O1 Visa - Extraordinary Ability Visa
မိတ်ဆက်
O-1 Non-Immigrant Visa ဆိုတာ Science, Arts, Education, Business, Athletics စတဲ့ နယ်ပယ်တစ်ခုခုမှာ အောင်မြင်မှု ရရှိပြီးသော ပုဂ္ဂိုလ်များ၊ သာမန်ထက် ထူးချွန်နေသူများ၊ ပြည်တွင်း ပြည်ပမှ အသိအမှတ်ပြု ခံရလောက်တဲ့အထိ ထူးချွန် ပြောင်မြောက်တဲ့သူများနဲ့ ကိုက်ညီတဲ့ Visa ဖြစ်ပါတယ်။
O Non-Immigrant Visa ကို ယေဘူယျအားဖြင့်
O-1A : Science, Education, Business, Athletics စတဲ့ နယ်ပယ်တစ်ခုခုမှာ အင်မတန် ထူးချွန်သူများ
O-1B : အနုပညာနှင့်ပတ်သက်၍ ထူးချွန်ဆုရခဲ့ဖူးသူ (သို့မဟုတ်) အထူးစွမ်းရည်ရှိသူများ
O-2 : O-1 အနုပညာရှင် (သို့) အားကစားသမားအား အဖော်ပြုလိုက်ပါ ပေးမည့်သူများ
O-3 : O-1 နှင့် O-2 Visa ရှိသူများရဲ့ အိမ်ထောင်ဖက် နှင့် သားသမီးများ
ဆိုပြီး (၄)မျိုး ခွဲခြားနိုင်ပါတယ်။
လျှောက်ထားခွင့်စံနှုန်းများ
O-1 Visa ရရှိဖို့ဆိုရင် ကိုယ့်အနေနဲ့ တီဗီအစီအစဥ်တွင် ဖြစ်စေ ရုပ်ရှင်နယ်ပယ်တွင် ဖြစ်စေ ပြည်တွင်းပြည်ပမှ အသိအမှတ်ပြု ခံရကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံကို လာတယ်ဆိုတာကလည်း ကိုယ် ကျွမ်းကျင်ရာနဲ့ ပတ်သက်ပြီး ယာယီ လာရောက်တာ ဖြစ်ကြောင်း အခိုင်အမာ ပြောပြနိုင်ဖို့ လိုအပ်ပါတယ်။
Science, Education, Business, Athletics စတဲ့ နယ်ပယ်တွေမှာ Extraordinary Ability ရှိရမယ်ဆိုတဲ့ နေရာမှာ ကိုယ်က ထိုနယ်ပယ်ရဲ့ ထိပ်ဆုံး အခြေအနေတစ်ခုအထိ ကျွမ်းကျင် ပိုင်နိုင်တဲ့သူ ဖြစ်နေရပါမယ်။
USCIS က Science, Technology, Engineering, Mathematics (STEM) field တွေအတွက် ကိုက်ညီချက်၊ လိုအပ်ချက် စသည် ဖြင့် ဖော်ပြထားတာကို USCIS Policy Manual Volume 2, Part M, Chapter 4, Section C မှာ သွားရောက် လေ့လာနိုင်ပါတယ်။
အနုပညာနဲ့ ပတ်သက်ပြီး သာလွန်ထူးကဲတဲ့ အရည်အချင်း ရှိတယ် ဆိုတာကို အဆုံးအဖြတ်ပေးမှာကတော့ Distinction ဖြစ်ပါတယ်။
ကိုယ် ကျွမ်းကျင်ကြောင်းကို သက်သေအထောက်အထား ပြပြီးတော့ USCIS ဆီမှ ခွင့်ပြုချက်ရအောင် လုပ်ရမှာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အသေးစိတ်တွေအတွက် USCIS Policy Manual Volume 2, Part M, Chapter D မှာ သွားရောက် လေ့လာနိုင်ပါတယ်။
