USIRD Connect

H3 Visa - Nonimmigrant Trainee

မိတ်ဆက်

H3 visa ဟာ အမေရိကန်နိုင်ငံသားမဟုတ်သူများကို အမေရိကန် နိုင်ငံအတွင်းသို့ အလုပ်သင်အဖြစ် (သို့) Special Education Exchange Program ဖြင့် ခေတ္တ လာရောက်သူများ အတွက် ဖြစ်ပါတယ်။

● အလုပ်သင်ဟာ ကိုယ့်ရဲ့နိုင်ငံမှာ မရနိုင်တဲ့ ဆေးပညာဆိုင်ရာ သင်ကြားမှုများ (သို့) လေ့ကျင့်ရေးများ ကဲ့သို့သော သင်တန်းမျိုးများ အပြင် အခြား စိတ်ပါဝင်စားသော နယ်ပယ်တွေကိုပါ လေ့လာသင်ယူခွင့် ရှိပါတယ်။

● Special Education Exchange Program ဖြင့် လာရောက်သူဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း (သို့) စိတ်ခံစားမှုပိုင်းဆိုင်ရာ မသန်စွမ်းသော ကလေးများ၏ ပညာရေးတွင် လက်တွေ့ကျသော လေ့ကျင့်မှုနှင့် အတွေ့အကြုံများကို သင်ကြားပို့ချပေးသည့် အစီအစဉ်များမှာ ပါဝင်ခွင့်ရှိပါတယ်။

အလုပ်သင်

H3 Visa ဖြင့်လာရောက်မယ့် အလုပ်သင်ဟာ တစ်စုံတစ်ဦး (သို့) အဖွဲ့အစည်းတစ်ခု ထံမှ အောက်ပါ မည်သည့် နယ်ပယ်တွင် မဆို သင်ကြားပို့ချမှုခံယူမည့် ရည်ရွယ်ချက်ဖြင့် ဖိတ်ကြား ခံထားရပါမယ်။

● စိုက်ပျိုးရေး
● ကူးသန်းရောင်းဝယ်ရေး
● ဆက်သွယ်ရေး
● ဘဏ္ဍာရေး
● အစိုးရ
● လမ်းပန်းဆက်သွယ်ရေးနှင့်
● အခြား ကျွမ်းကျင်နယ်ပယ်များ

ဤကဲ့သို့ အမျိုးအစားခွဲခြားမှု ဟာ အမေရိကန်နိုင်ငံတွင် အလုပ် လုပ်ကိုင်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ နောင်တစ်ချိန် အမေရိကန် နိုင်ငံ ပြင်ပတွင် လုပ်ဆောင်မည့် အလုပ်အတွက် နိုင်ငံသား မဟုတ်သူအား အလုပ်နှင့် ပတ်သက်သည့် လေ့ကျင့်မှုများ ပေးနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ပါတယ်။

H3 Visa ရရှိရန် အမေရိကန်အလုပ်ရှင် သို့ အမေရိကန်ရှိ အဖွဲ့အစည်းမှ -
● ရည်ရွယ်ထားသော လေ့ကျင့်ရေး သင်တန်းဟာ နိုင်ငံသား မဟုတ်သူရဲ့ မွေးရပ်နိုင်ငံမှာ မရရှိနိုင်တာ ဖြစ်ရပါမယ်။
● နိုင်ငံသား မဟုတ်သူကို အမေရိကန် နိုင်ငံသားများနှင့် ဒေသခံ အလုပ်သမားများ ပုံမှန် အလုပ် ခန့်အပ် ခံရသော နေရာတွင် တာဝန် ပေးအပ်ခြင်း မပြုလုပ်ရပါဘူး။
● အောင်မြင် ဖြစ်ထွန်းသော အလုပ်တွင် မတော်တဆ သို့ လေ့ကျင့်မှုတွင် လိုအပ်ခြင်းမှ မဟုတ်ခဲ့လျှင် နိုင်ငံသား မဟုတ်သူကို ပါဝင်ခြင်း မပြုရပါဘူး။
● အဆိုပါ လေ့ကျင့်မှု သင်တန်းဟာ အလုပ်သင်ကို အမေရိကန်နိုင်ငံ ပြင်ပတွင် အသက်မွေးဝမ်းကျောင်း ပြုလုပ်ရာမှာ အထောက်အကူ ပြုကြောင်း တွေကို ပြသရပါမယ်။

