H2A Visa - Agricultural Workers
မိတ်ဆက်
H2A Temporary Agricultural Workers
H2A Program အောက်မှာ USCIS က ချမှတ်ထားတဲ့ ဥပဒေရေးရာ စည်းကမ်းချက်များနှင့် ကိုက်ညီသော အလုပ်ရှင် (သို့) အမေရိကန် Agent များကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်သမား ယာယီ ဖြည့်သွင်းရန် အတွက် နိုင်ငံတကာမှ ဝန်ထမ်းများအား အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ခွင့် ပေးထားပါတယ်။
အမေရိကန်ရှိ အလုပ်ရှင်၊ Agent (သို့) ပူးတွဲအလုပ်ရှင် အဖြစ် ခံယူထားတဲ့ အမေရိကန် စိုက်ပျိုးရေး ထုတ်လုပ်သူ အစည်းအရုံးများဟာ ခေါ်ယူမယ့် ဝန်ထမ်းအတွက် Form I-129 ကို ဖြည့်စွက် လျှောက်ထား ပေးရမှာ ဖြစ်ပါတယ်။
လျှောက်ထားခွင့် စံနှုန်းများ
H2A visa အတွက် အရည်အချင်း ကိုက်ညီဖို့ လျှောက်ထားသူ လုပ်ငန်းဟာ -
● ယာယီ (သို့) ရာသီအလိုက်သာ လုပ်ကိုင်ရမည့် အလုပ်ကို ကမ်းလှမ်းရပါမယ်။
● အဆိုပါအလုပ်ကို ဆန္ဒရှိစွာ၊ အရည်အချင်းပြည့်မှီစွာ လုပ်ကိုင်နိုင်တဲ့ အမေရိကန်နိုင်ငံသား ဝန်ထမ်းများ လုံလုံလောက်လောက် မရှိကြောင်း ဖော်ပြရပါမယ်။
● H2A ဝန်ထမ်းများကို အလုပ်ခန့်အပ်ထားခြင်းဟာ အလားတူ ခန့်အပ်ထားသော အမေရိကန် ဝန်ထမ်းများ၏ လစာနှင့် အလုပ် အခြေအနေများကို ထိခိုက်စေမှာ မဟုတ်ကြောင်း ပြသထားရပါမယ်။
● U.S. Department of Labor မှ Temporary Labor Certification ကိုပါ H-2A လျှောက်လွှာနှင့် အတူ တင်ပြရပါမယ်။
လျှောက်ထားမှု လုပ်ငန်းစဉ်
အဆင့် - ၁
အလုပ်ရှင်ဟာ Department of Labor မှ Temporary Labor Certification လျှောက်ထား ရပါမယ်။
အဆင့် - ၂
အဆိုပါ Certification နှင့်အတူ Form I-129 ကို USCIS သို့ ပေးပို့ တင်သွင်း ရပါမယ်။
အဆင့် - ၃
USCIS မှ Form I-129 ကို Approved ပေးပြီးပါက နိုင်ငံခြားမှ သက်ဆိုင်ရာ ဝန်ထမ်းဟာ U.S. Department of State (သို့) အမေရိကန် သံရုံးတွင် H2A visa ဆက်လက်လျှောက်ထား ရပါမယ်။ Visa ရပြီးနောက် အမေရိကန်ထဲရောက်ချိန်မှာ U.S. Customs and Border Protection (CBP) မှ စစ်ဆေးပြီး H2A status ဖြင့် ဝင်ရောက်ခွင့် ပေးမှာ ဖြစ်ပါတယ်။
နေထိုင်ခွင့်ကာလ