O-1 Visa လျှောက်ထားရန် အတွက် ကိုယ်က ရုပ်ရှင်တစ်ခုခုမှာ ပါဝင်ခဲ့ဖူးတာသော်လည်းကောင်း ရုပ်မြင်သံကြားမှ တစ်ဆင့် သော်လည်းကောင်း အောင်မြင်မှုကို သက်သေပြဖို့ အတွက် အထောက်အထား တစ်ခုခု လိုအပ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အသေးစိတ်တွေ အတွက် USCIS Policy Manual Volume 2, Part M, Chapter E မှာ သွားရောက် လေ့လာနိုင်ပါတယ်။
O-2 Visa ကို လျှောက်ထားဖို့ ဆိုရင်တော့ ကိုယ်က O-1A Visa ရရှိသူရဲ့ မဖြစ်မနေ လိုအပ်သူ၊ အထောက်အပံ့ပေးနိုင်သူ ဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ် မပါရင် O-1 Visa သမားအနေနဲ့ Performance လုပ်ဖို့ မဖြစ်နိုင်တာမျိုး၊ ကိုယ့်ရဲ့ အကူအညီကို မဖြစ်မနေ လိုအပ်တာမျိုး ဖြစ်နေရပါမယ်။
O-1 Visa လျှောက်ထားမှုလုပ်ငန်းစဉ်များ
အမေရိကန်နိုင်ငံမှ Agent ဖြစ်စေ၊ အလုပ်ရှင် ဖြစ်စေ Form I-129 ကို တင်ပြီး သက်ဆိုင်ရာ လျှောက်လွှာ ညွှန်ကြားချက်များ နှင့် အညီ သက်သေများဖြင့် လျှောက်ထားဖို့ လိုအပ်ပါတယ်။
ကိုယ့်ရဲ့ Service ကို လိုအပ်တဲ့ အချိန်ထက် တစ်နှစ် စောပြီး လျှောက်လွှာ တင်လို့ မရပါဘူး။ နှောင့်နှေးတာတွေ မဖြစ်စေချင်ဘူး ဆိုရင်တော့ ကိုယ့်ကို အလုပ်မခန့်ခင် (၄၅) ရက် အလိုမှာ Agent သို့မဟုတ် အလုပ်ရှင်က I-129 Form တင်ထားသင့်ပါပြီ။
Form I-129 သာမက တခြား တင်ပေးဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
1. Consultation
2. Exceptions to the Consultation Requirement
3. Contract between petitioner and beneficiary
4. Itineraries
5. Agents
6. Evidence demonstrating O-1 Eligibility
တို့ပဲ ဖြစ်ပါတယ်။
1. Consultation
အလုပ်ရှင်အနေနဲ့ လာရောက်လုပ်ကိုင်မယ့်သူကို မဖြစ်မနေ လိုအပ်ကြောင်း တာဝန်ရှိသူများနဲ့ တိုင်ပင်ဆုံးဖြတ်ထားတယ် ဆိုတဲ့ သက်သေ အထောက်အထား လိုအပ်ပါတယ်။ တကယ်လို့ လာရောက်လုပ်ကိုင်မယ့်သူဟာ ရုပ်ရှင် (သို့) တီဗီအစီအစဥ်တွေ မှာ ကျွမ်းကျင်မှု ရှိတဲ့သူဆိုရင် Labor Union, Management Organization တစ်ခုခု နဲ့ တိုင်ပင် ထားတယ်ဆိုတဲ့ သက်သေ ဖြစ်ရပါတော့မယ်။
တိုင်ပင်ကြောင်း အထောက်အထားမှာ Watermark သို့မဟုတ် Distinctive Mark တခုခု ပါရှိတယ်ဆိုရင် ထို စာရွက်စာတမ်း မူရင်းကိုပါ USCIS ထံ တင်ပြဖို့ လိုအပ်ပါတယ်။ Watermark သို့မဟုတ် Distictive Mark မပါတဲ့ စာရွက်စာတမ်း မိတ္တူတွေ ရှိတယ်ဆိုရင် USCIS ဆီ မတင်ပြသင့်ပါဘူး။
