USIRD Connect

H2B Visa - Non-Agricultural Workers

မိတ်ဆက်

H2A Temporary Non-Agricultural Workers

H2B Program ဟာ ချမှတ်ထားတဲ့ စည်းကမ်းချက်များနှင့် ကိုက်ညီသော အမေရိကန်နိုင်ငံရှိ အလုပ်ရှင် သို့မဟုတ် အမေရိကန် Agent များကို ယာယီအနေဖြင့် စိုက်ပျိုးရေး မဟုတ်သော လုပ်ငန်းများတွင် အလုပ်သမား ဖြည့်သွင်းရန် အတွက် နိုင်ငံတကာမှ ဝန်ထမ်းများအား အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ခွင့် ပေးထားပါတယ်။

အမေရိကန်ရှိ အလုပ်ရှင် (သို့) Agent များဟာ Form I-129 အား ခေါ်ယူမယ့် ဝန်ထမ်းအတွက် ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။

လျှောက်ထားခွင့် စံနှုန်းများ

H2B Visa အတွက် အရည်အချင်း ကိုက်ညီဖို့ လျှောက်ထားသူဟာ -
အဆိုပါ အလုပ်ကို ဆန္ဒရှိစွာ၊ အရည်အချင်းပြည့်မှီစွာ လုပ်ကိုင်နိုင်တဲ့ အမေရိကန် ဝန်ထမ်းများ လုံလုံလောက်လောက် မရှိကြောင်း၊
H2A ဝန်ထမ်းများကို အလုပ် ခန့်အပ်ထားခြင်းဟာ အလားတူ အလုပ်ခန့်အပ်ထားသော အမေရိကန် ဝန်ထမ်းများ၏ လစာနှင့် အလုပ်အကိုင် အခြေအနေ များကို ဆိုးရွားစွာ သက်ရောက်စေမှာ မဟုတ်ကြောင်း၊
H2B ဝန်ထမ်း လုပ်ကိုင်ရမယ့် အလုပ်ဟာ ယာယီ မဟုတ်ခဲ့လျှင်တောင် အဆိုပါ ဝန်ထမ်းကို ခေါ်ယူခြင်းဟာ ယာယီသာ ဖြစ်ကြောင်း
စသည်တို့ကို ဖော်ပြ၍ လျှောက်ထား ရပါမယ်။

အောက်ပါအချက်များထဲမှ တစ်ခုနှင့်ကိုက်ညီပါက ယာယီအလုပ် ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။

1 တစ်ကြိမ်တစ်ခါသာ လိုအပ်ခြင်း
○ အလုပ်ရှင်ဟာ အဆိုပါ အလုပ်အတွက် အမြဲတမ်း ဝန်ထမ်း သီးသန့် ရှိသော်လည်း အချိန်တို တစ်ခု အတွက်သာ ယာယီ ဝန်ထမ်း လိုအပ်. ကြောင်း ဖော်ပြထားခြင်း၊
○ ယခင်က အဆိုပါ အလုပ်အတွက် ဝန်ထမ်း မခန့်အပ် ထားခဲ့သလို အနာဂါတ်တွင်လဲ လိုအပ်မည် မဟုတ်ကြောင်းဖော်ပြထားခြင်း၊

2 ရာသီ အလိုက် လိုအပ်ခြင်း
○ နှစ်တစ်နှစ်၏ ပုံမှန် ဖြစ်ရပ်တစ်ခု ကြောင့်သာ ဝန်ထမ်းလိုအပ်ခြင်း၊
○ အဆိုပါ အလုပ်ဟာ နှစ်စဉ်နှစ်တိုင်း အလားတူ အချိန်တွင် ထပ်တလဲလဲ ဖြစ်ပေါ်လေ့ ရှိသောကြောင့် လိုအပ်ခြင်း၊

