USIRD Connect

P-1A Visa (Athlete)

မိတ်ဆက်
P-1A Visa ဆိုတာ အထူးအားကစား ပြိုင်ပွဲတစ်ခု အတွက် ၀င်ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နိုင်ငံကို ယာယီ လာတဲ့သူများကို ရည်ရွယ်ထားတဲ့ Visa အမျိုးအစား ဖြစ်ပါတယ်။
● နိုင်ငံတကာမှာ အသိအမှတ်ပြုခံရပြီးသား အားကစား ပညာရှင် တစ်ယောက် ဖြစ်ခဲ့ရင်၊
● နိုင်ငံတကာမှာ အသိအမှတ် ပြုခံရပြီးသား အားကစား ပညာရှင် အဖွဲ့ထဲက အဖွဲ့ဝင် တစ်ယောက် ဖြစ်နေခဲ့ရင်၊
● Professional အားကစားပညာရှင် တစ်ယောက် ဖြစ်ခဲ့ရင်၊
● နိုင်ငံတကာမှ League or Association တခုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အမေရိကန်နိုင်ငံမှာရှိတဲ့ Franchise or Team တစ်ခုခုမှာ အားကစားသမား တစ်ယောက် (သို့) Coach တစ်ယောက် ဖြစ်နေခဲ့ရင် ဒီ Visa နဲ့ အကျုံးဝင်ပါတယ်။

P-1A Athlete

P-1A Visa လျှောက်ထားနိုင်သူများထဲမှာ Theatrical Ice Skating Production (သို့) Tour တစ်ခုအတွက် အမေရိကန် နိုင်ငံကို ယာယီ လာရောက် ဖျော်ဖြေသော Professional or Amateur Athlete တွေလည်း ပါဝင်ပါတယ်။
အသေးစိတ် အချက်အလက်များကို USCIS ရဲ့ Volume 2, Part N of the USCIS Policy Manual မှာ လေ့လာနိုင်ပါတယ်။

လျှောက်ထားမှု စံနှုန်းများ

နိုင်ငံတကာမှ အသိအမှတ်ပြု အားကစားသမားများ အနေနဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ Sport Athletic Competition တစ်ခုခု ကို ဝင်ရောက်ရန် ရည်ရွယ်ချက် သက်သက်နဲ့သာ အမေရိကန်နိုင်ငံကို လာတဲ့သူဖြစ်ရပါမယ်။ ကိုယ် ကျွမ်းကျင် ပြီးသား အားကစားဖြစ်ကြောင်း၊ ဒီအားကစားမှာ ထူးချွန်ပြောင်မြောက်စွာ ကြိုးစားခဲ့ပြီး ရရှိခဲ့သော ဆုတံဆိပ်များ၊ မိမိရဲ့ အရည်အချင်းကို သက်သေပြဖို့အတွက် Degree of Skill (သို့) Recognition တစ်ခုခု စတဲ့ အထောက်အထားတွေနဲ့ သက်သေပြလို့ရပါတယ်။

ကိုယ်ရရှိခဲ့တဲ့ အောင်မြင်မှုကို ပြန်လည် ချပြနိုင်ဖို့အတွက် ကိုယ်တင်ပြမယ့် Achievement ဟာ နိုင်ငံတကာ အသိအမှတ် ပြုတာမျိုး ဖြစ်ရပါမယ်၊ နိုင်ငံတစ်နိုင်ငံတည်းက အသိအမှတ် ပြုတာမျိုး မဖြစ်ရပါဘူး။

နိုင်ငံတကာမှ အသိအမှတ်ပြု အားကစား အဖွဲ့များ

ကိုယ့်အနေနဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ Sport Athletic Competition တစ်ခုခုကို မိမိရဲ့ အားကစားအဖွဲ့နဲ့ အတူ ဝင်ရောက်ဖို့ အတွက် ရည်ရွယ်ချက် သက်သက်နဲ့ အမေရိကန်နိုင်ငံကို လာတဲ့သူ ဖြစ်ရပါမယ်။
ကိုယ့်ရဲ့အဖွဲ့ဟာ ကျွမ်းကျင်ပြီးသား အားကစားအဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း၊ မိမိရဲ့အဖွဲ့ဟာ ဒီအားကစားမှာ ထူးချွန်ပြောင်မြောက်စွာ ကြိုးစားခဲ့ကြောင်း ဆုတံဆိပ်များ၊ ကိုယ့်အဖွဲ့ရဲ့ အရည်အချင်းတွေ၊ အောင်မြင်မှုတွေကို သက်သေပြဖို့အတွက် Degree of Skill (သို့) Recognition တစ်ခုခု စတဲ့ အထောက်အထားတွေနဲ့ သက်သေပြလို့ ရပါတယ်။

