I-Visa (Representatives of Foreign Media)
မိတ်ဆက်
I-Visa (Representatives of Foreign Media) ဆိုတဲ့ Non-Immigrant Visa ကိုလျှောက်ထားဖို့အတွက်
● ပြည်ပ Information Media တစ်ခုခု (စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်ရှင်စသည်ဖြင့်) ကို ကိုယ်စားပြုသူ ဖြစ်ရပါမယ်။
● ဒီကျွမ်းကျင်နယ်ပယ်အတွက် သီးသန့် အမေရိကန်နိုင်ငံကို လာရောက်သူဖြစ်ရပါမယ်။
● ကိုယ့်ရဲ့ မွေးရပ်နိုင်ငံမှာလည်း အခြေကျရုံးခန်းတစ်ခန်းရှိထားရပါမယ်။
ဒီ Visa Category ထဲမှာ အကျုံးဝင်သူတွေကတော့ သတင်းထောက်များ၊ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများ စတာတွေဖြစ်ပါတယ်။ I-Visa Holders တို့ရဲ့ အိမ်ထောင်ဖက်နဲ့ အသက် ၂၁ နှစ်အောက်သားသမီးများ အနေနဲ့လည်း အမေရိကန်နိုင်ငံကို လိုက်လာနိုင်ခွင့်ရှိပါတယ်။
I-Visa လျှောက်ထားခွင့် စံချိန်စံနှုန်းများ
လျှောက်ထားသူအနေနဲ့ ကိုယ်ဟာ ကိုယ့်အဖွဲ့အစည်းရဲ့ မရှိမဖြစ် Media Representative အစစ်အမှန်ဖြစ်ကြောင်း U.S. Embassy မှာရှိတဲ့ Consular Officer လက်ခံနိုင်အောင် သက်သေပြရပါမယ်။
I-Visa လျှောက်ထားခြင်း အဆင့်ဆင့်
ကိုယ်က I- Visa လျှောက်ထားချင်တယ်ဆိုရင် ကိုယ်အတည်တကျ နေထိုင်တဲ့နေရာမှာရှိတဲ့ အမေရိကန်သံရုံးမှာ Department of State က ချမှတ်ပေးထားတဲ့ Visa Application Processing ၊ အာမခံကြေးတွေနဲ့အတူ လျှောက်ထားနိုင်ပါပြီ။
I-Visa လျှောက်ထားခြင်း အဆင့်ဆင့်
Foreign Media တစ်ခုရဲ့ ကိုယ်စားပြုတစ်ယောက်အနေနဲ့ I Non-Immigrant Visa မရှိရင် ကိုယ့်ရဲ့နိုင်ငံက Visa Waiver Program (VWP) အတွက်အကျုံးဝင်တဲ့နိုင်ငံ ဖြစ်နေရင်တောင်မှ အမေရိကန်နိုင်ငံကို ခရီးသွားခွင့်မရပါဘူး။ ကိုယ်နဲ့ကိုက်ညီတဲ့ Visa မဟုတ်ပဲ အမေရိကန်နိုင်ငံထဲဝင်ဖို့ ကြိုးစားခဲ့ရင် Department of Homeland Security (DHS) က နိုင်ငံရဲ့ နယ်စပ်မှာထဲက ပြည်ဝင်ခွင့် ငြင်းပယ်ခံရနိုင်ပါတယ်။ အသေးစိတ်ကို Department of State Website ထဲမှာ လေ့လာနိုင်ပါတယ်။
နေထိုင်ခွင့်ကာလ
နိုင်ငံအတွင်းသို့ဝင်တဲ့အခါ U.S. Customs and Border Protection (CBP) Officer က ကိုယ့်ကို နိုင်ငံထဲ ပေးဝင်မဝင် ဆိုတာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ Officer က ကိုယ့်ရဲ့ အချက်အလက်တွေကို ထပ်ပြန်တလဲလဲ စစ်ဆေးပြီးမှ Arrival/ Departure Record (I-94 Form) ကို တံဆိပ်နှိပ်ပေးမှာ ဖြစ်ပါတယ်။ နိုင်ငံထဲဝင်ခွင့်ရပြီ ဆိုရင်တော့ I-94 မှာရေးထားတဲ့ ရက်အထိ တရားဝင် နေထိုင်ဖို့ ခွင့်ပြုချက် ရသွားပါပြီ။
