USIRD Connect

H1B Visa - Specialty Occupations

မိတ်ဆက်

H1B Visa - Specialty Occupations, DOD Cooperative Research and Development Project Workers, and Fashion Models

H1B visa ဟာ -
● ကျွမ်းကျင် လုပ်သားများ၊
● Department of Defense (DOD) သုတေသီ နှင့် Development Project မှ ဝန်ထမ်းများ၊
● ထူးချွန်သော Fashion Model အဖြစ် အလုပ်လုပ်လိုသူများ အတွက်
ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

လျှောက်ထားခွင့်စံနှုန်းများ

၁ - H1B ကျွမ်းကျင်လုပ်သားများ
ကိုယ်လျှောက်ထားမယ့် အမေရိကန်နိုင်ငံရှိ အလုပ်ဟာ
ကျွမ်းကျင်ပညာရပ်မှ ရရှိသော ဗဟုသုတများကို သီအိုရီ သာမက လက်တွေ့ပါ အသုံးချပြီး လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်ရပါမယ်။
အနည်းဆုံး Bachelor ဘွဲ့ (သို့) ပို့မြင့်သောဘွဲ့ (သို့) တူညီသော အရည်အချင်း အထောက်အထား ရှိမှ စပြီး ဝင်ရောက် လုပ်ကိုင်လို့ရမယ့် အလုပ် ဖြစ်ရပါမယ်။

ကျွမ်းကျင်အလုပ် အဖြစ် သတ်မှတ်ခြင်း ခံရ ဖို့ဆိုလျှင် ကိုယ်လျှောက်မယ့် အလုပ်ဟာ
အနည်းဆုံး Bachelor ဘွဲ့ (သို့) ပိုမြင့်သောဘွဲ့ ရှိမှ စပြီး ဝင်ရောက် လုပ်ကိုင်လို့ရမယ့် အလုပ်ရာထူးမျိုး ဖြစ်ရပါမယ်။
လုပ်ငန်းတူအဖွဲ့အစည်းများရှိ တူညီသော ရာထူးများတွင်လည်း အဆိုပါ ဘွဲ့ အပ်ချက်ရှိနေခြင်း (သို့) လုပ်ငန်းဟာ ရှုပ်ထွေး ထူးခြားလွန်းတာကြောင့် မှန်ကန်စွာပြီးမြောက်နိုင်ဖို့ ဘွဲ့ရပညာတတ်များသာ လုပ်ကိုင်နိုင်ခြင်းမျိုး ဖြစ်ရပါမယ်။
အလုပ်ရှင်ကလည်း ပုံမှန်အားဖြင့် အဆိုပါ ရာထူးအတွက် ဘွဲ့တစ်ခု (သို့) ညီမျှသော အရည်အချင်း အထောက်အထားကို အတိအကျ တောင်းဆိုထားမှု ရှိရပါမယ်။

အဆိုပါ ကျွမ်းကျင်အလုပ်ကို လုပ်ကိုင်လျှောက်ထားဖို့အတွက် ကိုယ့်ဆီမှာ အောက်ပါလိုအပ်ချက်တွေ ပြည့်မှီရပါမယ်။
အသိအမှတ်ပြုထားသော US ကောလိပ်၊ တက္ကသိုလ်မှ ‌ပေးအပ်သော Bachelor ဘွဲ့ (သို့) ပိုမို မြင့်မားသောဘွဲ့ ဖြစ်စေ၊
အဆိုပါ ဘွဲ့များနှင့် တန်းတူ အသိအမှတ်ပြုထားသော ပြည်ပ ကောလိပ်၊ တက္ကသိုလ်မှ ‌ပေးအပ်တဲ့ ဘွဲ့ တစ်ခုခုကို ဖြစ်စေ ရရှိထားသူ ဖြစ်ရပါမယ်။

ကိုယ်ဟာ အထူးပြုနယ်ပယ်မှာ မှန်ကန်စွာ လုပ်ကိုင် စွမ်းဆောင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ State License၊ Registration (သို့) Certification တစ်ခုခု ရှိရပါမယ်။
ကိုယ်ဟာ အထူးပြုနယ်ပယ်တွင် ကျွမ်းကျင်ကြောင်း ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ အသိအမှတ်ပြု ထောက်ခံချက်တွေရှိရပါမယ်။

