USIRD Connect

L1B Intracompany Transferee Specialized

မိတ်ဆက်
L1B Visa ဟာ အမေရိကန်နိုင်ငံရှိအလုပ်ရှင်မှ ၎င်း၏ organization နဲ့သက်ဆိုင်တဲ့ဗဟုသုတရှိသော ကျွမ်းကျင် ဝန်ထမ်းကို အမေရိကန်ပြင်ပမှာရှိတဲ့ရုံးခွဲကနေ အမေရိကန်ရုံး သို့ပြောင်းရွှေ့ရာမှာ အသုံးပြုကြပါတယ်။ ထိုကဲ့သို့ပြုလုပ်ရာမှာ အလုပ်ရှင်ဟာ ခေါ်ယူမယ့်ဝန်ထမ်းဖို့ Form I-129 ကို တင်သွင်းခ နှင့်အတူ တင်သွင်းပေးရမှာ ဖြစ်ပါတယ်။

လျှောက်ထားခွင့်စံနှုန်းများ

L1B အမျိုးအစားအတွက် အရည်အချင်းပြည့်မှီဖို့ အလုပ်ရှင်ဟာ

● တစ်ဖက်ကုမ္ပဏီနှင့် အရည်အချင်းပြည့်မှီသော ဆက်ဆံရေးတစ်ခု နှင့်
● ခေါ်ယူထားတဲ့ ဝန်ထမ်းဟာ အမေရိကန်နိုင်ငံမှာ ရှိနေသရွေ့ အလုပ်ရှင်ဟာ အမေရိကန်ရှိကုမ္မဏီ နဲ့အခြားနိုင်ငံရှိကုမ္ပဏီ နှစ်ခုလုံးမှာ တိုက်ရိုက်ဖြစ်စေ အရည်အချင်းပြည့်မှီသော အဖွဲ့အစည်းတစ်ခုမှ ဖြစ်စေ စီးပွါးရေးလုပ်ကိုင်နေရပါမယ်။

အဆိုပါ စီးပွါးရေးလုပ်ကိုင်ခြင်းဟာ အရည်အချင်းပြည့်မှီသော အဖွဲ့အစည်းမှ ပုံမှန်၊ စနစ်တကျ နှင့် ဆက်လက်လုပ်ကိုင်နိုင်မည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ လုပ်ဆောင်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ သာမာန် Agent နှင့် နှစ်ဖက်နိုင်ငံလုံးမှာ ရုံးတစ်ရုံးဆီ ရှိနေခြင်းဟာ အရည်အချင်းမပြည့်မှီပါဘူး။

L1B အမျိုးအစားအတွက် အရည်အချင်းပြည့်မှီဖို့အတွက် ဝန်ထမ်းဟာ

● အမေရိကန်နိုင်ငံသို့ မရောက်မီ သုံးနှစ်တာ ကာလအတွင်း ကြာမြင့်သော Gap Year မရှိဘဲ အနည်းဆုံး တစ်နှစ်ကြာ အရည်အချင်းပြည့်မီသော အဖွဲ့အစည်းတစ်ခုမှ အလုပ်ခန့်ထားခံရခြင်း၊
● သာမာန်ထက်ပိုမိုသော ဗဟုသုတလိုအပ်တဲ့ ရာထူးအတွက် အလုပ်လုပ်ရန် အမေရိကန်သို့ လာရောက်ရမှာဖြစ်ပြီး တူညီသော အလုပ်ရှင်၏ ဌာနခွဲ သို့မဟုတ် ၎င်း၏ အရည်အချင်းပြည့်မှီသော အဖွဲ့အစည်းအတွက် တာဝန်ထမ်းဆောင်ပေးရခြင်း
စသည်တို့ လိုအပ်ဖါတယ်။

L1 Visa Reform Act of 2004
2004 ခုနှစ် L1 Visa Reform Act ဟာ 2005 ခုနှစ် June လ 6 ရက် သို့မဟုတ် နောက်ပိုင်းတွင် တင်သွင်းတဲ့ လျှောက်လွှာများ နှင့်သာ သက်ဆိုင်ပါတယ်။ ၎င်းဟာ L1B ဝန်ထမ်းက ကိုယ့်ကို Visa လျှောက်ပေးတဲ့ အလုပ်ရှင်ဆီမှာ မလုပ်ပဲ တခြားနေရာမှာ အလုပ်သွား လုပ်မယ့် အခြေအနေများကို ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့အခြေအနေမျိုးမှာ L1B Visa ရရှိဖို့ အတွက် လျှောက်ထားပေးမည့် အလုပ်ရှင်ဟာ
● ဝန်ထမ်းဖြစ်သူ သွားရောက် အလုပ်လုပ်မယ့်နေရာမှာ တခြားအလုပ်ရှင်က အဆိုပါ ဝန်ထမ်းအပေါ် ထိန်းချုပ် ကြီးကြပ်ခွင့်မရှိကြောင်း နှင့်
● အဆိုပါဝန်ထမ်းရဲ့အလုပ်တာဝန်တွေဟာ အခြား ကုမ္ပဏီမှ တိုက်ရိုက်ငှါးရမ်းတာမျိုး မဟုတ်ကြောင်း တို့ကိုတင်ပြပေးရပါမယ်။