သတိပြုရန် -

● ဝန်ထမ်း လိုအပ်မည်ကို ကြိုတင် မတွက်ဆနိုင်ခြင်း
● ဝန်ထမ်း ယာယီ လိုအပ်သည့် အချိန် အတိုင်းအတာ မှာ မတိကျဘဲ ပြောင်းလဲနိုင်ခြင်း
● အမြဲတမ်းဝန်ထမ်းများ၏ အားလပ်ရက် ကာလ ဖြစ်နေခြင်း
ဤကဲ့သို့ အခြေအနေများ ဖြစ်ပေါ်နေပါက No.2 “ရာသီအလိုက် လိုအပ်ခြင်း” ခေါင်းစဥ် အတွင်း အကျုံးမဝင်တော့ပါ။


အင်အားဖြည့်တင်းရန်လိုအပ်မှု - လျှောက်ထားသူဟာ
○ ၎င်းတို့၏ အလုပ်ခွင်တွင် အလုပ်အတွက် အမြဲတမ်း အလုပ်သမားကို ခန့်အပ်ပြီးသား ရှိကြောင်း၊
○ ရာသီအလိုက် (သို့) အချိန်တိုအတွင်း ဝယ်လိုအား တိုးလာခြင်းကြောင့်သာ အမြဲတမ်း ဝန်ထမ်းများကို အင်အား ဖြည့်တင်းရန် ယာယီ အလုပ်သမား ခန့်အပ်ရန် လိုအပ်ကြောင်း၊
○ အဆိုပါ ယာယီအလုပ်သမားများဟာ အလုပ်ရှင်ရဲ့ လုပ်ငန်းလည်ပတ်ပုံမှာ ပုံမှန် ပါဝင်သွားမှာ မဟုတ်ကြောင်းတို့ကို ဖော်ပြထားရပါမယ်။

4 ကြားကာလအတွင်း လိုအပ်မှု - လျှောက်ထားသူဟာ

○ အလုပ်လုပ်ရန် အမြဲတမ်း ဝန်ထမ်း သို့ အချိန်ပြည့် ဝန်ထမ်းမခန့်ထားကြောင်း နှင့်
○ တစ်ခါတစ်ရံ ကြားကာလ အတွင်း လိုအပ်မှု ကြောင့် ခေတ္တ ခဏသာ ယာယီအလုပ်သမား လိုအပ်ကြောင်း ဖော်ပြထားရပါမယ်။
H2B Visa လျှောက်ထားသူများဟာ DOL မှ ရရှိထားသော တရားဝင် Labor Certification တစ်ခုကိုပါ ပူးတွဲ ဖော်ပြထား ရပါမယ်။ ဒါမှမဟုတ် ဝန်ထမ်းများကို Guam နေရာများ မှာ အလုပ်ခန့်အပ်ပါက Guam DOL မှ ရရှိထားသော Labor Certification ဖြစ်ရပါမယ်။

H2B Cap

တစ်နှစ်လျှင် H2B Visa ရရှိနိုင်သော နိုင်ငံသား မဟုတ်သူ အရေအတွက်ကို ကန့်သတ်ထားပြီး အဆိုပါ အရေအတွက် ကန့်သတ်ချက်ကို “Cap” လို့ ခေါ်ပါတယ်။ လက်ရှိတွင် အဆိုပါ အရေအတွက် ကန့်သတ်ချက်ကို (၆၆၀၀၀) အထိ သတ်မှတ် ထားပါတယ်။
October 1 ရက်နေ့မှ March 31 ရက်နေ့အထိ H2B Visa ၃၃၀၀၀ နှင့် April 1 ရက်နေ့မှ September 31 ရက်နေ့အထိကို ၃၃၀၀၀ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။ ပထမ ၆ လတွင် အသုံးမပြုခဲ့သော Visa များကို အလုပ်ရှင်များ အနေဖြင့် နောက် ၆ လ တွင် အသုံးပြုနိုင်မှာ ဖြစ်ပြီး တစ်နှစ်လုံး အသုံးမပြုခဲ့ဘဲ ကျန်ရှိသည့် Visa အရေအတွက်များ ကတော့ နောက်နှစ်တွင် အကျုံးဝင်မှာ မဟုတ်ပါဘူး။