USCIS ဟာ H2A Visa Holder ရရှိထားသော Temporary Labor Certification အပေါ် မူတည်ပြီး အမေရိကန် နိုင်ငံ အတွင်း နေထိုင်ခွင့် အချိန်အတိုင်းအတာ သက်မှတ်ပေးတာ ဖြစ်ပါတယ်။ အရည်အချင်း ပြည့်မှီသော (အကျုံး၀င်သော) အလုပ်များ အတွက် H2A Status များကို တစ်ကြိမ်လျှင် တစ်နှစ်အထိ သက်တမ်းတိုး နိုင်ပါတယ်။
ထိုကဲ့သို့ နေထိုင်မှု သက်တမ်းတိုးခြင်း များကို တရားဝင် Temporary Labor Certification အသစ်နှင့်အတူ လျှောက်ထားရပါမယ်။
H2A Status ဖြင့် လူတစ်ဦးဟာ အမေရိကန်နိုင်ငံတွင် (၃) နှစ် အထိ နေနိုင်ပါတယ်။ H2A Status ဖြင့် (၃) နှစ် ပြည့်ပြီးပါက အမေရိကန်နိုင်ငံမှ ချက်ချင်း ထွက်ခွါရမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် H2A Visa ပြန်လည် မလျှောက်ထားခင် အမေရိကန် ပြင်ပတွင် (၃) လ ဆက်တိုက် နေထိုင်ရမှာ ဖြစ်ပါတယ်။
ယခင်က H သို့မဟုတ် L Visa ဖြင့် အမေရိကန်နိုင်ငံတွင် နေထိုင် အလုပ်လုပ်ခဲ့ပါက အဆိုပါ အချိန်တွေကို H2A Status ရဲ့ နေထိုင်ခဲ့သော ခုနှစ်များအနေဖြင့် ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ချွင်းချက်အနေနဲ့ H2A Status သက်တမ်း မကုန်ခင် အမေရိကန် ပြင်ပသို့ ထွက်နေတဲ့ အချိန်များကို နေထိုင်ခွင့်
(၃) နှစ် ကန့်သတ်ချက်အတွင်း ထည့်သွင်းမှာ မဟုတ်ပါဘူး။
H2A ဝန်ထမ်းများ၏ မိသားစုဝင်များ
H2A Visa Holder ရဲ့ အိမ်ထောင်ဖက်နှင့် အသက် ၂၁ နှစ် မပြည့်သေးသော ကလေးများဟာ H4 Visa လျှောက်ထား နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ H4 Visa ကိုင်ဆောင်ထားသူ တွေအနေနဲ့ အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ခွင့်မရှိပါဘူး။
အလုပ်နှင့် ပတ်သက်ပြီး USCIS သို့ အကြောင်းကြားချက်များ
အောက်ဖော်ပြပါ အခြေအနေများ ဖြစ်ပေါ်ခဲ့ပါက H2A ဝန်ထမ်း၏ အလုပ်ရှင်မှ USCIS သို့ ၂ ရက် အတွင်း အကြောင်း ကြားပေးရမှာ ဖြစ်ပါတယ်။ H-2A ဝန်ထမ်းဟာ
● အလုပ်မလာခြင်း
○ အလုပ်ရှင်မှ အလုပ်စတင်ရန် သတ်မှတ်ထားသော ရက်စွဲ
○ H-2A လျှောက်လွှာတွင် ဖော်ပြထားသော အလုပ်စတင်သည့် ရက်စွဲမှ
● ၅ ရက် အတွင်း အလုပ်မဆင်းခြင်း၊
● ထွက်ပြေးသွားခြင်း - အလုပ်ရှင်ကို အသိပေးခြင်း မရှိဘဲ ထွက်ခွါသွားပြီး ၅ ရက် ဆက်တိုက် ခွင့်ပြုချက် မရှိ အလုပ်ပျက်ကွက်ခြင်း၊
● အလုပ်ထုတ်ခံရခြင်း - H-2A လျှောက်လွှာတွင် ဖော်ပြထားသော အလုပ် (သို့) ဝန်ဆောင်မှုများ မပြီးစီးခင်မှာ အလုပ်ထုတ်ခံရခြင်း၊