ကိုယ်အဖွဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုကို ပြန်လည်ချပြနိုင်ဖို့အတွက် ကိုယ်တင်ပြမယ့် Achievement ဟာ နိုင်ငံတကာ အသိအမှတ်ပြု ဖြစ်ရပါမယ်၊ နိုင်ငံတစ်နိုင်ငံတည်းက အသိအမှတ်ပြုတာမျိုး မဖြစ်ရပါဘူး။

Professional အားကစားသမားများ

အမေရိကန်နိုင်ငံကို Athlete တစ်ယောက်အနေနဲ့ လာဖို့ဆိုရင်
● Contest များ၊ Exhibition များမှာပုံမှန်ဝင်ပြိုင်တဲ့ Professional Sports Team (၆) ဖွဲ့ (သို့) (၆) ဖွဲ့ထက်ပိုပြီး ဖွဲ့စည်းထားတဲ့အပြင် တစ်ဖွဲ့လုံးရဲ့ စုစုပေါင်းရန်ပုံငွေ $10 Million ကျော်ရရှိခဲ့တဲ့ Association ထဲမှာ ပါဝင်တဲ့ Team တစ်ခုဖြစ်ရပါမယ်။
● Association တစ်ခုနဲ့ တရားဝင်စာချုပ်ချုပ်ဆိုထားတဲ့ League Team တစ်ခုခု ဖြစ်ရပါမယ်။

Amateur Athletes or Coaches

အမေရိကန်နိုင်ငံကို အားကစားသမား တစ်ယောက် အနေနဲ့ ဖြစ်စေ၊ အမေရိကန်နိုင်ငံမှာ ရှိတဲ့ Franchise (သို့) အဖွဲ့တစ်ဖွဲ့ရဲ့ Coach တစ်ယောက်အနေနဲ့ ဖြစ်စေ၊ နိုင်ငံတကာ League (သို့) Association တစ်ခုခုရဲ့ အဖွဲ့ဝင်တစ်ယောက် အနေနဲ့ ဖြစ်စေ လာရောက်တဲ့သူ ဖြစ်ရပါမယ်။
ဒီလို League (သို့) Association အနေနဲ့ အောက်ပါ Requirement များကို ပြည့်မှီဖို့ လိုအပ်ပါတယ်။
● နာမည်ကြီး အားကစားအဖွဲ့ (၁၅) ဖွဲ့ (သို့) (၁၅) ဖွဲ့ထက် ပိုပြီးပါဝင်တဲ့ League (သို့) Association တစ်ခုခု ဖြစ်ရပါမယ်။
● ဒီလို League မှာ ပါဝင်ခြင်းကြောင့် National Collegiate Athletic Association Rules အရ ကစားသမားများကို အမေရိကန်နိုင်ငံ ကောလိပ် (သို့) တက္ကသိုလ်မှာ -
○ Sport နဲ့ပတ်သက်တဲ့ Scholarship တစ်ခုခု ရယူခြင်း
○ အားကစား ပါ၀င်ယှဉ်ပြိုင်ခြင်း စသည် တို့ကို အမြဲတမ်း (သို့) ယာယီ ရပ်ဆိုင်း ခံရပါမယ်။

လျှောက်ထားတဲ့နိုင်ငံမှာ ထို League (သို့) Association ရဲ့ နာမည်ရမှု၊ အမြင့်ဆုံးရရှိခဲ့တဲ့ အောင်မြင်မှုကို တင်ပြဖို့ လိုအပ်ပါတယ်။
၀င်ရောက် ယှဉ်ပြိုင်သည့် ကစားသမား များကို Major Sport League (သို့) Minor League Affiliate တို့မှ စီစဉ်ညွှန်းကြား ကြပါတယ်။

