L1A Visa - Intracompany Transferee Executive or Manager
မိတ်ဆက်
L-1A Non-Immigrant Visa ဆိုတာ နိုင်ငံခြားရုံးခွဲ တစ်ခုခုမှာ ရှိတဲ့ Executive သို့မဟုတ် Manager တစ်ယောက်ယောက်ကို အမေရိကန်နိုင်ငံမှာ ရှိတဲ့ရုံးဆီ လွှဲပြောင်းတဲ့အခါမှာ သုံးတဲ့ Visa အမျိုးအစား ဖြစ်ပါတယ်။ ဒီ Visa က အမေရိကန်ရုံးခွဲ မရှိသေးတဲ့ လုပ်ငန်းတွေအတွက် အမေရိကန်နိုင်ငံမှာ ရုံးခွဲ လာဖွင့်ဖို့ အခြေအနေတွေ အတွက်လည်း ကိုက်ညီတဲ့ Visa ဖြစ်ပါတယ်။ အလုပ်ရှင်အနေနဲ့ I-129 Form (Petition for a Nonimmigrant Worker) ကို လျှောက်လွှာကြေးနဲ့အတူ ကိုယ်လွှတ်လိုတဲ့ အလုပ်သမား ကိုယ်စား တင်ပေးရပါမယ်။
လျှောက်ထားခွင့်စံနှုန်းများ
L-1 Visa အတွက် Qualify ဖြစ်ဖို့ဆိုရင် အလုပ်ရှင်အနေနဲ့
● ပြည်ပ ကုမ္ပဏီတစ်ခုခု (ပင်ရင်းကုမ္ပဏီ၊ ကုမ္ပဏီခွဲ စသည်) နဲ့ အချိတ်အဆက် ရှိရပါမယ်။
● အလုပ်ရှင် အနေနဲ့ L-1 Visa နဲ့ အမေရိကန်နိုင်ငံကို ဝန်ထမ်း လွှတ်လိုက်တဲ့ အချိန်အတွင်းမှာလည်း အမေရိကန်မှဖြစ်စေ တခြားနိုင်ငံမှဖြစ်စေ စီးပွားရေး လုပ်နေဆဲ (သို့) လုပ်ဖို့အစီအစဉ် ရှိနေရပါမယ်။ ဒီနေရာမှာ စီးပွားရေးလုပ်ရတယ် ဆိုတာဟာ စနစ်တကျ ပုံမှန်လည်ပတ်နေတဲ့ ကုန်ပစ္စည်း အရောင်းအဝယ်များ၊ Service များကို ဆိုလိုတာ ဖြစ်ပါတယ်၊ Agent (သို့) ရုံးခန်းတို့နဲ့ လည်ပတ်နေတဲ့ လုပ်ငန်း မဖြစ်မနေ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။
အလုပ်သမား ဘက်မှလည်း L-1 Visa Qualify ဖြစ်ရန်
အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီ တစ်ခုအတွက် လွန်ခဲ့တဲ့သုံးနှစ်အတွင်း တစ်နှစ်ကို လုပ်ငန်း အပြောင်းအလဲမရှိပဲ ဆက်တိုက် အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ရပါမယ်။
အမေရိကန်နိုင်ငံကို ဝင်ရောက်တဲ့အခါ ယခု အလုပ်ရှင်ရဲ့ လုပ်ငန်းအခွဲဖြစ်စေ၊ ဆက်စပ် ကုမ္ပဏီ အဖွဲ့အစည်းများ အတွက် ဖြစ်စေ အုပ်ချုပ်မှုပိုင်း ဆိုင်ရာ (သို့) စီမံကွပ်ကဲမှုပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီး လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိရပါမယ်။
အုပ်ချုပ်မှုအာဏာအရ အထက်လူကြီးဆီမှ ကြီးကြပ်စရာ မလိုအပ်ပဲ ဆုံးဖြတ်ချက် ချနိုင်စွမ်််းရှိသူ ကိုဆိုလိုပါတယ်။
စီမံကွပ်ကဲနိုင်စွမ်းအရ အဖွဲ့အစည်း၊ ဌာနခွဲ၊ အသင်းအဖွဲ့များ အားလုံးကို တာဝန်ခွဲဝေ စီစဉ်ပေးနိုင်သူ၊ High Level Organization တစ်ခုရဲ့ မရှိမဖြစ် လုပ်ငန်းဆောင်တာများ အတွက် အခြားသူရဲ့ တိုက်ရိုက် ကြီးကြပ်မှုမလိုပဲ စီမံခန့်ခွဲနိုင်သူ တစ်ယောက် ဖြစ်နေရပါမယ်။
ရုံးခန်း အသစ်များ
ပြည်ပမှ အလုပ်ရှင်များအနေနဲ့ Executive သို့မဟုတ် Manager တစ်ယောက်ကို အမေရိကန်နိုင်ငံမှာ ရုံးခွဲ အသစ်ဖွင့်ဖို့ အတွက် စေလွှတ်လိုက်တယ်ဆိုရင် အလုပ်ရှင်မှ ကိုယ့်ဝန်ထမ်းဟာ