ကန့်သတ်ချက် ပြည့်သွားသည်နှင့် တစ်ပြိုင်နက် US Citizenship and Immigration Services (USCIS) ဟာ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ရသည့် H-2B အလုပ်သမားများအတွက်သာ လျှောက်လွှာများကို လက်ခံနိုင်ပါတယ်။ လက်ရှိ H2B Cap နှင့် ထို H2B Cap မှ ကင်းလွတ်ခွင့်ရသော အလုပ်သမားများရဲ့ အချက်အလက် များကို Cap Count For H2B Nonimmigrants Web page မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

H2B Program Process

အဆင့် (1)
USCIS သို့ H2A Visa မလျှောက်ထားခင် လျှောက်ထားသူ အလုပ်ရှင်ဟာ DOL (Guam နေရာမှာ အလုပ်လုပ်ပါက Guam DOL) မှ Temporary Labor Certification လျှောက်ထား၍ ရရှိထားရပါမယ်။

အဆင့် (2)
အလုပ်ရှင်ဟာ အဆိုပါ Certification နှင့်အတူ Form I-129 ကို USCIS သို့ လျှောက်ထားရပါမယ်။ Form I-129 နှင့်အတူ မူရင်း Certification ကိုလိုအပ်လေ့ရှိသော်လည်း Application ကို DOL FLAG System ခေါ် Online ပေါ်မှ လျှောက်ထားခဲ့ပါက “Final Determination” စာမျက်နှာ ပါဝင်သော မိတ္တူကို တင်ပြနိုင်ပါတယ်။
အကယ်၍ လျှောက်ထားသူဟာ မတူညီသော Form I-129 ဖြင့် မူရင်းကို ယခင်က တင်သွင်းခဲ့ပါက ယခင် လျှောက်လွှာ၏ ပြေစာနံပါတ် နှင့်တကွ Certificate မိတ္တူတို့ကို တင်ပြပြီး အခြေအနေကို ဖြစ်နိုင်လျှင် ရှင်းပြရပါမယ်။

အဆင့် (3)
USCIS မှ Form I-129 ကို အတည်ပြုပေးပြီးပါက အခြားနိုင်ငံမှ သက်ဆိုင်ရာ ဝန်ထမ်းဟာ U.S. Department of State (DOS) သို့ ၎င်းနိုင်ငံရှိ အမေရိကန်သံရုံးတွင် H2B visa လျှောက်ရပါမယ်။ ထို့နောက် U.S. Customs and Border Protection (CBP) မှ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် ရယူရပါမယ်။
အကယ်၍ အဆိုပါဝန်ထမ်းဟာ Visa မလိုအပ်ခဲ့သည့် ကိစ္စများတွင် H2B Visa ဖြင့် CBP မှ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို တိုက်ရိုက် ရယူရပါမယ်။
သတိပြုရန် - အမေရိကန်-ကနေဒါနယ်စပ်မှ မိုင် ၅၀ ဝန်းကျင် အတွင်း အလုပ်ခန့်မည့် ကနေဒါ ဂီတပညာရှင် တစ်ဦး နှင့် အထက် အတွက် အလုပ်ရှင်က H-2B Visaလျှောက်ပေးနေပါက လျှောက်ရာတွင် အဆင့် ၁ ကို ကျော်သွားနိုင်ပါတယ်။

H2B လိမ်လည်မှုကို အစီရင်ခံတင်ပြခြင်း

အမေရိကန်အလုပ်သမားများ အပါအဝင် H2B လိမ်လည်မှု၏ နစ်နာသူအဖြစ် သံသယရှိသူတိုင်းဟာ ဖြစ်နိုင်ချေ ရှိသော လိမ်လည်မှုများ ၏ အချက်အလက်များကို Online Tip Form မှတဆင့် USCIS သို့ ပေးပို့နိုင်ပါတယ်။