ယခု အလုပ်ရှင်ဆီကပဲ အလုပ်ဆက်လုပ်နေသရွေ့
ထပ်ပြီး နေထိုင်ဖို့အချိန် Extend လုပ်ဖို့ သီးသန့် Application Form တင်စရာ မလိုအပ်ပါဘူး။ ကိုယ်ရရှိခဲ့တဲ့ I-94 Form မှာ ကိုယ်တရားဝင် နေထိုင်လို့ရမယ့် အချိန်ရဲ့ Specific End Date ရေးထားပါတယ်။
ဒီအချိန်ထက်ကို ပိုပြီးနေထိုင်ဖို့ ဆန္ဒ ရှိသေးတယ် ဆိုရင်တော့ Form I-539 (Application to Extend/Change Non-Immigrant Status) ကို သက်ဆိုင်ရာ ညွှန်ကြားချက်၊ တင်သွင်းခ၊ သက်သေ အထောက်အထား တွေနဲ့အတူ တင်ဖို့ လိုအပ်ပါတယ်။
သတိပြုရန်
May 11, 2020 မှာ DHS CBP က People's Republic of China (PRC) မှ I Visa ရရှိထားသူများ အတွက် အများဆုံး နေထိုင်နိုင်မယ့် အချိန်အတိုင်းအတာကို လျှော့ချကန့်သတ်တဲ့ စည်းမျဉ်းကို ချမှတ်ခဲ့ပါတယ်။
ဒီစည်းမျဉ်းအရ PRC မှ I Visa ဖြင့် လာရောက်သူများ (Hong Kong အထူးအုပ်ချုပ်ရေး နယ်မြေ နဲ့ Macau အထူးအုပ်ချုပ်ရေး နယ်မြေ တို့မှ Passport ကိုင်ဆောင်ထားသူများမှ လွဲ၍) အနေနဲ့ အမေရိကန်နိုင်ငံအတွင်း တရားဝင် နေထိုင်ပိုင်ခွင့်ကို ရက်ပေါင်း ၉၀ မကျော်စေဖို့ ကန့်သတ်ထားလိုက်ပါတယ်။
Form I-94 မှာ ပါဝင်တဲ့ အချိန်ကာလထက်ပိုပြီး အမေရိကန်နိုင်ငံမှာ ဆက်နေချင်တဲ့ သူတွေအနေနဲ့ I-539 Form တင်ပြီး လိုအပ်တဲ့ အချိန်ကာလအလျှောက် Status ကို ဆက်ပြီး Extend လုပ်သွားဖို့ လိုအပ်ပါတယ်။
တစ်ခါလျှောက်လျှင် ရက် ၉၀ ဆီ တိုးပြီး Extend လုပ်လို့ရသောကြောင့် ရက်မလွန်ခင် အချိန်မှန်မှန် ပြန်ပြီး သက်တမ်းတိုးခြင်း၊ ကိုယ့်ရဲ့ I Visa ကို သက်တမ်းတိုးဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်များ Assignment များကို သက်သေအဖြစ် တင်ပြခြင်း တို့ဖြင့် ကိုယ့်ရဲ့ Stay Application ကို တင်ထားနိုင်ပါတယ်။
Stay Application တင်ထားတဲ့အချိန်မှာ ကိုယ်ကအမေရိကန်နိုင်ငံမှာ ဆက်နေနိုင်ပါတယ်။ Stay Application လျှောက်ထားချက် Pending ဖြစ်နေစဉ်မှာ ကိုယ်က အမေရိကန်နိုင်ငံမှ ထွက်ခွာသွားမယ်ဆိုရင်တော့ USCIS က ကိုယ့်ရဲ့ လျှောက်ထားချက်ကို ငြင်းလိုက်မှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ Stay Application က pending ဖြစ်နေတဲ့အချိန်မှာ လျှောက်ထားသူအနေနဲ့ အလုပ်ရှင်ဆီမှာ တူညီတဲ့ Media တစ်ခုအတွက် ရက် ၉၀ အထိ ဆက်ပြီး အလုပ်လုပ် နေနိုင်ပါတယ်။ ရက် ၉၀ ကျော်သွားပေမယ့် ကိုယ့်ရဲ့ I-94 က ရက်ပြည့်သွားပြီ ဖြစ်တဲ့အပြင် Stay Application ကလည်း Pending ဖြစ်နေတုန်းပဲဆိုရင်တော့ အလုပ်လုပ်တာကို ရပ်နားလိုက်ရပါမယ်။