ရုံးခန်းအသစ်ကို ကြီးကြပ်ဖို့အတွက် အရည်အချင်း ပြည့်မီစွာ လုပ်ကိုင်နိုင်သူ၊
လွန်ခဲ့တဲ့ သုံးနှစ် အတွင်းမှာ ယခု လုပ်ငန်းရဲ့ Executive သို့မဟုတ် Manager ရာထူးအနေနဲ့ တစ်နှစ်တိတိ လုပ်ခဲ့ဖူးသူ၊
အမေရိကန်ရုံးခွဲမှလည်း Executive သို့မဟုတ် Manager ရာထူးကို ရောက်ပြီးတစ်နှစ်အတွင်း ခန့်အပ်ပေးမှာဖြစ်ကြောင်း၊
သက်သေပြဖို့ လိုအပ်ပါတယ်။
နေထိုင်ခွင့်ကာလ
အမေရိကန်နိုင်ငံအတွင်းသို့ ရုံးခန်းအသစ်ဖွင့်ဖို့အတွက် ရောက်ရှိလာတဲ့ အလုပ်သမားများဟာ တရားဝင်နေထိုင်ခွင့် တစ်နှစ်အချိန်ရမှာဖြစ်ပြီး တခြားသာမာန် အလုပ်သမားများဟာ ၃ နှစ်အချိန်ရမှာ ဖြစ်ပါတယ်။ L-1A Visa သမား အားလုံး အတွက် နှစ်နှစ်စီ နေထိုင်ခွင့်သက်တမ်း တိုးလို့ရပါတယ်။ အလုပ်သမားအတွက် အများဆုံးနေထိုင်ပိုင်ခွင့် သက်တမ်းတိုး လို့ရတာ ၇ နှစ်အထိပဲ ဖြစ်ပါတယ်။
L1A ဝန်ထမ်းများ၏ မိသားစုဝင်များ
လွှဲပြောင်းမယ့် ဝန်ထမ်းရဲ့ အိမ်ထောင်ဖက်နဲ့ အသက် (၂၁) နှစ်အောက် အိမ်ထောင်မကျသေးတဲ့ သားသမီးများကလည်း အဖော်လိုက်ပေးလို့ ရပါတယ်။ လိုက်ခဲ့မယ့် အိမ်ထောင်ဖက်နဲ့ သားသမီးများကို L-2 Visa နဲ့ လာမယ့်သူတွေလို့ သတ်မှတ်မှာ ဖြစ်ပြီး Visa ရသွားပြီဆိုရင် လွှဲပြောင်း Visa သမား နေထိုင်ခွင့် အချိန်ကာလ နဲ့အတူတူ အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
တကယ်လို့ အိမ်ထောင်ဖက်နဲ့သားသမီးများက အမေရိကန်နိုင်ငံမှာ တခြား Visa Status နဲ့ရောက်နေနှင့်ပြီးသား ဖြစ်နေရင်တော့ L-2 ဖြစ်အောင် I-539 Form (Application to Change/ Extend Non-Immigrant Status) ကိုဖြည့်ပြီး Status ပြောင်းလဲဖို့ လိုအပ်ပါတယ်။
L-1 အလုပ်သမားများရဲ့ အိမ်ထောင်ဖက်များအနေနဲ့ သူတို့ရဲ့ Status အရ အမေရိကန်နိုင်ငံမှာ တရားဝင် အလုပ်လုပ်ပိုင်ခွင့် ရှိပါတယ်။ DHS ကထုတ်ပေးမယ့် Employment Authorization အတွက် တင်ရမယ့် Form I-9 (Employment Eligibility Verification) ထဲမှာဖြည့်ရမယ့် အထောက်အထားများထဲမှာ -
1. L-2S Non-Immigrant Status ကို ပြဖို့အတွက် သက်တမ်းမကုန်သေးတဲ့ I-94 Form တစ်ခုတင်ပြဖို့ လိုအပ်ပါတယ်။ Jan. 30, 2022 မှစပြီး USCIS နဲ့ CBP က L-1 အလုပ်သမားတွေရဲ့ အိမ်ထောင်ဖက်များကို သီးသန့် Admission Code နဲ့ Form I-94 တွေတင်ဖို့ ပြဌာန်းခဲ့ပါတယ်။ Form I-9 ရဲ့ List C မှာ ဖော်ပြထားသလို L Visa ရဲ့ အိမ်ထောက်ဖက်များ အတွက် တင်လိုက်တဲ့ I-94 မှာ ဒီလို Code အသစ်နဲ့ ပါရှိတယ်ဆိုရင်တော့ Employment Authorization အတွက် သက်သေတစ်ခုအဖြစ် တင်လို့ရပါပြီ။