လျှောက်ထားသူဟာ Department of Labor (DOL) မှ အသိအမှတ်ပြု ထောက်ခံထားသော Form ETA-9035/9035E (ခေါ်) Labor Condition Application (LCA) ကို Form I-129, Petition for a Nonimmigrant Worker နှင့်အတူ USCIS ထံသို့ ပေးပို့ လျှောက်ထားရပါမယ်။

၂ - H-1B2 Department of Defense (DOD) သုတေသီ နှင့် Development Project မှ ဝန်ထမ်းများ၊
H1B2 Visa အတွက် လျှောက်ထားတဲ့ အလုပ်ရာထူးဟာ အနည်းဆုံး Bachelor ဘွဲ့ (သို့) ပို့မြင့်သောဘွဲ့ (သို့) တူညီသော အရည်အချင်း အထောက်အထား ရှိမှ လုပ်ကိုင်လို့ရမယ့် အလုပ်ရာထူးမျိုး ဖြစ်ရပါမယ်။
ထို့အပြင် လျှောက်လွှာ နှင့်အတူ

H1B2 Visa လျှောက်ထားသူဟာ Department of Defense (DOD) စီစဉ်သော တိုးတက်ရေး သုတေသန လုပ်ငန်းများတွင် ကိုယ်တိုင် ပါဝင် အလုပ်လုပ်မည် ဖြစ်ကြောင်း DOD Project Manager ထံမှ ဖော်ပြ ထားသည့် ‌ထောက်ခံစာ တစ်စောင်
(Project နှင့် ပတ်သက်သော အသေးစိတ်၊ အချက်အလက်များကို ထည့်သွင်းတင်ပြရန် မလိုပါ။)
Project တွင် လျှောက်ထားသူ လုပ်ဆောင်ရမယ့် လုပ်ငန်းများနှင့် တာဝန်ထမ်းဆောင်ရမယ့် ရက်စွဲများ ပါရှိသော ရှင်းလင်း ဖော်ပြချက်၊

အဆိုပါ Project တွင် ဝင်ရောက်လုပ်ကိုင် နေသော အမေရိကန်နိုင်ငံသား မဟုတ်သူ နိုင်ငံခြားသားများ၏ အမည်များ၊ တာဝန်ထမ်းဆောင်ရမယ့် ရက်စွဲများ နှင့် လွန်ခဲ့တဲ့ (၁)နှစ် အတွင်း တာဝန်ပြီးဆုံးထားသော နိုင်ငံသား မဟုတ်သူများ၏ အမည်စာရင်း ပါဝင်သော Statement တစ်စောင် စသော စာရွက်စာတမ်းများကို ပေးပို့လျှောက်ထားရပါမယ်။

လျှောက်ထားရာတွင် Labor Condition Application (LCA) တင်ပြရန် မလိုအပ်ပါ။

၃ - H-1B3 Fashion Model များ
ကိုယ်ဟာ ထူးချွန်ထက်မြက်ပြီး ထင်ပေါ် ကျော်ကြားတဲ့
Fashion Model တစ်ယောက် ဖြစ်ခဲ့လျှင် H1B3 Visa Category နှင့် သက်ဆိုင်သော ရာထူးနှင့် ဝန်ဆောင်မှုများ အတွက် အရည်အချင်း ပြည့်မီမှာ ဖြစ်ပါတယ်။
လျှောက်ထားသူဟာ Department of Labor (DOL) မှ အသိအမှတ်ပြု ထောက်ခံထားသော Form ETA-9035/9035E (ခေါ်) Labor Condition Application (LCA) ကို Form I-129, Petition for a Nonimmigrant Worker နှင့်အတူ USCIS ထံသို့ ပေးပို့ လျှောက်ထားရပါမယ်။