အလုပ်သင်

အလုပ်သင်များအတွက် H3 လျှောက်လွှာများတွင် -
● သင်တန်းအမျိုးအစား နှင့် Program အပေါ် ကြီးကြပ် ထိန်းချုပ်မှုများ၊ လေ့ကျင့်ရေး သင်ရိုး ဖွဲ့စည်းပုံများ၊
● ကောင်းမွန်သော အလုပ်ရရန် Traing Program တွင် မြှပ်နှံထားမည့် အချိန်အတိုင်းအတာတစ်ခု၊
● စာသင်ခန်းအတွင်း သင်ယူလေ့လာချိန် နှင့် အလုပ်ခွင် လေ့ကျင့်ရေး တို့တွင် အသီးသီး သုံးစွဲမည့် နာရီ အရေအတွက်၊
● အဆိုပါ သင်တန်းဟာ မည်သို့သော ပြည်ပအလုပ်ကို လုပ်ကိုင်နိုင်ရန် နိုင်ငံသား မဟုတ်သူအတွက် ပြင်ဆင် လေ့ကျင့်ပေးကြောင်း ဖော်ပြချက်၊
● နိုင်ငံသားမဟုတ်သူ၏ နိုင်ငံတွင် ဘာကြောင့် မသင်နိုင် ကြောင်း နှင့် ဘာကြောင့် အမေရိကန်နိုင်ငံ တွင် သင်ကြားရန် လိုအပ်ကြောင်း ဖော်ပြချက်၊
● သင်တန်းကာလတွင် အလုပ်ရှင် (သို့) အဖွဲ့အစည်းမှ ရရှိမည့် ငွေကြေး အရင်းအမြစ်များ၊ ထောက်ပံ့ပေးခြင်း နှင့် အကျိုးကျေးဇူးများ ကို ဖော်ပြထားရပါမယ်။
အဆိုပါ လေ့ကျင့်ရေး သင်တန်းများဟာ
● အချိန်ဇယား၊ ရည်ရွယ်ချက် နှင့် တိုးတက်မှု
ကို ဆုံးဖြတ်ရန် နည်းလမ်း မရှိပါက
● လျှောက်ထားသူ စီးပွါးရေး လုပ်ငန်းနှင့် မကိုက်ညီပါက
● နိုင်ငံသား မဟုတ်သူ၏ လိုအပ်သော
လေ့ကျင့်မှုများ ရရှိပြီးသော နယ်ပယ်ဖြစ်နေပါက
● လေ့ကျင့်မှုမှ ရရှိမည့် ပညာ ဗဟုသုတများဟာ အမေရိကန် နိုင်ငံ ပြင်ပတွင် အသုံးချရန် မဖြစ်နိုင်ပါက
● အမေရိကန်နိုင်ငံ ၏ ရာထူးအကြီးပိုင်း
များတွင် နိုင်ငံသား မဟုတ်သူများအား အလုပ် ရရှိစေရန် စုဆောင်း လေ့ကျင့်ပေးမှု ဖြစ်နေပါက
● လျှောက်ထားသူတွင် ကိရိယာများနှင့် လူ အလုံအလောက် ရှိကြောင်း မပြသထားပါက
● နိုင်ငံသား မဟုတ်သူ အတွက် စတင် သတ်မှတ် ပေးထားသော နေထိုင်နိုင်သည့် ကာလကို တိုးချဲ့ရန် ရည်ရွယ်ထားပါက ခွင့်ပြုချက် ရမှာမဟုတ်ပါဘူး။

