Q Visa - Cultural Exchange
မိတ်ဆက်
အမေရိကန်နိုင်ငံတွင် ပညာရေး (သို့) ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များတွင် ပါဝင်လိုသူများအတွက် nonimmigrant visa အမျိုးအစား ၂ မျိုး ရှိပါတယ်။
ပထမတစ်မျိုးကတော့ J visa ဖြစ်ပြီး Department of State မှ စီစဉ်ပေးတဲ့ အမေရိကန်နိုင်ငံနှင့် ကိုယ့်နိုင်ငံအကြား ပညာရေး သို့မဟုတ် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွင် ပါဝင်သူများ အတွက် ဖြစ်ပါတယ်။
ဒုတိယတစ်မျိုးကတော့ Q Visa ဖြစ်ပြီး Department of Homeland Security မှ စီစဉ်ပေးတဲ့ နိုင်ငံတကာ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်တွင် ပါဝင်သူများအတွက် ဖြစ်ပါတယ်။
ကိုယ်ဟာ Secretary of Homeland Security မှ နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွင် ပါဝင်ရန် ခွင့်ပြုချက် ရပါက Q Visa လျှောက်ထားရန် အရည်အချင်း ပြည့်မှီပါတယ်။
Q Visa ဟာ လက်တွေ့ကွင်းဆင်း လေ့ကျင့်မှုများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ထောက်ပံ့ပေးရန် ရည်ရွယ်ချက်နှင့် မိမိနိုင်ငံ၏ သမိုင်းကြောင်း၊ ရိုးရာဓလေ့များကို အမေရိကန် နိုင်ငံနှင့် မျှဝေပေးရန် ရည်ရွယ်တာ ဖြစ်ပါတယ်။
လျှောက်ထားခွင့်စံနှုန်းများ
ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များကို ဆောင်ရွက်သည့် အရည်အချင်းပြည့်မှီသော အလုပ်ရှင်များ သို့မဟုတ် အဆိုပါ အစီအစဉ်များကို စီမံခန့်ခွဲရန် ၎င်းတို့မှ ခန့်အပ်ထားသော အမြဲတမ်းဝန်ထမ်းများသာလျှင် Q nonimmigrants နေထိုင်ခွင့် ကို လျှောက်ထားနိုင်ပါတယ်။
Q Visa ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ခြင်း ကို မြှင့်တင်ရန် ဖြစ်ပါတယ်။ ဒီ cultural exchange program တွေဟာ အလုပ်အကိုင် ခန့်အပ်ရေး (employment-oriented) အတွက် အဓိက ဖြစ်သော်လည်း ကိုယ့်ရဲ့အလုပ်မှာ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ပါဝင်ဖို့တော့ အရေးကြီးပါ တယ်။
ဒါ့အပြင် ကိုယ်ဟာ
● အနည်းဆုံး ၁၈ နှစ် ဖြစ်ရပါမယ်။
● အလုပ်လုပ်ကိုင်နိုင်ရန် အရည်အချင်း ပြည့်မှီသူ ဖြစ်ရပါမယ်။
● ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကောင်းမွန်စွာ တင်ပြနိုင်သူ ဖြစ်ရပါမယ်။
ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များကို လုပ်ဆောင်သည့် အရည်အချင်းပြည့်မှီသော အလုပ်ရှင်များ သို့မဟုတ် အဆိုပါ အစီအစဉ်များကို စီမံခန့်ခွဲရန် ၎င်းတို့မှ ခန့်အပ်ထားသော အမြဲတမ်းဝန်ထမ်းများဟာ USCIS ရုံးမှ ချမှတ်ထားတဲ့ လျှောက်လွှာ ညွှန်ကြားချက်များ နှင့်တကွ I-129 Form ကို လျှောက်ထား ရမှာဖြစ်ပါတယ်။
၎င်းတို့အပြင် ကိုယ့်ရဲ့အလုပ်ရာထူးနှင့်တကွ ထိုအလုပ်ဟာ နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်နွယ်ကြောင်း သက်သေများပါ ပူးတွဲတင်ပြရပါမယ်။