နေထိုင်ခွင့်ကာလ

ရရှိထားသော Temporary Labor Certification အပေါ် မူတည်ပြီး USCIS ဟာ H2B Visa သမားများကို အမေရိကန် နိုင်ငံ အတွင်းမှာ အချိန်ကာလ တစ်ခုအထိ နေခွင့်ပြုပါတယ်။
အရည်အချင်း ပြည့်မှီသော အလုပ်များ အတွက် H2B Status များကို တစ်ကြိမ်လျှင် တစ်နှစ်အထိ သက်တမ်းတိုးနိုင်ပါတယ်။ ဒီမှာ သက်တမ်းတိုးလိုတဲ့ အချိန်ကို ကာမိတဲ့ Temporary Labor Certification အသစ်နဲ့ လျှောက်ထားရပါတယ်။ H2B Status ဖြင့် လူတစ်ဦးဟာ အမေရိကန်မှာ (၃) နှစ်အထိ နေနိုင်ပါတယ်။

H2B Status ဖြင့် (၃) နှစ်အထိ အမေရိကန်တွင် နေထိုင် အလုပ် လုပ်ပြီးသူဟာ အဆိုပါ (၃) နှစ် ပြည့်ပြီးသည်နှင့် အမေရိကန် နိုင်ငံမှ ချက်ချင်း ထွက်ခွါရမှာ ဖြစ်ပြီး နောက်တစ်ကြိမ် H2B Visa ပြန်မလျှောက်ထားခင် အမေရိကန် ပြင်ပတွင် (၃) လ ဆက်တိုက်နေထိုင်ရမှာ ဖြစ်ပါတယ်။ ထို့အပြင် လူတစ်ဦးဟာ ယခင်က H သို့မဟုတ် L Visa ဖြင့် အမေရိကန်တွင် နေထိုင်အလုပ်လုပ်ခဲ့ပါက ထိုအချိန်တွေဟာ H2B Status ရဲ့ (၃) နှစ်အဖြစ် ထည့်သွင်း သွားမှာ ဖြစ်ပါတယ်။

နေထိုင်ခွင့်ကာလ

ဒါပေမယ့် ချွင်းချက်တွေအနေနဲ့ H2B Status သက်တမ်း မကုန်ခင် အမေရိကန်ပြင်ပသို့ ထွက်နေတဲ့အချိန်အတိုင်းအတာ တစ်ခုကတော့ (၃) နှစ်ထဲကို ထည့်သွင်းမှာမဟုတ်ပါဘူး။

H2B ဝန်ထမ်းများ၏ မိသားစုဝင်များ

H2B ဝန်ထမ်းဖြစ်သူရဲ့ အိမ်ထောင်ဖက်နဲ့ အသက် (၂၁) နှစ် မပြည့်သေးသော ကလေးများဟာ H4 Visa လျှောက်ထားနိုင် ပါတယ်။ ဒါပေမယ့် ထို H4 Visa ကိုင်ဆောင်ထားသူတွေဟာ အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ခွင့်မရှိပါဘူး။

အလုပ်နှင့် ပတ်သက်ပြီး USCIS သို့ အကြောင်းကြားချက်များ

အောက်ဖော်ပြပါ အခြေအနေများ ဖြစ်ပေါ်ခဲ့ပါက H2B ဝန်ထမ်း၏ အလုပ်ရှင်မှ USCIS သို့ ၂ ရက် အတွင်း အကြောင်း ကြားပေးရမှာ ဖြစ်ပါတယ်။ H-2B ဝန်ထမ်းဟာ
● အလုပ်မလာခြင်း
○ အလုပ်ရှင်မှ အလုပ်စတင်ရန် သတ်မှတ်ထားသော ရက်စွဲ၊
○ H-2B လျှောက်လွှာတွင် ဖော်ပြထားသော အလုပ်စတင်သည့် ရက်စွဲမှ ၅ ရက် အတွင်း အလုပ်မဆင်းခြင်း၊
● ထွက်ပြေးသွားခြင်း - အလုပ်ရှင်ကို အသိပေးခြင်း မရှိဘဲ ထွက်ခွါသွားပြီး ၅ ရက် ဆက်တိုက် ခွင့်ပြုချက် မရှိ အလုပ်ပျက်ကွက်ခြင်း၊
● အလုပ်ထုတ်ခံရခြင်း - H-2B လျှောက်လွှာတွင် ဖော်ပြထားသော အလုပ် (သို့) ဝန်ဆောင်မှုများ မပြီးစီးခင်မှာ အလုပ်ထုတ်ခံရခြင်း၊
● အလုပ် စောစော ပြီးစီးမှု - H-2B လျှောက်လွှာတွင် ဖော်ပြထားသော အလုပ်ပြီးမြောက် ရက်ထက် ရက် ၃၀ စော၍ အလုပ်ပြီးစီးခဲ့ခြင်း။