H1B Licensing

H1B Visa ကိုင်ဆောင်ထားသူများဟာ အချို့သတ်မှတ် ထားသော စီးပွါးရေး နယ်ပယ်များတွင် အလုပ်လုပ်ကိုင်နိုင်ရန် State License (သို့) Local License ကိုင်ဆောင်ထားဖို့ လိုအပ်ပါတယ်။
ကိုယ်သွားရောက်မယ့် ပြည်နယ်ရှိ အလုပ်ရာထူးဟာ အလုပ် လုပ်ကိုင်ဖို့ License များ လိုအပ်ခဲ့ပါက လျှောက်လွှာတင်တဲ့ အချိန်မှစပြီး USCIS မှ Approval မရခင် အချိန်အတွင်း အဆိုပါ License များကို ရယူထားနိုင်ရပါမယ်။ လျှောက်လွှာ တင်သွင်း ချိန်မှာ ထို License များ ရရှိထားရန် မလိုအပ်သေးပါဘူး။

မှတ်ချက် - လိုအပ်တဲ့ လိုင်စင်အထောက်အထား ကို မတင်သွင်းခဲ့မိပါက USCIS မှ စာပို့ တောင်းဆိုပါလိမ့်မယ်။

H1B Cap

USCIS ဟာ တစ်နှစ်မှာ H1B Cap Visa အရေအတွက် 65, 000 ထုတ်ပေးထားပြီး အမေရိကန်ရှိ ကျောင်းများမှ Master ဘွဲ့ (သို့) ပိုမို မြင့်မားသော Degree ရရှိထားသူများအတွက် အပို Visa အရေအတွက် 20,000 အထိ ထပ်မံ ထုတ်ပေးလျက်ရှိပါတယ်။
တက္ကသိုလ်များ၊ Non-Profit သို့ အစိုးရ သုတေသန အဖွဲ့အစည်း များတွင် လုပ်ကိုင်မယ့်သူများကို H1B Cap Exempt ဆိုပြီး အဆိုပါ အရေအတွက် အကန့်အသတ်အောက်မှာ ထည့်မတွက် ထားပါဘူး။

H1B Electronic Registration Process

2020 ခုနှစ်တွင် H1B cap visa များအား Online မှ လျှောက်ထားခြင်း စနစ်ကို USCIS မှ စတင်ခဲ့ပါတယ်။
ထိုစနစ်အောက်မှာ H1B cap လျှောက်ထားသူတစ်ဦးဟာ USCIS မှ ပဏာမ ရွေးချယ်ခံထားရပြီးနောက် လျှောက်လွှာ တင်ခွင့် ပေးထားသော ခုနှစ်အတွက်သာ Visa လျှောက်ထား လို့ရမှာ ဖြစ်ပါတယ်။

လျှောက်ထားမှု လုပ်ငန်းစဉ်

အဆင့် - ၁
(ကျွမ်းကျင်လုပ်သားများ နှင့် Fashion Model များ အတွက်သာ) အလုပ်ရှင် (သို့) Agent ဟာ Certification ရရှိရန် အတွက် Labor Condition Application (LCA) ကို DOL ထံ တင်သွင်း လျှောက်ထားရပါမယ်။

အဆင့် - ၂
အလုပ်ရှင် (သို့) Agent ဟာ USCIS သို့ Form I-129 Registration ကို DOL မှ အတည်ပြုပေးသော LCA form နှင့်အတူ ဖြည့်သ္ငင်းတင်ပြပေး ရပါမယ်။

အဆင့် - ၃
USCIS မှ Form I-129 ကို Approved ပေးပြီးပါက နိုင်ငံခြားမှ သက်ဆိုင်ရာ ဝန်ထမ်းဟာ U.S. Department of State (သို့) အမေရိကန် သံရုံးတွင် H1B visa ဆက်လက်လျှောက်ထား ရပါမယ်။ Visa ရပြီးနောက် အမေရိကန်ထဲရောက်ချိန်မှာ U.S. Customs and Border Protection (CBP) မှ စစ်ဆေးပြီး H1B status ဖြင့် ဝင်ရောက်ခွင့် ပေးမှာ ဖြစ်ပါတယ်။

Labor Condition Application (LCA)