2. L-2 Non-Immigrant Status ကို Admission Code တစ်ခုနဲ့အတူ တင်ပြနိုင်ဖို့အတွက် သက်တမ်းမကုန်သေးတဲ့ I-94 Form တစ်ခုတင်ပြဖို့ လိုအပ်ပါတယ်။ Jan. 30, 2022 မှစပြီး USCIS က L-1 အလုပ်သမားတွေရဲ့ အိမ်ထောင်ဖက်များကို L-2 Non-Immigrant Status နဲ့ Form I-94 တွေတင်ဖို့ ပြဌာန်းခဲ့ပါတယ်။ Form I-9 ရဲ့ List C မှာဖော်ပြထား သလို L Visa ရဲ့ အိမ်ထောက်ဖက်များ အတွက် တင်လိုက်တဲ့ I-94 မှာ ဒီလို L-2 Status ကိုကိုယ်စားပြု ကြောင်း အထောက်အထား ပါရှိတယ်ဆိုရင်တော့ Employment Authorization အတွက် သက်သေတစ်ခု အဖြစ် တင်လို့ရပါပြီ။
3. သက်တမ်းမကုန်သေးတဲ့ Employment Authorization Document (EAD) ကိုတင်ပြဖို့ လိုအပ်ပါတယ်။ L အိမ်ထောင်ဖက်များက I-765 (Application for Employment Authorization) ကို သီးသန့်တင်စရာ မလိုပေမယ့် Employment Authorization Document (I-766) ရရှိဖို့အတွက် တင်ချင်တယ် ဆိုရင်လည်း သက်ဆိုင်ရာ တင်သွင်းခ နဲ့အတူ တင်ခွင့်ရှိပါတယ်။ Form I-9 ရဲ့ List A မှာဖော်ပြထားတဲ့ အတိုင်း EAD ကို Identity တစ်ခုအဖြစ်လည်း သုံးနိုင်သလို အလုပ်လုပ်ခွင့်ရှိတဲ့ အထောက်အထားအနေနဲ့လည်း သုံးနိုင်ပါတယ်။
4. သက်တမ်းကုန်သွားတဲ့ EAD ကို သက်တမ်း တိုးဖို့အတွက် စာရွက်စာတမ်း အထောက်အထားများ နဲ့အတူ တင်ပြဖို့ လိုအပ်ပါတယ်။
L Visa သမားတွေထဲမှ Qualify ဖြစ်တဲ့သူတစ်ချို့က I-766 EAD တွေကို အလိုအလျောက် သက်တမ်းတိုးပေးနိုင်ခွင့် အတွက်အကျုံးဝင်ပါတယ်။ ဒီလို Qualify ဖြစ်ဖို့အတွက်
● လျှောက်ထားသူတွေအနေနဲ့ L Non-Immigrant Status ဖြင့်တင်ရတဲ့ I-765 (Application for Employment Authorization) ကို အချိန်မှန်မှန် တင်ပေးရပါမယ်။
● L-2 (သို့) L-2S အနေနဲ့ Non-Immigrant ဖြစ်ကြောင်းပြရန် သက်တမ်းမကုန်သေးတဲ့ Form I-94 ကို တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။
ပုံမှန်အားဖြင့် DHS Regulation တွေအရ EAD ပေါ်မှာ ရေးထားတဲ့ Expiration Date ပြီးနောက် ၆ လ အထိကို အလိုအလျောက် သက်တမ်း တိုးပေးပါတယ်။ ဒါပေမယ့် May 4, 2022 မှစပြီးနောက်ပိုင်းမှာ DHS အနေနဲ့ ယာယီ ဥပဒေတစ်ခု ဖြစ်တဲ့ အလိုအလျောက်တိုးပေးသော ရက်ပမာဏကို ရက်ပေါင်း ၃၆၀ အထိ ထပ်ပြီးတိုးပေးလိုက်တာကြောင့် စုစုပေါင်းရက်ပေါင်း ၅၄၀ အထိ သက်တမ်းတိုးခွင့် ရရှိသွားပါတယ်။ အလိုအလျောက် EAD သက်တမ်းတိုးဖို့အတွက် အောက်ပါ Date များဖြစ်ဖို့ လိုအပ်ပါတယ်။
● L-2 (သို့) L-2S Non-Immigrant Status အကျုံးဝင်သေးကြောင်း ပြဖို့အတွက် အိမ်ထောင်ဖက် ဖြစ်သူရဲ့ I-94 Form မှာပါတဲ့ End Date
● USCIS ဘက်မှ ကိုယ့်ရဲ့ အရင် EAD ကို Approve လုပ်တာဖြစ်စေ Deny လုပ်တာဖြစ်စေ လုပ်ခဲ့သော Date
● အရင်ကရှိခဲ့ဖူးတဲ့ EAD ရဲ့ အရှေ့ဘက်မှာပါတဲ့ Card Expire Date မှစပြီး ရက်ပေါင်း (၅၄၀)