ရုံးခန်း အသစ်များ

နိုင်ငံရပ်ခြားရှိအလုပ်ရှင်ဟာ သာမာန်ထက်ပိုမိုသော ဗဟုသုတရှိတဲ့ဝန်ထမ်းအား အမေရိကန်ရုံးသစ်သို့ပို့ရန်
● ရုံးခန်းအသစ်ဟာ နေရာအလုံအလောက်ရှိကြောင်း
● ဝန်ထမ်းကို အမေရိကန်နိုင်ငံတွင် လုပ်ဆောင် စေပြီး လစာပေးဖို့ငွေအလုံအလောက် ရှိကြောင်း တွေကိုပြသရမှာဖြစ်ပါတယ်။

နေထိုင်ခွင့်ကာလ

အမေရိကန်သို့လာရောက်၍ ရုံးအသစ်ဖွင့်ရမည့် အရည်အချင်း ပြည့်မှီသော ဝန်ထမ်းတွေဟာ စတင်ဝင်ရောက်လာချိန်တွင် အများဆုံး ၁ နှစ် နေထိုင်နိုင်မှာဖြစ်ပြီး အခြားအရည်အချင်း ပြည့်မှီသော ဝန်ထမ်းတွေဟာ အများဆုံး ၃ နှစ်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
L1B ဝန်ထမ်းအားလုံးဟာ ၎င်းတို့ရဲ့နေထိုင်ခွင့်ကို အများဆုံး နေထိုင်ချိန် ၅ နှစ်သို့မပြည့်မချင်း ၂ နှစ်ဆီ သက်တမ်းတိုးခွင့်ကို တောင်းဆို နိုင်ပါတယ်။

L1B ဝန်ထမ်းများ၏ မိသားစုဝင်များ

ပြောင်းရွှေ့ခံရသော ဝန်ထမ်းဟာ ၎င်းတို့ရဲ့ အိမ်ထောင်ဖက်နှင့် အသက် ၂၁ နှစ်အောက် လက်မထပ်ရသေးသော ကလေးများ ကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားနိုင်ပါတယ်။
အိမ်ထောင်ဖက် နှင့် သားသမီးများသည် L2 Nonimmigrants အမျိုးအစားတွင် ဝင်ခွင့်လျှောက်ထားနိုင်ပြီး အတည်ပြုခဲ့ပါက၊ ၎င်းတို့အား ဝန်ထမ်းဖြစ်သူနှင့် တူညီသော နေထိုင်ခွင့်ကာလကို ပေးသွားမှာ ဖြစ်ပါတယ်။
အကယ်လို့ အဆိုပါမိသားစုဝင်များဟာ အမေရိကန် မှာရှိနေပြီး Status ပြောင်းလဲခြင်း (သို့) L2 အဖြစ်နေထိုင်၍ သက်တမ်းတိုး လိုပါက Form I-539 လျှောက်ထားရမှာဖြစ်ပါတယ်။

L1B ဝန်ထမ်းများရဲ့အိမ်ထောင်ဖက်ဟာ ၎င်းတို့ရဲ့ Visa Status အရ အလုပ်လုပ်ပိုင်ခွင့်ရှိပါတယ်။ Form I-9 ဖြည့်ရန် DHS မှာအတည်ပြုပေးသော အလုပ်လုပ်ကိုင်ခွင့်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများတွင်
1. L2S Visa ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း သက်သေ ပြနိုင်တဲ့ သက်တမ်းမကုန်သေးသော Form I-94
2. L2 Visa ကိုင်ဆောင်ထားသူဖြစ်ကြောင်း ပြနိုင်တဲ့ သက်တမ်းမကုန်သေးသော Form I-94 နှင့်အတူ USCIS မှပေးပို့ထားသော Admission Code အသစ်
3. သက်တမ်းမကုန်သေးသော အလုပ်လုပ်ခွင့် (EAD) L Visa ကိုင်ဆောင်ထားသူရဲ့ အိမ်ထောင်ဖက်ဟာ Form I-765 ကိုဖြည့်စွက်၍ EAD လျှောက်ထားရ န်မလိုအပ်သော်လဲ Form I-766 EAD ကိုရရှိရန် Form I-765 ကိုဆက်လက်ဖြည့်စွက်ရမှာဖြစ်ပါတယ်။ အဆိုပါ Form I-766 EAD ဟာ သက်သေအဖြစ် အသုံးဝင်မှာ ဖြစ်ပါတယ်။
4. သက်တမ်းကုန်ဆုံးပြီးသော EAD နှင့် ထို EAD ဟာ အလိုအလျောက်သက်တမ်းတိုးခြင်းအဖြစ် ပြသနိုင်တဲ့ အပိုထပ်ဆောင်း အချက်အလက်များ ပါဝင်ပါတယ်။