Application Approved ဖြစ်သွားရင်တော့ အဆိုပါ Application Form မှာပါတဲ့ အချိန်အကန့်အသတ်တစ်ခုအထိ အလုပ်ဆက်လုပ်နေနိုင်ပါတယ်။ ကိုယ့်ရဲ့ Form I-94 သက်တမ်းပြည့်သွားပြီး နောက်ပိုင်း Extension of Stay Application ငြင်းပယ်ခံရတယ်ဆိုရင်တော့ ချက်ချင်း အမေရိကန်နိုင်ငံမှ ထွက်ခွာဖို့ လိုအပ်ပါတယ်။
I Non-Immigrant Status အဖြစ် Status ပြောင်းလိုခြင်း (သို့မဟုတ်) အလုပ်ရှင် / သတင်းအချက်အလက် Media ပြောင်းလိုခြင်း
အကယ်၍ ကိုယ်က အမေရိကန်နိုင်ငံမှာ နေပြီး တခြား Non-Immigrant Status ဆီမှ I Non-Immigrant Status ဖြစ်အောင် ပြောင်းချင်တယ်ဆိုရင် (သို့မဟုတ်) ကိုယ့်မှာ I Visa Status ရှိနေပြီးတော့ အလုပ်ခန့်ထားသူ အပြောင်းအလဲ ရှိခဲ့သည် ဖြစ်စေ၊ မိမိလုပ်ကိုင်နေသည့် informarion medium ပြောင်းလို၍ ဖြစ်စေ၊ I-539 Form (Application to Extend / Change Non-Immigrant Status) ကို သက်ဆိုင်ရာ ညွှန်ကြားချက်၊ တင်သွင်းခ တို့နဲ့အတူ တင်ဖို့ လိုအပ်ပါတယ်။
ကိုယ့်ရဲ့ Application Form မှာ ကိုယ့်ရဲ့ လက်ရှိ Status ကိုအတည်ပြုနိုင်မယ့် သက်သေ အထောက်အထား၊ အလုပ်ရှင် Media Organization ဘက်မှ ကိုယ့်ကို အလုပ် ခန့်အပ် ထားကြောင်း နဲ့ ကိုယ်ဟာ Media Representative တစ်ယောက် ဖြစ်ကြောင်း အတည်ပြုချက် စာတစ်စောင်တို့ ပါဝင်ဖို့ လိုအပ်ပါတယ်။
I Visa ရရှိသူများရဲ့ မိသားစုများ
I-Visa လျှောက်ထားသူနဲ့ အတူတူ လိုက်ပါလိုသော အိမ်ထောင်ဖက်ဖြစ်စေ အသက် ၂၁ နှစ်အောက် သားသမီးများ ဖြစ်စေ I Non-Immigrant Visa ကို လျှောက်ထားခွင့် ရှိပါတယ်။ အချိန်အတူတူ လျှောက်ထားတာ မဟုတ်ပဲ ကိုယ်နဲ့ ရက်ခြားပြီးမှ လျှောက်ထားချင်တယ် ဆိုရင်တော့ Application Form ထဲမှာ ကိုယ်လျှောက်ခဲ့တဲ့ I Non-Immigrant Visa ရဲ့ မိတ္တူကိုပါ ထည့်လျှောက်ရပါမယ်။
ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးများအနေနဲ့ I Non-Immigrant Visa လျှောက်ပြီး အလုပ်လုပ်ခွင့် မရပေမယ့် F-1 Visa သို့ ပြောင်းလဲလျှောက်ထားစရာ မလိုပဲ အမေရိကန်နိုင်ငံမှာ ပညာသင်လို့ ရပါတယ်။
အကယ်၍ ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးက အမေရိကန်မှာ တရားဝင် အခြေချနေဖို့ စိတ်ကူးမရှိပဲ ယာယီ လာရောက် လည်ပတ်ချင်ရုံ သက်သက်ဆိုရင်တော့ B2 Non-Immigrant Visa နဲ့ ဖြစ်စေ၊ Non-Immigrant Visa မပါပဲဖြစ်စေ (U.S Visa Waiver Program ) လာရောက် နိုင်ပါတယ်။
Visa Waiver Program (VWP) နဲ့ ပတ်သက်တဲ့ အသေးစိတ်ကို Department of State Website ထဲမှာ သွားရောက် လေ့လာနိုင်ပါတယ်။