တကယ်လို့ တင်ပြခဲ့ရင် USCIS အနေနဲ့ စာရွက်စာတမ်းရဲ့ တရားဝင်မှုကို မယုံသင်္ကာ ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့ လျှောက်လွှာလုပ်ငန်းစဥ် ကို အချိန်ကြာတာမျိုး မဖြစ်စေချင်ဘူး ဆိုရင်တော့ USCIS ဘက်မှ စာရွက်စာတမ်း မူရင်းတွေ တောင်းတဲ့အခါမျိုးမှာ ချက်ချင်းပို့ပေးနိုင်ဖို့ လုပ်ထားရပါမယ်။
2. Exceptions to the Consultation Requirement
ကိုယ့်ရဲ့ အလုပ်ရှင်အနေနဲ့ တိုင်ပင်စရာ Labor Organization မရှိတာကြောင့် Consultation Requirement မဖြည့်ဆည်းနိုင်တာ ရှိတတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ကိုယ်တင်ထားခဲ့တဲ့ I-129 Form ကို ကြည့်ပြီးတော့မှ ကိုယ့်ကို Visa လက်ခံမခံ ဆုံးဖြတ်ဖို့ သာလွန်ထူးကဲတဲ့ အရည်အချင်း ရှိမရှိ စစ်ဆေး ပြီး စဥ်းစားပေးမှာပဲ ဖြစ်ပါတယ်။
ကိုယ်က အနုပညာကို အမှန်တကယ် တတ်မြောက်ပြီး ယခင် Consultation လုပ်ခဲ့တဲ့ ၂ နှစ်အတွင်း အလားတူ အလုပ်ကို ပြန်လုပ်ချင်ပါက Consultation ရှိရမည့် လိုအပ်ချက်ကို လျော့ပေါ့ (လစ်လျူရှူ)ပေးနိုင်ပါတယ်။ အလုပ်ရှင် အနေနဲ့တော့ Waiver Request တစ်စောင်နဲ့ ယခင်ကရှိခဲ့တဲ့ Consultation မိတ္တူကို တင်ပြဖို့ လိုအပ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အသေးစိတ်တွေအတွက် USCIS Policy Manual Volume 2, Part M, Chapter 7 မှာ
သွားရောက် လေ့လာနိုင်ပါတယ်။
3. Contract between petitioner and beneficiary
ကိုယ့်ကို လျှောက်လွှာ တင်ပေးမယ့်သူဟာ ဝန်ထမ်းဖြစ်တဲ့ ကိုယ် နဲ့ ထားရှိခဲ့တဲ့ မည်သည့် စာချုပ်စာတမ်းကိုမဆို ဖြစ်စေ သဘောတူညီမှု Summary တွေကိုဖြစ်စေ တင်ပြဖို့ လိုအပ် ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အသေးစိတ်တွေအတွက် USCIS Policy Manual Volume 2, Part M, Chapter 7 မှာ သွားရောက် လေ့လာနိုင်ပါတယ်။
4. Itineraries
လျှောက်လွှာတင်ပေးမယ့်သူဟာ ကိုယ်နဲ့ ပတ်သက်တဲ့
Event တွေ Activity တွေနဲ့ ပတ်သက်တဲ့ ရှင်းပြချက်များ၊ အဖြစ်အပျက် အစအဆုံး ရက်စွဲများကိုပါ တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ တင်ပြတဲ့အခါမှာလည်း Event တွေ အစဥ်လိုက် အထောက်အထားနဲ့ တင်ပြဖို့ လိုအပ်ပါတယ်။
5. Agents