Theatrical Ice Skaters

ကိုယ်က Theatrical Ice Skating Production (သို့) Ice Skating Tour ကို Professional အားကစားသမား တစ်ယောက် အနေနဲ့ (သို့) Amateur အားကစားတစ်ယောက် အနေနဲ့ တစ်ဦးတည်း ဖြစ်ဖြစ် အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် အနေနဲ့ ဖြစ်ဖြစ် အမေရိကန်နိုင်ငံကို လာလို့ ရပါတယ်။

Form I-129 Application Process

P-1 Visa လျှောက်ထားဖို့အတွက် အမေရိကန်နိုင်ငံမှ အလုပ်ရှင် (သို့) Sponsor က I-129 Form (Petition for a Non-Immigrant Worker) ဆိုတဲ့ Form ကို သက်ဆိုင်ရာ လျှောက်ထားခ၊ Supporting Documentation တွေနဲ့ အတူ လျှောက်ထား ရပါမယ်။ ကိုယ့်ရဲ့ P-1A Classification Status ကို အပြောင်းအလဲ လုပ်ချင်ရင် သော်လည်းကောင်း၊ သက်တမ်း တိုးချင်ရင် သော်လည်းကောင်း U.S. အလုပ်ရှင်, Agent (သို့) Sponsor က Form I-129 ကို တင်ရမှာ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ့်ကို Petition တင်ပေးတဲ့သူက အလုပ်သမား များစွာကို Form I-129 တင်ပေးတဲ့သူ ဖြစ်နေပါက Agent ရဲ့ တရားဝင် ကိုယ်စားပြုနိုင်မှု ကို သက်သေပြရမှာ ဖြစ်ပါတယ်။
Evidence to Submit
ကိုယ့်ရဲ့အလုပ်ရှင် ဖြစ်စေ Agent (သို့) Sponsor ဖြစ်စေ Form I-129 တင်ပေးမည် ဆိုပါက အောက်ပါ Document တွေကို တင်ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Evidence to Submit

● သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း တစ်ခုခုမှ ရေးသား ထုတ်ပြန်ထားသော Consultation တစ်စောင် တင်ပြရပါမယ်။ ဒီ Consultation မှာ အမေရိကန် နိုင်ငံမှာ လုပ်ဆောင်မည့် အလုပ် (သို့) Service အကြောင်း အသေးစိတ် ဖော်ပြရေးသားထားတာ ဖြစ်ရပါမယ်။

● အလုပ်သမား အဖွဲ့အစည်းအနေနဲ့ ကန့်ကွက်ချက်မရှိကြောင်း စာကိုလည်း တင်ပြဖို့ လိုအပ်ပါတယ်။ Labor Organization သီးသန့်မရှိဘူးဆိုရင်တော့ ဒီ Requirement ကို ချန်လှပ်ထားနိုင်ပါတယ်။ အသေးစိတ် အချက်အလက်များကို Address Index for I-129 O and P Consultation Letters မှာ ဖတ်ရှုနိုင်ပါတယ်။

● ကိုယ့်ကို အလုပ်ခန့်အပ်ကြောင်း ရေးသားထားသော စာချုပ်စာတမ်းများ၊ အလုပ်ခန့်အပ်မှု စံချိန်စံနှုန်း မူဝါဒများရဲ့ မိတ္တူများ။
အဖြစ်အပျက် Event များ၊ Activity များရဲ့ အစ နေ့စွဲ၊ အဆုံး နေ့စွဲများ၊ ခရီးလမ်းကြောင်းများ။

● P-1A အထူးပြု Category အတွက် တခြားထပ်မံလိုအပ်မယ့် စာရွက်စာတမ်းများ။

For Internationally Recognized

Individuals or Teams

အမေရိကန်နိုင်ငံမှာရှိတဲ့ Major Sports League (သို့) Team နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မိတ္တူ ဖြစ်စေ၊ နိုင်ငံတကာမှ အသိအမှတ် ပြုထားတဲ့ အာကစားတစ်မျိုးမျိုးနဲ့ စာချုပ် တစ်စောင်ကို ဖြစ်စေ တင်ပေးဖို့ လိုအပ်ပါတယ်။
အောက်မှာရှိတဲ့ စာရွက်စာတမ်း ထဲကလည်း
အနည်းဆုံး (၂) ခုတော့ တင်ပြပေးနိုင်ဖို့ လိုအပ်ပါတယ်။
● United States Sports League ထဲမှာ အချိန်ကာလ တစ်ခုအထိ ပါဝင်ခဲ့ဖူးကြောင်း သက်သေ အထောက်အထား။
● ပြည်တွင်းအဖွဲ့ တစ်ဖွဲ့အနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲ အဆင့်အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးကြောင်း သက်သေ အထောက်အထား။
● Intercollegiate Competition မှာ U.S. College (သို့) University တစ်ခုကို ကိုယ်စားပြုပြီး အချိန်ကာလ တစ်ခုအထိ ပါဝင်ခဲ့ဖူးကြောင်း သက်သေအထောက်အထား။

