USIRD Connect

J1 Visa - Exchange Visitor

မိတ်ဆက်
J-1 Visa (Exchange Visitors) ဟာ စာသင်ခြင်း၊ နည်းပြခြင်း၊ စာလေ့လာခြင်း၊ သုတေသန ပြုလုပ်ခြင်း၊ Training တက်ခြင်း၊ ဘွဲ့လွန် ဆေးပညာ သင်ယူခြင်း စတာတွေလုပ်ဖို့ ရည်ရွယ်တဲ့ သူများ အတွက် Visa ဖြစ်ပါတယ်။ Exchange Visitor Program အတွက် Department of State ကနေ အရည်အခြင်းပြည့်မှီတဲ့ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများကို Exchange Sponsor အဖြစ် ဦးစွာ သတ်မှတ်ထား ရပါတယ်။ ပြီးမှ ဒီလို ခွင့်ပြုထားတဲ့ Exchange Sponsor တွေကနေပြီး J-1 Nonimmigrant များကို ခေါ်ယူပေးရတာပါ။
ဒီ Program တွေဟာ ပညာရေး၊ အနုပညာ၊ သိပ္ပံ နဲ့ ပတ်သက်တဲ့ ကျောင်းသားများ၊ ဗဟုသုတများ၊ အရည်အချင်းများ ဖလှယ်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။

January 2022 မှာ DOS မှ Science, Technology, Engineering နဲ့ Math (STEM) လို့ခေါ်တဲ့ ဘာသာရပ်တွေမှာ ကျွမ်းကျင် ပညာရှင်တွေ တိုးမြှင့်ဖို့ အစီအစဉ်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဒီ အစီအစဉ်တွေ ထဲကမှ Early Career STEM Research Initiative ဆိုတဲ့ Program ဟာ J-1 Program Sponsor တွေ၊ STEM နဲ့ သက်ဆိုင်တဲ့ Sponsor တွေကို ချိတ်ဆက်ပေးပါတယ်။ ဒီ Program အတွက် အရည်အချင်း ပြည့်မှီဖို့ လိုအပ်တဲ့ အချက်အလက်တွေ၊ အတွေ့အကြုံတွေ၊ အရည်အချင်းတွေကို DOS Website ထဲမှာ ကြည့်ရှုနိုင်ပါတယ်။

Exchange Visitor ထဲမှာ
● Professor နှင့် Scholar များ
● Research assistant များ
● ကျောင်းသားများ
● Training တက်သူများ
● ဆရာ၊ ဆရာမများ
● အထူးပြုပညာရှင်များ
● Au pair များ
● Camp Counselor များ
စသဖြင့် ပါဝင်ပါတယ်။

လျှောက်ထားမှု လုပ်ငန်းစဉ်

J-1 Exchange Visitor Program ဟာ US Department of State ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတာကြောင့် Visa လျှောက်ထားဖို့အတွက် ပထမဆုံးအနေနဲ့ DS-2019 Form (Certificate of Eligibility for Exchange Visitor Status တစ်နည်းအားဖြင့် IAP-60) ကို တင်ရမှာ ဖြစ်ပါတယ်။
အဆိုပါ DS-2019 Form ကို ကိုယ့်ရဲ့ Sponsoring Agency ကနေ တောင်းဆိုရမှာဖြစ်ပြီး အချက်အလက်များ ဖြည့်သွင်းချိန်မှာ ဒီ Form ထုတ်ပေးဖို့ ခွင့်ပြုချက်ရှိတဲ့ Responsible Officer (RO) သို့မဟုတ် Alternate Responsible Officer (ARO) တို့နဲ့ နီးကပ်စွာ ဆွေးနွေးလုပ်ဆောင် သင့်တာ ဖြစ်ပါတယ်။
ထို RO သို့မဟုတ် ARO ကပဲ ကိုယ့်ရဲ့ DS-2019 တင်ရမယ့် အချိန်မှာ ဘာ Document တွေ လိုအပ်မယ် ဆိုတာကို ဆက်လက် ရှင်းပြပေးမှာ ဖြစ်ပါတယ်။

DS-2019 Form ရရှိပြီးပြီဆိုရင်တော့ US Embassy သို့မဟုတ် Consulate မှ တစ်ဆင့် US Department of State ဆီကို J-1 Visa လျှောက်လို့ရမှာ ဖြစ်ပါတယ်။
လျှောက်ထားသူတွေရဲ့ Interview Appointment အတွက် စောင့်ရမယ့်အချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီ နိုင်ပါဘူး။ ဒါကြောင့် Visa Application ကို တတ်နိုင်သလောက် အစောဆုံး လျှောက်ထားဖို့ အကြံပေးကြပါတယ်။
မှတ်ချက် - ကိုယ့်ရဲ့ Program မစခင် ရက် ၃၀ ထက်စောပြီး
J-1 Status နဲ့ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့် မရှိပါဘူး။

အလုပ်လုပ်ပိုင်ခွင့်

တချို့ J-1 Nonimmigrant များဟာ အခြားသူတွေနဲ့မတူပဲ အလုပ်လုပ်ဖို့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ အမေရိကန်နိုင်ငံ ထဲကို ဝင်လာကြတာမျိုး ရှိပါတယ်။
သို့သော် J-1 Nonimmigrant များအနေဖြင့် ကိုယ့် Exchange Program ရဲ့ Terms မှာ အလုပ်လုပ်ခွင့် ချမှတ်ပေးထားမှ တရားဝင် အလုပ်လုပ်လို့ ရမှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အလုပ်လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေကို သိချင်ရင် ကိုယ့် Sponsoring Agency နဲ့ အသေးစိတ် စစ်ဆေးနိုင်ပါတယ်။

မိသားစု

J-1 Visa Holder ရဲ့ အိမ်ထောင်ဖက်နဲ့ အသက် ၂၁ နှစ်အောက် သားသမီးများဟာ (မည်သည့်နိုင်ငံသား မဆို) J-2 Visa လျှောက်ထားခွင့် ရှိပါတယ်။
သူတို့အနေနဲ့ အလုပ်လုပ်ဖို့ Employment Authorization ရနိုင်ပေမယ့် သူတို့ ရတဲ့ဝင်ငွေနဲ့ J-1 Visa Holder ကကို အထောက်ပံ့ပေးခွင့် မရှိပါဘူး။

J-2 Non-Immigrant တစ်ယောက်အနေနဲ့ တရားဝ င်အလုပ်လုပ်ခွင့် ရရှိဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ J1 Visa Holder အိမ်ထောင်ဖက် သို့မဟုတ် သားသမီးဖြစ်သူတွေက Form I-765 (Application for Employment Authorization) ကို USCIS မှာ လျှောက်ထားရပါမယ်။ ဒီ Application နဲ့ ပတ်သက်တဲ့ အသေးစိတ်များကို USIRD Website ပေါ်က Employment Authorization စာမျက်နှာမှာ သွားရောက်လေ့လာ နိုင်ပါတယ်။

Previous