● အလုပ် စောစော ပြီးစီးမှု - H-2A လျှောက်လွှာတွင် ဖော်ပြထားသော အလုပ်ပြီးမြောက် ရက်ထက် ရက် ၃၀ စော၍ အလုပ်ပြီးစီးခဲ့ခြင်း။
အလုပ်နှင့် ပတ်သက်ပြီး USCIS သို့ အကြောင်းကြားချက်များ
အကြောင်းကြားစာတွင် အလုပ်ရှင်ဟာ
● စာတင်ရသော အကြောင်းအရင်း
● အချိန်မှီ အကြောင်းမကြားနိုင်သော အကြောင်းအရင်း နှင့် သက်သေများ
● Approved ဖြစ်ထားသော H2A လျှောက်လွှာ၏ USCIS Receipt Number
● လျှောက်ထားပေးသူ အလုပ်ရှင်၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် နှင့် Employer Identification Number (EIN)
● လျှောက်ထားသူက အလုပ်ရှင် မဟုတ်ပါက အလုပ်ရှင်၏ အမည်၊ လိပ်စာ နှင့် ဖုန်းနံပါတ်
● H2A ဝန်ထမ်း၏ အမည် အပြည့်အစုံ၊ မွေးနေ့၊ ဇာတိ၊ နောက်ဆုံး သိရှိသော နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ်
စသည်တို့ ပါဝင် ရပါမယ်။
အလုပ်နှင့် ပတ်သက်ပြီး USCIS သို့ အကြောင်းကြားချက်များ
● USCIS အား H2A ဝန်ထမ်းကို အတည်ပြုနိုင်စေရန် ဝန်ထမ်းတစ်ဦးစီ အတွက် Social Security Number နှင့် Visa Number ကို ရရှိနိုင်လျှင် ပေးပို့ရပါမယ်။
အလုပ်ရှင်ဟာ အလုပ် အကြောင်းကြားစာ သတ်မှတ်ချက်များ အတိုင်း လိုက်နာရန် ပျက်ကွက်ခဲ့ပါက သို့မဟုတ် အချိန်မှီ အကြောင်းမကြား နိုင်ခြင်းကို အကြောင်းအရင်း ခိုင်ခိုင်လှုံလှုံ မပြနိုင်ပါက မလိုက်နာနိုင်မှု တစ်ချက်စီ အတွက် ဒဏ်ငွေ ဒေါ်လာ တစ်ဆယ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
USCIS သို့ အကြောင်းကြားနည်း
အချိန်နှင့် တပြေးညီ သိရှိစေရန် အောက်ဖော်ပြပါ လိပ်စာများ သို့ Email ပို့နိုင်ပါတယ်။
California Service Center
By email: [email protected]
By mail: California Service Center
Attn: BCU Section, P.O. Box 30050
Laguna Niguel, CA 92607–3004
ကျသင့်ငွေနှင့် ပတ်သက်ပြီး USCIS သို့ အကြောင်းကြားချက်များ
အလုပ်ရှင်များ၊ Agent များ၊ ဝန်ထမ်း စုဆောင်းသူများ သို့မဟုတ် H2A Program တွင် ပါဝင်သော မည်သည့် အလုပ်အကိုင် ဝန်ဆောင်မှု မဆို H2A ဝန်ထမ်းများ အလုပ်ရရှိရန်အတွက် ဆိုပြီး ငွေကြေးကောက်ခံခြင်း၊ လျော်ကြေး တောင်းခံခြင်း တို့ကို တားမြစ်ထားပါတယ်။