For Professional Athletes

အောက်ပါအထောက်အထားတွေကို တင်ပြဖို့ လိုအပ်ပါတယ် ~
● Professional အားကစားအဖွဲ့ (၆) ဖွဲ့ အထက်နဲ့ ဖွဲ့စည်းထားတဲ့ Association ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး အမေရိကန်နိုင်ငံ မှာရှိတဲ့ အဖွဲ့တစ်ဖွဲ့အတွက် ကိုယ်က အလုပ်လုပ်ပေးနေတာ ဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။ ဒီလို သက်သေပြဖို့အတွက် -
○ Association (သို့) League တစ်ခုမှ ပြင်ဆင်ထားတဲ့ Approved အဖွဲ့ စာရင်း။
○ Association (သို့) League တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ကြောင်း ဖော်ပြတဲ့ စာချုပ်များ၊ သဘောတူညီချက် စာရွက်စာတမ်းများ။
○ အဖွဲ့ရဲ့ Membership နဲ့ အသေးစိတ်ကို ‌Association or League ဘက်မှ ဖော်ပြ ရေးသားချက်။
○ Association (သို့) League ဘက်မှ Member Team များကို ဖော်ပြတဲ့ Marketing နဲ့ Promotional စာများ၊ အားကစား ဆောင်းပါးများ၊ ဝေဖန်ချက်များ၊ တခြား စာရွက်စာတမ်းများ။

အဖွဲ့အစည်းရဲ့ စုစုပေါင်းရရှိငွေဟာ တစ်နှစ်ကို $10 Million ကျော်ရှိကြောင်း အောက်ပါ အထောက်အထားများဖြင့် သက်သေပြဖို့ လိုအပ်ပါတယ်။
○ အခွန်ပြေစာများ။
○ ဘဏ္ဍာရေး စစ်ဆေးချက် စာတမ်းများ။
○ Association (သို့) League ဘက်မှ တိတိကျကျ ဖော်ပြခဲ့သော Media ထုတ်ပြန်ချက်များ တွင် ပါဝင်သော
၀င်ငွေ ပမာဏများ။
● Association အနေနဲ့ အဖွဲ့ဝင်တွေကို ပုံမှန် ကြီးကြပ်ကွပ်ကဲပြီး ပြိုင်ပွဲများတွင် ပုံမှန် ဝင်ပြိုင်ကြောင်းကို သက်သေ အထောက်အထားတွေနဲ့ တင်ပြဖို့ လိုအပ်ပါတယ်။

○ Association (သို့) League ရဲ့ စည်းမျဉ်းများ ၊ ဥပဒေများ။
○ Association (သို့) League ဟာ ပြိုင်ပွဲများ၊ Exhibition များမှာ ပုံမှန်ပါဝင်မှုရှိကြောင်း သက်သေပြနိုင်သော ဆောင်းပါးများ၊ ထုတ်ပြန်ချက်များ။
○ Association (သို့) League ဟာ ပြိုင်ပွဲများ၊ Exhibition များမှာ ပုံမှန်ပါဝင်မှုရှိကြောင်း တရားဝင် ကိုယ်စားပြုများဘက်မှ ထောက်ခံရေးသားချက်များ
အထက်မှာဖော်ပြထားတဲ့ လိုအပ်ချက်တွေနဲ့ ပြည့်စုံတဲ့ Association တစ်ခုဖြင့် တရားဝင် ချိတ်ဆက်ထားတဲ့ League Team ဖြစ်ကြောင်း အောက်ပါ သက်သေ အထောက်အထားတွေ နဲ့တကွ ဆက်လက် တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။