EAD ကို သက်တမ်းတိုးဖို့အတွက် သက်သေ အထောက်အထား အနေနဲ့ I-9 Form တင်တဲ့အခါမှာ L အိမ်ထောက်ဖက်များ အနေနဲ့ -
● L-2 သို့မဟုတ် L-2S Nonimmigrant Status သက်တမ်းမကုန်သေးကြောင်း သက်သေပြနိုင်တဲ့ I-94 Form တင်ဖို့ လိုအပ်ပါတယ်။
● အချိန်မှန်မှန် EAD သက်တမ်း ပြန်တိုးဖို့အတွက် လျှောက်လွှာ Form I-797C (Form I-765 မှာ Class (a)(18) ကိုကိုယ်စားပြု) ကိုတင်ရပါမယ်။
● Category A18 မှာပါတဲ့အတိုင်း ရရှိခဲ့တဲ့ သက်တမ်းကုန်ပြီးသား EAD ကိုလည်း တင်ဖို့ လိုအပ်ပါတယ်။
Canadian L-1 Nonimmigrant များအတွက်
Form I-129 Pilot Program
April 30, 2018 မှ April 30, 2020 အထိကာလအတွင်း California Service Center၊ CBP Blaine နဲ့ Washington ရဲ့ Port of Entry တို့က North American Free Trade Agreement (NAFTA) အရ L-1 Non-Immigrant Status လျှောက်ထား လိုတဲ့ Canada နိုင်ငံသားများအတွက် Joint Agency Pilot Program ထဲမှာ ပါဝင်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို USCIS ရဲ့ Form I-129/I-129S Pilot Program for Canadian L-1 Non-Immigrants ဆိုတဲ့ စာမျက်နှာ မှာ ဖတ်ရှုနိုင်ပါတယ်။
Blanket Petitions
Organization များအနေနဲ့ Intracompany Relationship ကိုပြနိုင်တယ်ဆိုရင် Blanket Petition ဖြည့်ခြင်းဖြင့် L-1 Petition တစ်စောင်ချင်းတင်စရာ မလိုအပ်ပဲ Blanket L Certification ရနိုင်ခြေရှိပါတယ်။
● Petition တင်တဲ့သူဟာ Commercial Trade များ Service များအားဖြင့် Qualify ဖြစ်တဲ့ Organization တစ်ခုချင်းစီနဲ့ ချိတ်ဆက်နေရပါမယ်။
● အမေရိကန်နိုင်ငံမှာ တစ်နှစ် သို့မဟုတ် တစ်နှစ်ထက်ပိုပြီး စီးပွားရေးလုပ်ထားတဲ့ ရုံးခန်းတစ်ခန်း ရှိရပါမယ်။
● Petition တင်တဲ့သူဟာ ပြည်တွင်းပြည်ပမှာ ရုံးခန်းအခွဲ၊ လက်အောက်ခံကုမ္ပဏီ အနည်းဆုံး (၃) ခု ရှိရပါမယ်။
တခြား Qualifying Organization နဲ့ ဆက်စပ်ပြီး အောက်ပါ စံချိန်စံနှုန်းတွေအတိုင်း ကိုက်ညီနေဖို့ လိုအပ်ပါတယ်။
○ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း L-1 Approval အနည်းဆုံး (၁၀)ခု ရှိရပါမယ်။
○ U.S. မှာရှိတဲ့ လုပ်ငန်းအခွဲများ၊ လက်အောက်ခံ လုပ်ငန်းများ အားလုံးဆီမှရတဲ့ နှစ်စဥ်အရောင်းငွေ အနည်းဆုံး $25 Million ရှိရပါမယ်။
○ U.S. မှာအလုပ်လုပ်ဖို့ ဝန်ထမ်း အင်အား အနည်းဆုံး လူ (၁၀၀၀) ရှိရပါမယ်။
Blanket L Petition အောင်တယ်ဆိုတိုင်း လျှောက်ထားတဲ့ ဝန်ထမ်းဟာ L-1A အမျိုးအစားဖြစ်မယ် လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဝန်ထမ်းတစ်ယောက်ချင်းစီကို USCIS မှ တစ်ဆင့် လျှောက်ထားပေးရတာ ထက်စာရင် အလွန် သက်သာ မြန်ဆန်စွာနဲ့ ဝန်ထမ်းများကို အမေရိကန်နိုင်ငံကို ပို့ပေးလို့ ရတာကြောင့် အလုပ်ရှင်အတွက် အဆင်ပြေစေပါတယ်။