USIRD Connect

EOIR Report သုံးသပ်ခြင်း

မြန်မာစစ်အစိုးရနှင့် အတိုက်အခံအင်အားစုများကြား ပဋိပက္ခများ ပြင်းထန်သောကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ ဆိုးရွားလာခဲ့ပါသည်။ ရာထူးမှဖယ်ရှားခံရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ အရပ်သားအစိုးရ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ အခြား ခေါင်းဆောင်များကိုလည်း ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။

သိသာထင်ရှားသော လူ့အခွင့်အရေးပြဿနာများတွင်
တရားလက်လွတ်သတ်ဖြတ်ခြင်းအပါအဝင် ဥပဒေမဲ့သတ်ဖြတ်မှုများ၊ အဓမ္မပျောက်ဆုံးမှု၊ ညှဉ်းပန်းနှိပ်စက်ခြင်း (သို့) ရက်စက်ကြမ်းကြုတ်ခြင်း၊ လူမဆန်သော (သို့) ယုတ်ညံ့သော ဆက်ဆံမှု (သို့) စစ်အစိုးရက ပြစ်ဒဏ်ပေးခြင်းများ၊ ကြမ်းတမ်း၍ အသက်အန္တရာယ်ရှိစေသော အကျဉ်းထောင်အခြေအနေများ၊ မတရားဖမ်းဆီးခြင်း (သို့) ထိန်းသိမ်းခြင်း၊ တရားစီရင်ရေးမဏ္ဍိုင်၏ ကြီးမားသောပြဿနာများ၊ နိုင်ငံရေးအကျဉ်းသားများ၊ အခြားနိုင်ငံမှ လူတစ်ဦးချင်းအပေါ် နိုင်ငံဖြတ်ကျော်၍ ဖိနှိပ်မှု၊ ကိုယ်ရေးကိုယ်တာကိစ္စတွင် ထင်သလို (သို့) ဥပဒေမဲ့ဝင်ရောက်စွက်ဖက်ခြင်း။ ဆွေမျိုးတစ်ဦးမှစွပ်စွဲသောပြစ်မှုတွင် မိသားစုဝင်များအတွက် ပြစ်ဒဏ်၊ ဥပဒေမဲ့ (သို့) ပျံ့နှံ့နေသော အရပ်သား ထိခိုက်နစ်နာမှု အပါအဝင် ပဋိပက္ခတွင် ပြင်းထန်သော ချိုးဖောက်မှုများ၊ အတင်းအဓမ္မ ပျောက်ဆုံးမှု (သို့) ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့မှ လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးများအား ဥပဒေမဲ့ စုဆောင်းခြင်း (သို့) အသုံးပြုခြင်း၊ သတင်းသမားများကို အကြမ်းဖက်ခြင်း (သို့) ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခြင်း (သို့) တရားစွဲခြင်းအပါအဝင် သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ကြီးလေးသောကန့်သတ်ချက်များ၊ ဆင်ဆာဖြတ်တောက်ခြင်းနှင့် ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်ခြင်းဆိုင်ရာ ဥပဒေများကို ကျင့်သုံးရန် ခြိမ်းခြောက်ခြင်း၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်တို့ကို သိသိသာသာ အနှောင့်အယှက်ပေးခြင်း၊ ဘာသာရေးလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်များ၊ လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ချက်များ၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများမှတစ်ဆင့် ၎င်းတို့၏အစိုးရကို ငြိမ်းချမ်းစွာပြောင်းလဲနိုင်ခြင်း မရှိသောနိုင်ငံသားများ၊ နိုင်ငံရေးပါဝင်မှုအပေါ် ပြင်းထန်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသောကန့်သတ်ချက်များ၊ ပြင်းထန်သောအစိုးရ၏ အကျင့်ပျက်ခြစားမှု၊ ကျယ်ပြန့်သော လိင်အခြေခံ အကြမ်းဖက်မှု၊ အမျိုးသားနှင့် တိုင်းရင်းသား လူနည်းစုအုပ်စုဝင်များကို ပစ်မှတ်ထား၍ အကြမ်းဖက်မှု (သို့) ခြိမ်းခြောက်မှုများ ပါ၀င်သည့် ရာဇ၀တ်မှုများ၊ အဓမ္မစေခိုင်းမှုအပါအဝင် လူကုန်ကူးမှု၊ အရွယ်ရောက်ပြီးသူများကြားတွင် ကြည်ဖြူစွာ လိင်တူလိင်ဆက်ဆံမှုများကို ရာဇဝတ်ဥပဒေများထားရှိခြင်း (ထိုဥပဒေများသည် ပြဋ္ဌာန်းခဲသော်လည်း)၊ အမှီအခိုကင်းသောအလုပ်သမားသမဂ္ဂများကို တားမြစ်ခြင်းနှင့် အလုပ်သမားများ၏ လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့်အပေါ် သိသာထင်ရှားသော ကန့်သတ်ချက်များ၊ အကြမ်းဖက်မှုနှင့် အလုပ်သမား တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက်ခြင်း၊ နှင့် အချို့သောအဆိုးရွားဆုံး ကလေးအလုပ်သမား ပုံစံများ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ အရာရှိတွေကို ဖော်ထုတ်အရေးယူဖို့ အစိုးရက ယုံကြည်လောက်တဲ့ ခြေလှမ်းတွေကို မလုပ်ဆောင်ခဲ့ပါဘူး။
အချို့သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ အဖွဲ့များ (သို့) အဖွဲ့ဝင်များသည် သတ်ဖြတ်ခြင်း၊ ပျောက်ဆုံးခြင်း၊ ကိုယ်ထိလက်ရောက် မတော်မတရားပြုမှုနှင့် ယုတ်ညံ့သောဆက်ဆံမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်။ ထိုတွင် လက်နက်ကိုင် ပဋိပက္ခနှင့် ဆက်နွှယ်သော အရပ်သားများအပေါ် စော်ကားမှု အများအပြား ပါဝင်သည်။

Previous