● စာချုပ်များ (သို့) သဘောတူညီချက်များ။
● အဖွဲ့ရဲ့ ပါဝင်ဖွဲ့စည်းမှုကို အတည်ပြုကြောင်းနဲ့ အသေးစိတ်ဖော်ပြချက်များ အကြောင်းကို Association များနှင့် League Official များမှ အတည်ပြုထားသော Statement များ။
● Qualified League (သို့) Association နှင့် ကိုယ့်အဖွဲ့တို့ တရားဝင်ချိတ်ဆက်ထားကြောင်း သက်သေပြနိုင်မယ့် အားကစားသတင်းများ၊ ဆောင်းပါးများ၊ Marketing များ၊ သတင်းအချက်အလက်များ။
● Qualified League (သို့) Association နဲ့ ကိုယ့်အဖွဲ့နဲ့ တရားဝင်ချိတ်ဆက်ထားကြောင်း အခြား စာရွက်စာတမ်း အထောက်အထားများ။

Amateur Athletes or Coaches

ကိုယ်က အမေရိကန်နိုင်ငံမှာရှိတဲ့ အဖွဲ့ (သို့) Franchise တစ်ခုခုရဲ့ အားကစားသမားတစ်ယောက် (ဒါမှမဟုတ်) Coach တစ်ယောက်အနေနဲ့ အမေရိကန်နိုင်ငံကို လာရောက်တာ ဖြစ်ကြောင်းကို ကိုယ့်ရဲ့ အလုပ်ရှင်၊ Agent (သို့) Sponsor မှ သက်သေအထောက်အထား တင်ပြနိုင်ရပါမယ်။ ဒီလိုအခြေအနေမှာ တင်ပြရတဲ့ သက်သေများထဲမှာ -

● ကိုယ့်ရဲ့ League (သို့) Association ရဲ့ Performance Level ကို သက်သေပြနိုင်မယ့် ဝေဖန်ချက်များ၊ ဆောင်းပါးများ၊ ထုတ်ပြန်ချက်များ။
● စာချုပ်များ၊ စည်းမျဉ်းများ နှင့် ဥပဒေ နမူနာများ၊ League Office ဘက်မှ ထုတ်ပြန်ထားသော တခြား စာရွက်စာတမ်းများ။

For Theatrical Ice Skaters

Theatrical Ice Skating Production အတွက် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ သက်သေအနေနဲ့တင်ပြတဲ့အခါ အောက်ပါ အထောက်အထားတွေ ထည့်သွင်းဖို့ လိုအပ်ပါတယ်။
Theatrical Performance နဲ့ပတ်သက်ပြီး Journal များ၊ သတင်းစာများ နဲ့ အခြား အားကစား Media များမှာ ဖော်ပြခံရမှုများ၊ Review များ
Performance တွေလုပ်ခဲ့ဖူးသော အချိန်စာရင်း (သို့) ခရီးစဥ်မှတ်တမ်း
ယခင်ကရှိခဲ့ဖူးသော အောင်မြင်မှုများ၊ Award များ

P-1A Non-Immigrant များရဲ့ မိသားစုဝင်များ

ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ အိမ်ထောင်မရှိသေးတဲ့ အသက် (၂၁) နှစ်အောက် သားသမီးများဟာ P-4 Visa ရရှိနိုင်ပါတယ်။ P-4 Visa နဲ့ ရောက်လာသူတွေ အနေနဲ့ အလုပ်လုပ်ခွင့်တော့ မရှိပေမယ့် ကျောင်းတက် ပညာသင်ခွင့်တော့ ရှိပါတယ်။ တကယ်လို့ မိသားစုဝင်တွေက အမေရိကန်နိုင်ငံမှာ ရှိနေပြီးသား Status ပြောင်းချင်တာဖြစ်စေ၊ သက်တမ်းတိုးချင်တာဖြစ်စေ၊ Form I-539 (Application to Change/Extend Non-Immigrant Status) ကိုတင်ရမှာ ဖြစ်ပါတယ်။