အကယ်လို့ USCIS မှ ဝန်ထမ်းဖြစ်သူဟာ agent များ သို့မဟုတ် လူသစ်စုဆောင်းသူများကို H2A visa လျှောက်ထားပြီးမှ ငွေကြေးပေးရတယ်လို့ သတိပြုမိပါက လျှောက်ထားပေးတဲ့အလုပ်ရှင်ဟာ USCIS သို့အကြောင်းကြားရှင်းပြပြီး အဆိုပါလျှောက်လွှာကို ငြင်းပယ်ခံရခြင်းမှ ရှောင်ရှားရန်ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် H2A visa မလျှောက်ထားခင်ထဲက ဝန်ထမ်းဘက်မှ ငွေကြေးပေးဆောင်ထားသည်ဟု သိရှိရပါက ထိုချွင်းချက်ကိုပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။
(အကယ်လို့ လျှောက်ထားသူများဟာ H2A Visa လျှောက်ထားပြီးမှ အဆိုပါ တားမြစ်ထားသော အခကြေးငွေ သို့မဟုတ် လျော်ကြေးငွေများပေးရကြောင်း USCIS ကို အသိပေးပါက အလုပ်ရှင်ဟာ USCIS သို့ အကြောင်းကြား ရှင်းပြပြီး H-2A လျှောက်လွှာအား Denied ခံရခြင်းမှ ရှောင်ရှားနိုင်ပါတယ်။ )
ဒါပေမယ့် H2A Visa လျှောက်လွှာ ဖြည့်နေစဥ် အတွင်း လျှောက်ထားသူက ငွေကြေး ပေးဆောင်ခဲ့ပါက Denied ခံရခြင်းကို ရှောင်ရှားဖို့ အခွင့်အရေး ရတော့မည် မဟုတ်ပါ။
အဆိုပါ ကိစ္စများနှင့် ပတ်သက်လာခဲ့လျှင် လျှောက်ထားပေးသူ အလုပ်ရှင်မှ USCIS သို့ (၂) ရက်အတွင်း အကြောင်းကြားရမှာ ဖြစ်ပြီး အကြောင်းကြားစာတွင် -
(1) ရည်ရွယ်ချက်
(2) အတည်ပြုထားသော H2A လျှောက်လွှာ၏ USCIS Receipt Number
(3) လျှောက်ထားပေးသူ အလုပ်ရှင်၏ အမည်၊ လိပ်စာ နှင့် ဖုန်းနံပါတ်
(4) အလုပ်ရှင်၏ အမည်၊ လိပ်စာ နှင့် ဖုန်းနံပါတ် (လျှောက်ထားပေးသူ နှင့် အလုပ်ရှင်မတူညီခဲ့ပါက)
(5) ဝန်ထမ်းဖြစ်သူမှ ငွေကြေးပေးဆောင်လိုက်ရသော အဖွဲ့အစည်း၏ အမည် နှင့် လိပ်စာတို့ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။
စစ်ဆေး လျှောက်ထားဆဲ ဖြစ်နေသော H2A လျှောက်လွှာ အကြောင်း မေးမြန်းခြင်း
USCIS ဟာ H2A လျှောက်ထားသူများအတွက် Form I-129 ကို ပိုမို မြန်ဆန်စွာ လုပ်ဆောင်ပေးပါတယ်။ အကယ်လို့ လျှောက်လွှာ တင်ထားပြီး USCIS မှ ဆုံးဖြက်ချက် မချ ပေးသေးခြင်း သို့မဟုတ် သက်သေ တောင်းဆိုခြင်းများ မပြုလုပ်တာ (၁၅) ရက်ကျော်ပါက USCIS Contact Center ဖုန်းနံပါတ် 800-375-5283 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
USCIS ဟာ လျှောက်ထားသူ (သို့) ၎င်းတို့၏ ရှေ့နေများကိုသာ အမှုတွဲဆိုင်ရာ အချက်အလက်များ ပေးနိုင်ပါသည်။ ယာယီ အလုပ်သမား အပါအဝင် တရားဝင် ခွင့်ပြုချက် မရှိသော Third-Party အဖွဲ့အစည်းများကို အမှုတွဲဆိုင်ရာ သတင်း အချက်အလက်များကို အသိပေးမှာ မဟုတ်ပါဘူး။