အမေရိကန်နိုင်ငံမှာရှိတဲ့ Agent တစ်ယောက်ယောက်က ကိုယ့်ရဲ့ အလုပ်ရှင်အဖြစ် ရပ်တည်နိုင်သလို အလုပ်ရှင်၊ အလုပ်သမား ၂ ယောက်စလုံးရဲ့ ကိုယ်စားပြု အနေနဲ့ သော်လည်းကောင်း၊ အလုပ်ရှင်ဘက်မှ Authorized Person or Entity အဖြစ် သော်လည်းကောင်း ရပ်တည်နိုင်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အသေးစိတ်တွေအတွက် USCIS Policy Manual Volume 2, Part M, Chapter 3 မှာ သွားရောက်လေ့လာနိုင်ပါတယ်။
6. Evidence demonstrating O-1 Eligibility
လျှောက်လွှာတင်ပေးတဲ့သူဟာ Science, Art, Business, Education, Athletics နဲ့ Motion Picture နယ်ပယ်တို့မှာ Extraordinary Ability ရှိကြောင်းသက်သေပြဖို့ရန် အတွက် စံချိန်စံနှုန်းများနဲ့ ကိုက်ညီတဲ့ သက်သေစာရွက်စာတမ်း Record တွေ တင်ပြဖို့ လိုအပ်ပါတယ်။
Record ဆိုတဲ့နေရာမှာ Regulation တွေ Standard တွေနဲ့ ကိုက်ညီတဲ့ Documentation အနည်းဆုံး (၃) ခု တင်ပြမှ ရပါမယ်။
USCIS ဘက်မှ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို USCIS Policy Manual Volume 2, Part M, Chapter 4 မှာ အသေးစိတ် သွားရောက်လေ့လာနိုင်ပါတယ်။
O-2 Visa လျှောက်ထားမှု လုပ်ငန်းစဉ်များ
ကိုယ့်ရဲ့အလုပ်ရှင် (သို့) Agent က ကိုယ့်အတွက် I-129 Form ကို သက်ဆိုင်ရာ လမ်းညွှန်ချက်များနဲ့ အညီ အထောက်အထား တွေနဲ့ တင်ပြရမှာ ဖြစ်ပါတယ်။
သူတို့က ကိုယ် နှင့် O-1 အနုပညာရှင် (သို့) အားကစားသမား တစ်ဦးဦး အတွက် သီးသန့် I-129 Form ကို တင်ပေးဖို့ လိုအပ် ပါတယ်။ ကိုယ်နဲ့ အတူတူပါလာမယ့် အနုပညာရှင် သို့မဟုတ် အားကစားသမားကို အလုပ်မခန့်သေးခင် တစ်နှစ်ထက် ပိုစော ပြီးတော့ I-129 Form တင်ခွင့် မရှိပါဘူး။
လျှောက်ထားရာမှာ မနှောင့်နှေးဖို့ အတွက်ဆိုရင် အလုပ် မစခင် အနည်းဆုံး (၄၅) ရက် အလိုကတည်းက အလုပ်ရှင်ဘက်က I-129 Form ကို တင်ပေးရမှာ ဖြစ်ပါတယ်။ လျှောက်လွှာ လျှောက်ထားပေးသူဟာ Form I-129 အပြင်
1. Consultation
2. Evidence Demonstrating O-1 Eligibility
တို့ကို တင်ဖို့ လိုအပ်ပါတယ်။
1. Consultation
တကယ်လို့ ကိုယ်က အားကစား သို့မဟုတ် အနုပညာဆိုင်ရာ နဲ့ ပတ်သက်ပြီး Extraordinary Ability ရှိတဲ့သူကို ကူညီပေးမယ့် သူဆိုရင် ကိုယ့်ရဲ့ Consultation စာရွက်စာတမ်းက သက်ဆိုင်ရာ Labor Organization ဆီမှ ဖြစ်ရပါမယ်။