အဆိုပါသက်သေများတွင် အလုပ်ရှင်ရဲ့နိုင်ငံမှ ယဉ်ကျေးမှု ဖလှယ်ရေး လက်ကမ်းစာစောင်မိတ္တူများ၊ သင်ရိုးညွှန်းတမ်း၊ အခြားယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များပါဝင်သော စာရွက် စာတမ်း၊ သမိုင်း၊ အနုပညာ၊ အတွေးအခေါ်၊ ရိုးရာဓလေ့များ ပါဝင်နိုင်ပါတယ်။ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ဟာ ကျောင်း၊ ပြတိုက်၊ စီးပွါးရေး (သို့) အမေရိကန်အများပြည်သူ နှင့် ယဉ်ကျေးမှု ကို စိတ်ဝင်စားသော သီးခြားအဖွဲ့တစ်ခုမှ နိုင်ငံခြားယဉ်ကျေးမှု၏ ရှုထောင့်များကို တွေ့ကြုံခံစားနိုင်ပြီး လေ့လာသင်ယူနိုင်သည့် နေရာများတွင် ပြုလုပ်မှာဖြစ်ကြောင်း အလုပ်ရှင်အနေနဲ့ သက်သေပြရပါမယ်။
အလုပ်ရှင်ဖြစ်သူဟာ
● အစီအစဉ်ကို စီမံခန့်ခွဲရန် အရည်အချင်း ပြည့်မီသော ဝန်ထမ်းတစ်ဦးကို ရွေးချယ်ပြီး ထိုလူက USCIS အတွက် အဆက်အသွယ်ရှိသူ အဖြစ်လုပ်ကိုင်ကြောင်း
● အမေရိကန် နိုင်ငံတွင် လက်ရှိ အလုပ် လုပ်ကိုင်နေကြောင်း၊
● နိုင်ငံသားမဟုတ်သူများနှင့် ဒေသခံအလုပ်သမားများ အား မခွဲခြားပဲ တူညီသောလစာနှင့် လုပ်ငန်းခွင် အခြေအနေများ ပေးကြောင်း နှင့်
● ၎င်းတို့၏ နှစ်ပတ်လည် အစီရင်ခံစာ မိတ္တူ၊ လုပ်ငန်းဝင်ငွေ အခွန်ပြန်တမ်း နှင့် အသိအမှတ်ပြု ထားသော စာရင်းကိုင်၏ အစီရင်ခံစာတို့ကို ပြသခြင်း ဖြင့် အစီအစဉ်တွင် ပါဝင်သူများကို ပေးဆောင်ရန် ငွေကြေး လုံလောက်ကြောင်း အထောက်အထားတွေ တင်ပြပေးရပါမယ်။
အမေရိကန်သံရုံးတွင် Visa လျှောက်ထားခြင်း
Visa ရယူရန် လျှောက်လွှာ Approved ဖြစ်ပြီးသည် နှင့် အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ရုံးတွင် (လိုအပ်ပါက) Visa လျှောက်ထားနိုင်ပါပြီ။ Visa ထုတ်ပေးခြင်း နှင့် ကျသင့်ငွေများအကြောင်း ပိုမိုသိရှိလိုပါက Department of State ၏ Website တွင် ထပ်မံ လေ့လာနိုင်ပါတယ်။
နေထိုင်ခွင့်ကာလ နှင့် နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း
ကိုယ့်ရဲ့ Q ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်ကို ပြီးမြောက် ပြီးနောက် အမေရိကန်နိုင်ငံမှ ထွက်ခွာရန် ရက် (၃၀) အချိန် ရမှာဖြစ်ပါတယ်။ Q Visa ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်တွင် နောက်တစ်ကြိမ် ပါဝင်ရန် မလျှောက်ထားခင် အမေရိကန်ပြင်ပတွင် ၁ နှစ်နေထိုင်ရန် လိုအပ်ပါတယ်။
Q Visa ကိုင်ဆောင်ထားသူ၏ မိသားစုဝင်များ
Q Visaအမျိုးအစားသည် Q-1 Visa ကိုင်ဆောင်ထားသူများကို ဇနီး သို့မဟုတ် သားသမီးများနှင့်အတူ လာရန် ခွင့်မပြုပါဘူး။ အိမ်ထောင်ဖက် (သို့) သားသမီးများသည် အမေရိကန်နိုင်ငံသို့ ဝင်ရောက်လိုပါက ၎င်းတို့၏ သီးခြား Visa အမျိုးအစား အတွက် အရည်အချင်းများ ပြည့်မှီရမည် ဖြစ်ပါတယ်။