Special Education Exchange Program နှင့် လာရောက်သူများ
အဆိုပါ အထူးပညာရေးဖလှယ်မှုအရ လာရောက်သူများကို အများဆုံး အယောက် (၅၀) သာ တစ်နှစ်လျှင် ခွင့်ပြုထားပါတယ်။
ထို Program တွင် ပါဝင်မည့်သူ များအား လက်တွေ့ အတွေ့အကြုံ ပေးနိုင်သော လေ့လာမှုများ နှင့် Training များကို ပေးနိုင်ရန်၊ ကျွမ်းကျင်စွာ လေ့ကျင့် ပေးထားသောဝန်ထမ်းများ နှင့် မသန်စွမ်း ကလေးများ အတွက် စည်းစနစ်ကျကျ ဖွဲ့စည်းထားသည့် သင်တန်းအစီအစဉ်များအား ဖန်တီးထားသော အဖွဲ့အစည်းများက H3 Visa တောင်းခံသည့် လျှောက်လွှာများကို ပြုစုပေးပြီး၊ လျှောက်ထားပေးရမှာ ဖြစ်ပါတယ်။

အဆိုပါလျှောက်လွှာတွင် -
နိုင်ငံသားမဟုတ်သူရရှိမည့် လေ့ကျင့်မှု အကြောင်း
အဖွဲ့အစည်းရှိ ကျွမ်းကျင်ဝန်ထမ်းများ အကြောင်း နှင့်
နိုင်ငံသားမဟုတ်သူမှ Training Programတွင် ပါဝင်ရမည့် အကြောင်းများကို ဖော်ပြထားရပါမယ်။
ထို့အပြင် လျှောက်လွှာတွင် အဆိုပါ Special Education Exchange Program နှင့် လာရောက်သူဟာ -
● တက္ကသိုလ် ထူးချွန်ပညာရေးတွင် B.Sc ဘွဲ့ (သို့) မြင့်မားသောဘွဲ့ ရရှိလု နီးပါး ဖြစ်နေသူ
● B.Sc ဘွဲ့ ရပြီးသား သို့ မြင့်မားသော ဘွဲ့ ရပြီးသားသူ
● ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့ စိတ်ခံစားမှုပိုင်း ဆိုင်ရာ မသန်စွမ်းသော ကလေးငယ်များကို သင်ကြားရန် လေ့ကျင့်မှုနှင့် အတွေ့အကြုံ ရှိပြီးသူ ဖြစ်ကြောင်း ဖော်ပြထားရပါမယ်။

လျှောက်လွှာတင်ခြင်းအဆင့်များ

H3 Visa ရရှိရန် အမေရိကန်နိုင်ငံရှိ အလုပ်ရှင် သို့ အဖွဲ့အစည်းဟာ Form I-129 ကို အထက်ပါ အချက်အလက်များအတိုင်း လျှောက်ထားပေးရမှာဖြစ်ပါတယ်။

နေထိုင်ခွင့်ကာလ
လျှောက်လွှာအတည်ပြုခံရပါက အလုပ်သင်များဟာ အမေရိကန်နိုင်ငံတွင် 2 နှစ်နေထိုင်နိုင်ပြီး Special Education Exchange Program နှင့် လာရောက်သူများဟာ 18 လကြာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

မိသားစု

အလုပ်သင်ရဲ့ အိမ်ထောင်ဖက်နှင့် အသက် 21 နှစ်အောက်ကလေးများဟာ H4 nonimmigrant အနေဖြင့် အမေရိကန်နိုင်ငံကို အတူလိုက်ပါ နေထိုင်နိုင်ပါတယ်။ ဒါပေမယ့် H4 nonimmigrant တွေဟာ အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ပိုင်ခွင့်မရှိပါဘူး။

Previous