တကယ်လို့ ကိုယ်က ရုပ်ရှင် သို့မဟုတ် တီဗီ အစီအစဥ်များ နဲ့ ပတ်သက်ပြီး ထူးချွန်တဲ့ အရည်အချင်း ရှိတယ်ဆိုရင်တော့ Consultation စာရွက်စာတမ်းက သက်ဆိုင်ရာ Labor Organization တွေ Management Organization တွေဆီမှ ရရှိထားတာဖြစ်ရပါမယ်။
2. Evidence Demonstrating O-2 Eligibility
တင်ပြတဲ့ သက်သေအထောက်အထားတွေမှာ ကိုယ်နဲ့ O-1 Visa ရရှိတဲ့သူကြားမှာရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ သူ့ကို ကူညီ လုပ်ကိုင် ပေးနိုင်ကြောင်းတွေ၊ ကိုယ့်ရဲ့ကျွမ်းကျင်အရည်အချင်းတွေ အရေးပါမှုတွေကို ခိုင်ခိုင်မာမာ သက်သေပြရပါမယ်။
ရုပ်ရှင် (သို့) တီဗီ အစီအစဥ်များနဲ့ ဆက်စပ်ပြီး သက်သေ အထောက်အထား တင်ပြရာတွင် Pre နဲ့ Post Production အပါအဝင် Production တစ်ခုလုံး ပြည်ပမှာ ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံ အတွင်း ဆက်လက် ရိုက်ကူး ဖြစ်မယ့် အစီအစဉ်တွေအထိ ဆက်စပ် တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။
လျှောက်လွှာ Approved ဖြစ်ပြီးနောက်
လျှောက်လွှာကို USCIS ဘက်မှ Approve လုပ်လိုက်ပြီဆိုတာနဲ့ ကိုယ်က U.S. Embassy (သို့) Consulate မှာ Visa လျှောက်ထား လို့ ရပါပြီ။ Department of State (DOS) ဘက်မှ Visa လျှောက်ထားခြင်း လုပ်ငန်းစဥ် နဲ့ အာမခံကြေး ဆိုင်ရာတွေကို ထုတ်ပြန်ပေးထားပါတယ်။
နေထိုင်ခွင့်ကာလ
O Visa ရတဲ့သူ အနေနဲ့ စစချင်း တရားဝင် နေထိုင်ခွင့် (၃) နှစ် ရမှာဖြစ်ပြီး သက်တမ်းတိုး လိုတယ်ဆိုရင် တစ်နှစ်အထိ ရပါတယ်။ O Non-Immigrant Visa နဲ့ တရားဝင်နေထိုင်ခွင့် သက်တမ်း မစခင် အမေရိကန်နိုင်ငံထဲကို (၁၀) ရက်ကြိုတင် ဝင်လို့ ရပြီး ထို နေထိုင်ခွင့် သက်တမ်း ပြည့်ပြီး နောက်ထပ် (၁၀) ရက်အထိ ဆက်လက် နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
တရားဝင်နေထိုင်ခွင့် သက်တမ်း အတွင်းမှာသာ အလုပ်လုပ်ခွင့် ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အသေးစိတ်တွေအတွက် USCIS Policy Manual Volume 2, Part M, Chapter 9 မှာ သွားရောက်လေ့လာနိုင်ပါတယ်။
O-1 / O-2 ဝန်ထမ်းများ၏ မိသားစုဝင်များ
တကယ်လို့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ အသက် (၂၁) နှစ်အောက် သားသမီးများက ကိုယ်နဲ့ အတူတူ လိုက်ပါဖို့ အတွက်ဆိုရင် O-3 Non-Immigrant Visa လျှောက်ထားရမှာ ဖြစ်ပါတယ်။