အချို့ L Nonimmigrant အိမ်ထောင်ဖက်များဟာ အောက်ပါ အခြေအနေများနှင့် ကိုက်ညီပါက ၎င်းတို့၏ လက်ရှိ Form I-766 EAD ကို အလိုအလျောက် သက်တမ်းတိုးခွင့် ရှိပါတယ်။

ထိုအချက်များဟာ
● ၎င်းတို့၏ L Nonimmigrant Status ကိုအခြေခံ၍ Form I-765 ကို သက်တမ်းတိုးရန် အချိန်မီ တင်သွင်းခဲ့ခြင်း နှင့်
● ၎င်းတို့ဟာ L-2 သို့မဟုတ် L-2S Nonimmigrant ဖြစ်ကြောင်း ပြသသည့် သက်တမ်းမကုန်သေးသော Form I-94 ရှိခြင်း တို့ပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် DHS မှစည်းမျဉ်းစည်းကမ်းများအရ EAD သက်တမ်းကုန်ဆုံးပြီးသည့်အချိန်မှစ၍ သက်တမ်းတိုးကာလကို ရက်ပေါင်း 180 အလိုအလျောက်ပေးခဲ့ပါတယ်။ ဒါပေမယ့် May လ 4 ရက် 2022 မှစပြီး သက်တမ်းတိုးကာလကို ရက်ပေါင်း 540 အဖြစ် သတ်မှတ်မည့် ယာယီစည်းမျဉ်း ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် EAD သက်တမ်းဟာ အောက်ပါအချက်များထဲမှ တစ်ခုခု မဖြစ်မချင်း အလိုအလျောက် သက်တမ်းတိုးနေမှာ ဖြစ်ပါတယ်။
အိမ်ထောင်ဖက်ဖြစ်သူရဲ့ L2 သို့မဟုတ် L2S ဖြစ်ကြောင်းပြတဲ့ Form I-94 ပေါ်ရှိ သက်တမ်း ကုန်ဆုံးရက် ရောက်ရှိလာခြင်း။
ယခင် EAD အား သက်တမ်းတိုးခြင်းကို သက်ဆိုင်ရာမှ အတည်ပြုခြင်း (သို့) ငြင်းပယ်ခြင်း ပြုလုပ်တဲ့ရက်။
ယခင် EAD ၏ရှေ့တွင်ဖော်ပြထားသော သက်တမ်းကုန်ဆုံးရက်မှ ရက်ပေါင်း 540 ပြည့်တဲ့ရက်တို့ပဲဖြစ်ပါတယ်။

L1B ဝန်ထမ်းများ၏ မိသားစုဝင်များ

အရည်အချင်းပြည့်မှီတဲ့ L Nonimmigrant အိမ်ထောင်ဖက်များ ဟာ အောက်ပါ EAD သက်တမ်းတိုးခြင်း သက်သေများကို အလုပ်ရှင်အား Form I-9 အတွက် ပံ့ပိုးနိုင်ပါတယ်။ အဆိုပါ သက်သေများဟာ
၎င်းတို့၏ L2 သို့မဟုတ် L2S Nonimmigrant status သက်တမ်းမကုန်သေးကြောင်းပြသသည့် Form I-94
၎င်းတို့၏ EAD သက်တမ်းတိုးလျှောက်လွှာ (Form I-765) ကို အချိန်နှင့်တစ်ပြေးညီ တင်သွင်းခဲ့ကြောင်း အတည်ပြုပေးသည့် Form I-979C
Category A18 အောက်ရှိ အမျိုးအစားတူသည့် သက်တမ်း ကုန်ဆုံးပြီးသော EAD တို့ပဲဖြစ်ပါတယ်။

Canadian L-1 Nonimmigrant များအတွက်

Form I-129 Pilot Program

2018 ခုနှစ် April လ 30 ရက်နေ့မှ 2020 ခုနှစ် April လ 30 ရက်နေ့အထိ California Service Center နှင့် CBP Blaine, Washington, port of entry (POE) တို့ဟာ North American Free Trade Agreed (NAFTA) ဥပဒေအောက်တွင် L-1 visa ရှာဖွေနေသော Canada နိုင်ငံသားများအတွက် ပူးတွဲAgency များ အဖြစ်ကူညီဆောင်ရွက်ပေးနေပါတယ်။