ကျွမ်းကျင်လုပ်သားများနှင့် ထင်ပေါ် ကျော်ကြားတဲ့ Fashion Model များကို ခေါ်ဆောင်ပေးမယ့် အလုပ်ရှင်များ၊ Agent များ ဟာ Department of Labor မှ Labor Condition Application လက်မှတ်တစ်ခုကို ရရှိထားဖို့ လိုအပ် ပါတယ်။
ဒီလျှောက်လွှာမှာ Certain ထွက်ဆိုမှုများ ပါဝင်ပြီး အဆိုပါ ထွက်ဆိုမှုများ ကို ဖောက်ဖျက်ခဲ့ပါက အလုပ်ရှင် (သို့) Agent များအတွက် ပြစ်ဒဏ်အနေနဲ့ ဒဏ်ငွေများ ပေးဆောင်ရခြင်း၊ Non-Immigrant (သို့) Immigrant လျှောက်လွှာများ တင်သွင်းမှု ကန့်သတ်ခံရခြင်းနှင့် အခြားသော Sanctions များ သက်ရောက်စေနိုင်ပါတယ်။

အဆိုပါ လျှောက်လွှာတွင် အလုပ်ရှင် (သို့) Agent များဟာ အောက်ဖော်ပြထားသော အချက်များနှင့် ကိုက်ညီကြောင်း ထွက်ဆို ထားရပါမယ်။
အလုပ်ရှင် (သို့) Agent ဟာ H1B အလုပ်သမားများကို အခြား အရည်အချင်း ပြည့်မှီသော အလုပ်သမားအား ပေးသည့်လစာထက် မနည်းသော လစာပေးမှာ ဖြစ်ပါတယ်။

Labor Condition Application (LCA)

အလုပ်ရှင် (သို့) Agent ဟာ H1B visa holder နှင့်အတူ အလုပ်လုပ်ကိုင်မယ့် ဝန်ထမ်းများကို မထိခိုက်စေမယ့် အလုပ်ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရပါမယ်။
Labor Condition Application လျှောက်ထားချိန်တွင် အလုပ်ခွင်အတွင်း သပိတ်မှောက်ခြင်း သို့မဟုတ် လုပ်ငန်းရပ်ဆိုင်းထားရခြင်းများ မရှိကြောင်း ပြသ ထားရပါမယ်။
DOL မှ Labor Condition Application လက်ခံရရှိကြောင်းပြန်စာကို အလုပ်သမား သမ္မဂညှိနှိုင်းရေး ကိုယ်စားလှယ်ထံ ပေးပို့ခြင်း သို့မဟုတ် အလုပ်ခွင်အတွင်း တင်ပြခြင်း ပြုလုပ်ထားရပါမယ်။

နေထိုင်ခွင့် ကာလနှင့် နေထိုင်ခွင့် သက်တမ်းတိုးခြင်း

H1B ကျွမ်းကျင်လုပ်သားများနှင့် Fashion Model များဟာ အမေရိကန်နိုင်ငံအတွင်းတွင် (၃) နှစ် အထိ နေထိုင်နိုင်ပြီး သက်တမ်းတိုးခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် အများဆုံး (၆) နှစ်အထိသာ သက်တမ်းတိုး နေထိုင်နိုင် သော်လည်း အချို့သော ဥပဒေများအရ ချွင်းချက်များ ရှိပါသေးတယ်။
CFR 214.2(h)(13)(iii)(D) အရ ကိုယ်ဟာ H1B visa ကိုင်ဆောင်ထားသူ (သို့) ကိုင်ဆောင်ခဲ့သူဖြစ်ပါက ခြောက်နှစ်ထက် ကျော်လွန်ပြီး သက်တမ်းတိုးခွင့် ရှိပါတယ်။
ထိုကဲ့သို့ ပြုလုပ်ရန် DOL ထံ Labor Certification သို့မဟုတ် USCIS ထံ Immigrant Visa လျှောက်ထားပြီး အနည်းဆုံး 365 ကုန်လွန်ထားဖို့လိုအပ်ပါတယ်။