Essential Support Personnel

Essential Support Personnel တွေက P-1S ထဲမှာ အကျုံးဝင်ပါတယ်။ P-1 Non-Immigrant တွေရဲ့ Performance မှာ မဖြစ်မနေ လိုအပ်သူတွေ၊ Support Service ပေးနိုင်တဲ့ သူတွေ၊ Coach တွေ၊ Trainer တွေ၊ Scout တွေ၊ Broadcaster, Referee, Linesman တွေနဲ့ ဘာသာပြန်တွေက Essential Support Personnel ထဲမှာ အကျုံးဝင်ပါတယ်။
Petition တင်တဲ့အခါမှာ Essential Support Personnel အတွက် Form I-129 ကို သက်သက် ခွဲတင်ပေးရမှာ ဖြစ်ပါတယ်။ Petition တင်တဲ့အခါမှာ အောက်ပါ Document တွေ ထည့်သွင်းဖို့ လိုအပ်ပါတယ်။
Essential Support Person ရဲ့ အရည်အချင်း၊ ကျွမ်းကျင်မှုများ ကို Labor Organization တစ်ခုခုမှ ထောက်ခံရေးသားတဲ့ Consultation တစ်စောင်
Essential Support Person ရဲ့ အရေးပါမှုများ၊ Critical Skill များ၊ P-1 Athlete (သို့) Team နဲ့ ပတ်သက်တဲ့ အတွေ့အကြုံများကို ဖော်ပြတဲ့ Statement တစ်စောင်
အလုပ်ရှင်နဲ့ Support Personnel ကြားမှာ ရှိတဲ့ စာချုပ် စာတမ်းများ၊ Oral Agreement များရဲ့ မိတ္တူများကိုလည်း တင်ပြဖို့ လိုအပ်ပါတယ်။

After USCIS Approves the Form I-129

USCIS က ကိုယ့်ရဲ့ I-129 Form ကို Approve လုပ်ပြီးတာနဲ့ U.S Embassy (သို့) Consulate တစ်ခုခုမှာ Visa လျှောက်ထားနိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို U.S Department of State ရဲ့ Travel.State.gov စာမျက်နှာမှာ အသေးစိတ် သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Period of Stay/Extension of Stay

P-1 Athlete or Athlete Group (သို့) Essential Support Personnel တစ်ယောက် အနေနဲ့ P-1 Status နဲ့ အမေရိကန်နိုင်ငံမှာ တရားဝင် ဘယ်နှနှစ် နေလို့ရမယ်၊ ဘယ်လောက်အထိ သက်တမ်းတိုးပြီး နေလို့ရမယ်ဆိုတာကို အောက်ပါဇယားထဲမှာ ဖော်ပြထားပါတယ်။ အသေးစိတ်ကိုတော့ USCIS Policy Manual ရဲ့ Part N, Volume 2 အောက်မှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။

Change of Employer

ကိုယ်က P-1 Professional Athlete တစ်ယောက်အနေနဲ့ organization တစ်ခုမှတစ်ခုသို့ trade ခံရပါက organization အသစ်ဘက်မှ တရားဝင် အလုပ်ကမ်းလှမ်းပြီး ရက် (၃၀) အထိ ကိုယ့်ရဲ့ Employment Authorization ဟာ အလိုလို အသက်ဝင်နေမှာ ဖြစ်ပါတယ်။ သို့သော် ဒီရက် (၃၀) အတွင်းမှာ organization အသစ်ဘက်မှ ကိုယ့်အတွက် P-1 Nonimmigrant I-129 Form ကို ပြန်လျှောက်ပေးမှသာ ကိုယ့်ရဲ့ P-1 status နဲ့ Employment Authorization ကို ဆက်လက် အသက်သွင်းထားနိုင်မှာပါ။ ဒီလို အလုပ်ရှင် (သို့) Agent (သို့) Sponsor မှ I-129 Form ကို အချိန်မီတင်ပေးရန် ပျက်ကွက်ခဲ့မယ်၊ ဒါမှမဟုတ် Form က ပယ်ချခံရမယ် ဆိုရင်တော့ ကိုယ့်ရဲ့ Employment Authorization လည်း ကုန်ဆုံးသွားမှာပါ။
Form I-129 ဟာ အလုပ်ရှင်ဘက်မှ ကိုယ့်ကို အလုပ်ခန့်လိုကြောင်း၊ ကိုယ့်ရဲ့ နေထိုင်ခွင့်သက်တမ်းကို တိုးစေလိုကြောင်း USCIS ဘက်ကို request လုပ်ခြင်း ဖြစ်ပါတယ်။
ထို့ကြောင့် USCIS က Form I-129 ကို approve မလုပ်ပေးမချင်း ကိုယ့်ဘက်မှလည်း အလုပ်ရှင်အသစ်အတွက် အလုပ်လုပ်ပေးဖို့ မလိုအပ်ပါဘူး။

Previous