်းကမ်းတွေ လိုက်နာပြီး ကျောင်းတွင်းအလုပ် တွေကို လုပ်ကိုင်နိုင်ပါတယ်။ ပထမ ပညာသင်နှစ် ပြီးသွားရင်တော့ F-1 student တွေဟာ ကျောင်းပြင်ပ အလုပ်အမျိုးအစား ၃ မျိုး ဖြစ်တဲ့
● Curricular Practical Training (CPT)
● Optional Practical Training (OPT) (Pre-Completion or Post-Completion)
● Science, Technology, Engineering, and Mathematics (STEM) Optional Practical Training Extension (OPT)
တို့လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
F-1 Visa ကိုင်ဆောင်ထားသော ကျောင်းသားများဟာ ပြင်းထန်တဲ့ စီးပွါးရေး အခက်အခဲ ကြုံတွေ့ရချိန် သို့မဟုတ် Special student relief အတွက် လိုအပ်ချက်ပြည့်မှီခဲ့ပါက ကျောင်းပြင်ပအလုပ်လုပ်ခွင့် ရရှိနိုင်ပါတယ်။
M-1 visa ကျောင်းသားတွေကတော့ ကျောင်းပြီးမှသာလျှင် လက်တွေ့လေ့ကျင့်မှုများမှာ ပါဝင်နိုင်မှာပါ။
F1 နှင့် M1 ကျောင်းသားနှစ်မျိုးစလုံးအတွက် ထို ကျောင်းပြင်ပ လေ့ကျင့်ရေးအလုပ်တွေဟာ ကျောင်းမှ ခွင့်ပြုချက်ရရှိပြီး ကိုယ်တက်ရောက်နေတဲ့ ဘာသာရပ်နှင့် သက်ဆိုင်တဲ့ နယ်ပယ်ထဲမှာ ရှိမှာဖြစ်ပါတယ်။
Student and Exchange Visitor Program နဲ့ ပတ်သက်ပြီး အချက်အလက်များ ပိုမိုသိရှိလိုပါက Student & Exchange Visitor Program, Immigration & Customs Enforcement နဲ့ Study in the States Training Opportunities in the United States website တွေမှာလေ့လာလို့ရပါတယ်။
ပုံမှန်အားဖြင့် နိုင်ငံသားမဟုတ်တဲ့သူတွေ အတွက် DHS မှအလုပ်လုပ်ဖို့ ခွင့်ပြုပေးထားမှသာလျှင် Social Security Number လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ International Students and Social Security Number နဲ့ ပတ်သက်ပြီး ထပ်ဆောင်းအချက်အလက်များကို သိရှိလိုပါက Social Security Administration website မှာလေ့လာလို့ရပါတယ်။
Special Instructions
အကယ်လို့ ကိုယ်က F သို့မဟုတ် M Student Status သို့ပြောင်းလဲရန်စိတ်ဝင်စားပါက USIRD Website ထဲရှိတဲ့ Changing to a Nonimmigrant F or M Student Status page မှာလေ့လာလို့ရပါတယ်။