ဒီ Visa ဟာ ပုံမှန် O Visa တွေအတိုင်း ပြည်ဝင်ခွင့်တွေ ခံစားခွင့်တွေ တထေရာတည်း ရရှိမှာ ဖြစ်ပါတယ်။ O-3 Visa သမားတွေ အနေနဲ့ အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ခွင့် မရှိ ပေမယ့် Full-Time သော်လည်းကောင်း Part-Time သော်လည်းကောင်း ပညာသင်ခွင့်ရှိပါတယ်။
အလုပ်ရှင်များ ပြောင်းလဲလိုခြင်း
O-1 Visa နဲ့ ရောက်လာခဲ့သူ အနေနဲ့ အမေရိကန်နိုင်ငံထဲ ရောက်ပြီးမှ အလုပ်ရှင် အပြောင်းအလဲ လုပ်ချင်တာမျိုးရှိခဲ့ရင် အလုပ်ရှင်အသစ်အနေနဲ့ Form I-129 အရင်တင်ရပါမယ်။ တကယ်လို့ နဂိုက Form တင်ပေးခဲ့တာကသာ အလုပ်ရှင် မဟုတ်ပဲ Agent ဖြစ်နေမယ် ဆိုရင် အလုပ်ခန့်အပ်လိုသူ အနေနဲ့ ကိုယ်က အလုပ်ရှင်အသစ် ဖြစ်လာမယ့် အကြောင်း နဲ့ Extension of Stay ကို သက်သေတွေနဲ့ အဆို တင်သွင်းရမှာ ဖြစ်ပါတယ်။
စာရွက်စာတမ်းများ အပြောင်းအလဲရှိခြင်း
တကယ်လို့ Extraordinary Ability ကို ခေါ်ယူဖို့ USCIS ကို တောင်းဆိုတဲ့အချိန်မှာ သုံးခဲ့တဲ့ Employment Terms and Conditions စာရွက်စာတမ်းတွေမှာ အပြောင်းအလဲရှိခဲ့ရင် မူလက လျှောက်လွှာ တင်ခဲ့တဲ့ Service Center မှာပဲ ပြန်လည် ပြင်ဆင်ထားသော Form I-29 ကို ထပ်မံတင်ဖို့ လိုအပ်ပါတယ်။
အားကစားသမားများ
O-1 Professional Athlete တွေအတွက် အထူး စည်းမျဥ်းတွေ ရှိပါတယ်။ တကယ်လို့ ကိုယ့်ကို အဖွဲ့ တစ်ဖွဲ့ဆီ အရောင်းအဝယ် လုပ်ခဲ့သည် ရှိသော် ကိုယ့်အနေနဲ့ အဖွဲ့ အသစ်မှာ ရက်ပေါင်း (၃၀) ဆက်ပြီး တရားဝင် အလုပ်လုပ်ခွင့် ရမှာ ဖြစ်ပြီး ထိုအချိန် မှာ အလုပ်ရှင်အသစ်အနေနဲ့ I-129 Form အသစ်ကို တင်ဖို့ လိုအပ်ပါတယ်။
အကယ်၍ အလုပ်ရှင် အသစ်က I-129 Form အသစ်မတင် ခဲ့ရင်ဖြစ်စေ၊ တင်လိုက်တဲ့ I-129 Form က ပယ်ချခံလိုက်ရရင် ဖြစ်စေ ကိုယ့်မှာ တရားဝင် အလုပ်လုပ်ခွင့် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
အပြန်ခရီး လမ်းစရိတ် ပေးဆောင်ခြင်း
တကယ်လို့ ကိုယ့်ရဲ့သဘောဆန္ဒအလျောက် အလုပ်ထွက်တာ မဟုတ်ပဲ အလုပ်ရှင်က ကိုယ့်ကို အလုပ်ထုတ်လိုက်တာမျိုး ရှိမယ်ဆိုရင် ကိုယ်လာခဲ့တဲ့နိုင်ငံကိုပြန်ရမှာဖြစ်တဲ့အတွက် ကုန်ကျမယ့် လမ်းခရီးစရိတ်ကို ပြန်ပြီးလျော်ပေးရပါတယ်။ ဒီလိုမှမဟုတ်ပဲ Agent က အလုပ်ရှင်ကိုယ်စား လျှောက်လွှာတင် ပေးခဲ့တာဆိုရင် Agent နဲ့ အလုပ်ရှင် နှစ်ဖက်စလုံးမှ အဆိုပါ ကုန်ကျငွေတွေ ပြန်လျော်ပေးဖို့ တာဝန်ရှိပါတယ်။