အလုပ်နှင့် ပတ်သက်ပြီး USCIS သို့ အကြောင်းကြားချက်များ

အကြောင်းကြားစာတွင် အလုပ်ရှင်ဟာ
● စာတင်ရသော အကြောင်းအရင်း
● အချိန်မှီ အကြောင်းမကြားနိုင်သော အကြောင်းအရင်း နှင့် သက်သေများ
● Approved ဖြစ်ထားသော H2B လျှောက်လွှာ၏ USCIS Receipt Number
● လျှောက်ထားပေးသူ အလုပ်ရှင်၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် နှင့် Employer Identification Number (EIN)
● လျှောက်ထားသူက အလုပ်ရှင် မဟုတ်ပါက အလုပ်ရှင်၏ အမည်၊ လိပ်စာ နှင့် ဖုန်းနံပါတ်
● H2B ဝန်ထမ်း၏ အမည် အပြည့်အစုံ၊ မွေးနေ့၊ ဇာတိ၊ နောက်ဆုံး သိရှိသော နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ်
စသည်တို့ ပါဝင် ရပါမယ်။

ကျသင့်ငွေနှင့် ပတ်သက်ပြီး USCIS သို့ အကြောင်းကြားချက်များ

အလုပ်ရှင်များ၊ Agent များ၊ ဝန်ထမ်း စုဆောင်းသူများ သို့မဟုတ် H2B Program တွင် ပါဝင်သော မည်သည့် အလုပ်အကိုင် ဝန်ဆောင်မှု မဆို H2B ဝန်ထမ်းများ အလုပ်ရရှိရန်အတွက် ဆိုပြီး ငွေကြေးကောက်ခံခြင်း၊ လျော်ကြေး တောင်းခံခြင်း တို့ကို တားမြစ်ထားပါတယ်။

အကယ်လို့ USCIS မှ ဝန်ထမ်းဖြစ်သူဟာ Agent များ သို့မဟုတ် လူသစ်စုဆောင်းသူများကို H2B Visa လျှောက်ထားပြီးမှ ငွေကြေးပေးရတယ်လို့ သတိပြုမိပါက လျှောက်ထားပေးတဲ့ အလုပ်ရှင်ဟာ USCIS သို့အကြောင်းကြားရှင်းပြပြီး အဆိုပါလျှောက်လွှာကို ငြင်းပယ်ခံရခြင်းမှ ရှောင်ရှားရန် ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် H2B Visa မလျှောက်ထားခင် ထဲက ဝန်ထမ်းဘက်မှ ငွေကြေးပေးဆောင်ထားသည်ဟု သိရှိရပါက ထိုချွင်းချက်ကိုပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

USCIS သို့အကြောင်းကြားနည်း

အချိန်နှင့်တပြေးညီသိရှိစေရန် အောက်ဖော်ပြပါ လိပ်စာများသို့ Email ပို့နိုင်ပါတယ်။

California Service Center

By email: [email protected]

By mail:
California Service Center

Attn: BCU Section
P.O. Box 30050
Laguna Niguel, CA 92607–3004


Vermont Service Center

By email: [email protected]

By mail:
Vermont Service Center

Attn: BCU ACD
38 River Road
Essex Junction, VT 05479-0001

Previous