အလုပ်ရှင်ပြောင်းလဲခြင်း

အလုပ်ရှင် ပြောင်းခဲ့လျှင် H1B အလုပ်ရှင် အသစ် အတွက် ဘယ်အချိန်မှာ စတင်အလုပ်လုပ် ပေးနိုင်ပါသလဲ။
ကိုယ်က H1B အလုပ်ရှင် အသစ်ဆီသို့ ပြောင်းသွား ခဲ့ပါက အဆိုပါ အလုပ်ရှင် အသစ်မှ ကိုယ့်အတွက် မှန်ကန်သော တရားဝင် Form I-129 လျှောက်ထား ပေးပြီးတာနဲ့ (သို့) လျှောက်လွှာ ပေါ်ရှိ တောင်းဆို ထားသော အလုပ်စမယ့်ရက်မှ ဖြစ်စေ၊ ထိုရက် နောက်ပိုင်းမှ ဖြစ်စေ စတင်ပြီး အလုပ်လုပ်ပေး နိုင်ပါတယ်။
H1B portability ရရှိဖို့ ကိုယ်ဟာ အမေရိကန် နိုင်ငံထဲ နောက်ဆုံး ဝင်ရောက်စဉ် ကတည်းက ခွင့်ပြုချက် မရှိပဲ အလုပ် လုပ်ကိုင်ထားခြင်း မရှိသင့်သလို အလုပ်ရှင်အသစ်မှလည်း ခွင့်ပြုထားတဲ့ ကိုယ့်ရဲ့ H1B Visa သက်တမ်း မကုန်ဆုံးခင်မှာ တရားဝင် လျှောက်လွှာ အသစ်ကို USCIS ဆီသို့လျှောက်ထားပေးရပါမယ်။

အလုပ်ရှင်အသစ် ပြောင်းလဲသွားခဲ့ပါက ကိုယ့်မှာ အလုပ်လုပ်ခွင့် ရှိပါသေးသလား။

H1B Portability ရရှိထားပါက USCIS မှ Form I-129 အပေါ် ဆုံးဖြတ်ချက် မချခင်အထိ အလုပ် လုပ်ပိုင်ခွင့် ရှိပါတယ်။
Form I-129 လျှောက်လွှာအသစ်ကို Approved ခံ ရပြီးပါက လျှောက်လွှာအသစ်တွင် ဖော်ပြထားသော အချိန်အတိုင်းအတာ တစ်ခုအထိ အလုပ်ရှင်အသစ် အတွက် ဆက်လက် အလုပ်လုပ်ပေးနိုင်ပါတယ်။
လျှောက်လွှာအသစ်ဟာ Denied ခံရခဲ့ပါက ယခင် ခွင့်ပြုထားသော အလုပ်လုပ်ခွင့် ကာလမကုန်ဆုံးခင် အထိ လက်ရှိအလုပ်ရှင်ထံမှာ ဆက်လက် လုပ်ကိုင် နိုင်ပါတယ်။ ဒါပေမယ့် Portability မှ ရရှိထားတဲ့ အလုပ်လုပ်ခွင့် ကတော့ လျှောက်လွှာ Denied ခံရပြီးသည်နှင့် ပြီးဆုံးမှာ ဖြစ်ပါတယ်။

အလုပ်ရှင်အသစ် ပြောင်းလဲသွားခဲ့ပါက ကိုယ့်မှာ အလုပ်လုပ်ခွင့် ရှိပါသေးသလား။

ကိုယ်ဟာ ယခင်အလုပ်ရှင်ထံမှ အလုပ်ဖြုတ်ခံရခြင်း (သို့) အလုပ်ထွက်ခြင်း ပြုလုပ်ခဲ့ပါက ကိုယ့်ရဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးရက်အထိ (သို့) ရက်ပေါင်း 60 အတွင်း အလုပ်အသစ်ရှာခြင်း၊ status ပြောင်းလဲခြင်းတို့ကိုပြုလုပ်ရပါမယ်။ ထိုကဲ့သို့ မပြုလုပ်နိုင်ခဲ့ပါက နိုင်ငံအတွင်းမှ ထွက်ခွါပေးရမှာ ဖြစ်ပါတယ်။

Cap-Exempt မှ Cap-Subject သို့ ပြောင်းရွှေ့နိုင်ပါသလား။

ကိုယ်က Cap-Exempt အလုပ် မှ Cap-Subject အလုပ် သို့ ပြောင်းရွှေ့ခဲ့လျှင် အလုပ်ရှင်အသစ်၏ H1B လျှောက်လွှာဟာ Cap-Subject အဖြစ် ပြောင်းလဲ သွားပါလိမ့်မယ်။
ထို့နောက် March လ တွင် သတ်မှတ်လေ့ရှိသော မှတ်ပုံတင်ကာလ အတွင်း အလုပ်ရှင် အသစ်ဟာ Electronic မှတ်ပုံတင်ခြင်းကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။
USCIS မှ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုမိုပြီး Form I-129 Registration များ လက်ခံ ရရှိခဲ့ပါက ဆက်လက်၍ H1B Visa လျှောက်ထား နိုင်ခွင့် ရမယ့် သူများကို Lottery စနစ်ဖြင့် ရွေးချယ် သွားမှာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ့်လျှောက်လွှာက ရွေးချယ်ခံရခဲ့လျှင် October 1 ရက်နေ့မှာ အလုပ်စဖို့ H1B ဆက်လက် လျှောက်ထား နိုင်မှာ ဖြစ်ပါတယ်။