Blanket Petition

အချို့သောအဖွဲ့အစည်းတွေဟာ L1 Visa မလျှောက်ခင် ကုမ္ပဏီ များအကြား လိုအပ်တဲ့ဆက်ဆံရေးထူထောင်ခြင်းကို Blanket petition ဖြည့်သွင်းခြင်းနဲ့ပြုလုပ်ကြပါတယ်။ Blanket L certification ကိုအရည်အချင်းပြည့်မှီဖို့အတွက်

● လျှောက်ထားသောအဖွဲ့အစည်းနှင့် အရည်အချင်း ပြည့်မှီသောအဖွဲ့အစည်းဟာ ကူးသန်းရောင်းဝယ်ရေး (သို့)ဝန်ဆောင်မှုများတွင် ပါဝင်ပတ်သက်နေရပါမယ်။
● လျှောက်ထားသောအဖွဲ့အစည်းဟာ တစ်နှစ် သို့မဟုတ် တစ်နှစ်ထက်ပိုပြီး စီးပွါးရေးလုပ်ကိုင်နေတဲ့ရုံးတစ်ခု အမေရိကန်နိုင်ငံမှာ ရှိရပါမယ်။

လျှောက်ထားသောအဖွဲ့အစည်းဟာ အမေရိကန်နိုင်ငံ နှင့် အခြားနိုင်ငံများတွင် သုံးခု သို့မဟုတ် ပိုသော ရုံးခွဲများ၊ လုပ်ငန်းခွဲများ သို့မဟုတ် ဆက်စပ်ကုမ္ပဏီများရှိရပါမယ်။ တောင်းဆိုသူနှင့် အခြားအရည်အချင်းပြည့်မီသော အဖွဲ့အစည်းဟာ အောက်ပါအခြေအနေများထဲမှ တစ်ခုကို အတူတကွ ကိုက်ညီထားရပါမယ်။
1. ၎င်းတို့သည် ပြီးခဲ့သောနှစ်အတွင်း L-1 Approval အနည်းဆုံး 10 ခု ရရှိထားခြင်း။
2. ၎င်းတို့တွင် စုစုပေါင်း တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ 25 သန်း ရောင်းချရသည့် အမေရိကန် လုပ်ငန်းခွဲများ သို့မဟုတ် တွဲဖက်ကုမ္ပဏီများရှိခြင်း။
3. ၎င်းတို့တွင် အနည်းဆုံး ဝန်ထမ်းအယောက် 1,000 အမေရိကန်မှာရှိခြင်း တို့ပဲဖြစ်ပါတယ်။

Blanket L Petition ကိုအတည်ပြုခံရတာဟာ ခေါ်ယူမယ့် ဝန်ထမ်းကို L1B Visa ရမည်ဟု အာမ မခံနိုင်သော်လဲ ၎င်းဟာ အလုပ်ရှင်အား USCIS ထံ တစ်ဦးချင်း လျှောက်လွှာများ တင်ရန် မလိုအပ်ဘဲ အရည်အချင်းပြည့်မီသော ဝန်ထမ်းများ အား အမေရိကန်သို့ လွှဲပြောင်းနိုင်စေပါသည်။ လျှောက်လွှာ လုပ်ငန်းစဉ်အောက်တွင် အရည်အချင်းပြည့်မီရန် ဝန်ထမ်းဟာ သာမာန်ထက်ပိုသော ဗဟုသုတရှိသည့် ကျွမ်းကျင်ပညာရှင် ဖြစ်ရန် လိုအပ်ပါတယ်။

L-1 Visa လိုအပ်ပုံ

များသောအားဖြင့် Blanket Petition Approved ဖြစ်ပြီးသည်နှင့် အလုပ်ရှင်ဘက်မှ Form I-129S ကို ပြည့်စုံစွာ ဖြည့်စွက်ပြီး ၎င်းကို Blanket Petition Approved ဖြစ်ကြောင်း မိတ္တူ၊ အခြား လိုအပ်တဲ့ စာရွက်စာတမ်းများနှင့်အတူ ဝန်ထမ်း ထံသို့ ပို့ပေး ရပါတယ်။ ထိုမှသာ ဝန်ထမ်းဟာ L1 Visa လျှောက်ထားချိန် မှာ အမေရိကန် ကောင်စစ်ဝန် ကို ပြသနိုင်မှာ ဖြစ်ပါတယ်။

USCIS သို့ Form I-129S လျှောက်ထားခြင်း (Optional)

L1 Visa လျှောက်ထားမယ့် ဝန်ထမ်းဟာ Visa ကင်းလွတ်ခွင့် ရှိပါက အလုပ်ရှင်ဟာ Form I-129S နှင့် စာရွက်စာတမ်းများကို CBP သို့တိုက်ရိုက်တင်ပြမည့်အစား Blanket Petition ကို အတည်ပြု ပေးထားသော USCIS Service Center သို့ ပေးပို့ ရပါမယ်။

Previous