Cap-Exempt မှ Cap-Subject သို့ ပြောင်းရွှေ့နိုင်ပါသလား။

အလုပ်ရှင် အသစ်မှ ကိုယ့်အတွက် မှန်ကန်သော တရားဝင် Form I-129 လျှောက်ထား ပေးပြီးတာနဲ့ (သို့) လျှောက်လွှာ ပေါ်ရှိ တောင်းဆို ထားသော အလုပ်စမယ့်ရက်မှ ဖြစ်စေ၊ ထိုရက် နောက်ပိုင်းမှ ဖြစ်စေ စတင်ပြီး အလုပ်လုပ်ပေး နိုင်ပါတယ်။
ကိုယ်ဟာ Cap-Exempt အောက်မှာ အလုပ်လုပ်ခွင့် ရှိပါက အဆိုပါ Cap-Exempt အလုပ်မှာ ဆက်လက် လုပ်ကိုင် နေစဉ် အတွင်း အခြား Cap-Subject အလုပ် များကိုပါ တစ်ချိန်တည်းမှာ လုပ်ကိုင်နိုင်ပါတယ်။

Cap-Subject အလုပ်ရှင်မှ မှန်ကန်သော တရားဝင် Form I-129 လျှောက်ထား ပေးပြီးတာနဲ့ (သို့) လျှောက်လွှာ ပေါ်ရှိ တောင်းဆို ထားသော အလုပ်စမယ့်ရက်မှ ဖြစ်စေ၊ ထိုရက် နောက်ပိုင်းမှ ဖြစ်စေ အဆိုပါ Cap-Subject အလုပ် အတွက် စတင်ပြီး အလုပ်လုပ်ပေး နိုင်ပါတယ်။

ကိုယ်က Cap-Exempt အလုပ်ကို ဆက်လက် လုပ်ကိုင်နေသရွေ့

လက်ရှိအလုပ်ရှင်နှင့် အလုပ်အခြေအနေများပြောင်းလဲခြင်း

ကိုယ်က လက်ရှိအလုပ်ရှင်နဲ့ အလုပ်အသစ် စလုပ်လိုလျှင် (သို့) အလုပ်အခြေအနေများကို ပြောင်းလဲလိုပါက Form I-129 ကို လက်ရှိအလုပ်ရှင် မှသော်လည်းကောင်း၊ ကိုယ်ကိုယ်တိုင် သော်လည်းကောင်း မှန်ကန်သော တရားဝင် Form I-129 လျှောက်ထား ပေးပြီးတာနဲ့ (သို့) လျှောက်လွှာပေါ်ရှိ တောင်းဆို ထားသော အလုပ်စမယ့်ရက်မှ ဖြစ်စေ၊ ထိုရက် နောက်ပိုင်းမှ ဖြစ်စေ စတင်ပြီး အလုပ်လုပ်ပေး နိုင်ပါတယ်။

မိသားစု

H1B visa ကိုင်ဆောင်ထားသူ၏ အိမ်ထောင်ဖက်နှင့် အသက် (၂၁) နှစ်အောက် ကလေးများဟာ H4 visa လျှောက်ထား နိုင်ပါတယ်။
2015, May လ 26 ရက်မှစပြီး H1B visa ကိုင်ဆောင်ထားသူဟာ Employment Based Lawful Permanent Resident Status လျှောက်ထား ခြင်း လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ထား ပါက H1B Visa ကိုင်ဆောင်ထားသူ၏ အိမ်ထောင်ဖက်ဟာ Work Permit ရရှိရန် Form I-765, Application for Employment Authorization ကို လျှောက်ထားနိုင်ပါတယ်။

Previous