R1 (Temporary Religious Workers Visa)
မိတ်ဆက်
R1 Visa ဟာ အမေရိကန်နိုင်ငံရှိ ဘုရားကျောင်းများ၊ ဗလီများ နှင့် တရားစခန်းများ ကဲ့သို့ ဘာသာရေး အဖွဲ့အစည်းတွေမှာ အလုပ်လုပ်လိုတဲ့ သာသနာပြု ပုဂ္ဂိုလ်တွေ အတွက် ပြဌာန်းထား တာပဲ ဖြစ်ပါတယ်။
ဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးဆိုင်ရာ အလုပ် လုပ်ကိုင်သူများသည် ဘာသာရေး အလုပ်များ ဆောင်ရွက်ရန် အမေရိကားသို့ ခဏတာ လာရောက်နိုင်ပါတယ်။
လျှောက်ထားခွင့်စံနှုန်းများ
R-1 Nonimmigrant ဆိုတာဟာ နိုင်ငံသား မဟုတ်ပဲနဲ့ ဘာသာရေး အလုပ်များကို တစ်ပတ်လျှင် အနည်းဆုံး နာရီ (၂၀) လုပ်ကိုင်ရန် အမေရိကားသို့ ရောက်ရှိလာသော ဘာသာရေးသမားများကို ဆိုလိုပါတယ်။ ထိုပုဂ္ဂိုလ်တို့ဟာ -
● အမေရိကန် နိုင်ငံရှိ Non-profit ဘာသာရေး အဖွဲ့
● အခွန် ကင်းလွတ်ခွင့် ရှိသော အခြားအဖွဲ့အစည်း တစ်ခုထံမှ ခွင့်ပြုချက် ရရှိထားသော ဘာသာရေး အဖွဲ့
● အမေရိကန် နိုင်ငံရှိ သီးခြားဘာသာရေး အုပ်စုတစ်ခုနှင့် ချိတ်ဆက်ထားသော Non-profit အဖွဲ့အစည်း
ဒီလိုနေရာ တစ်ခုခုမှာ အလုပ်ခန့်အပ်ခံရသူများ ဖြစ်ပါတယ်။
Visa အရည်အချင်း ပြည့်မှီဖို့အတွက် ကိုယ်က လျှောက်လွှာကို မတင်သွင်းခင် အမေရိကန်နိုင်ငံရှိ Non-profit ဘာသာရေး အဖွဲ့အစည်းတစ်ခုမှာ အဖွဲ့ဝင်အဖြစ် အနည်းဆုံး (၂) နှစ် ဖြစ်ထားဖို့ လိုအပ်ပါတယ်။
လျှောက်ထားမှု လုပ်ငန်းစဉ်များ နှင့် အထောက်အထား လိုအပ်ချက်များ
အမေရိကန်နိုင်ငံရှိ အလုပ်ရှင်ဟာ ဘာသာရေး ခေါင်းဆောင် များနှင့် ဘာသာရေး အလုပ်လုပ်ကိုင်သူများ အဖြစ် အမေရိကန် နိုင်ငံသို့ လာရောက်ရန် ကြိုးစားနေသူများအတွက် I-129 Form ကို လျှောက်ထားပေးရပါမယ်။
လျှောက်ထားသူဟာ လျှောက်ထားဖို့ လိုအပ်ချက်များထဲမှ တစ်ခုခုက ၎င်းတို့ အဖွဲ့အစည်းရဲ့ဘာသာရေးအရ အခက်အခဲ ဖြစ်နေပါက၊ Religious Freedom Restoration Act (RFRA) နှင့်အညီ ခြွင်းချက်တစ်ခု တောင်းဆို နိုင်ပါတယ်။
ထိုသို့သော ခြွင်းချက်အတွက် တောင်းဆိုစာ တစ်ခုကို လျှောက်လွှာတင်စဉ် ကတည်းက တင်သွင်းပေး ရပါမယ်။
အဆိုပါ တောင်းဆိုထားတဲ့ စာထဲမှာ -
● ဘာသာရေးယုံကြည်ချက်များကို ဆန့်ကျင်သည့်အရာ တစ်ခုခုကို အတင်းအကြပ် လုပ်ဆောင်ရခြင်း၊
● ဘာသာရေးယုံကြည်ချက်မှ လမ်းညွှန် ထားသည့် တစ်စုံတစ်ရာကို လုပ်ဆောင်ခွင့် မရခြင်း၊ စသည်တို့ ပါဝင်ကြောင်း ရှင်းပြရပါမယ်။
လျှောက်ထားသူဟာ RFRA ခြွင်းချက်အတွက် လိုအပ်ချက်များ နှင့် ကိုက်ညီကြောင်း သက်သေပြရန် လိုအပ်ပြီး စာရွက်စာတမ်း များကို ပေးပို့ရပါမယ်။ ထို့နောက် USCIS မှ ခြွင်းချက်ဆိုင်ရာ တောင်းဆိုချက်များကို တစ်ခုပြီးတစ်ခု သုံးသပ်ပြီးဆုံးဖြတ်ပေး သွားမှာဖြစ်ပါတယ်။ လျှောက်ထားသူဟာ ဒီ Visa အမျိုးအစား အတွက် အရည်အချင်း ပြည့်မီကြောင်း သက်သေပြဖို့ လိုအပ် ပါတယ်။
ထို့အပြင် လျှောက်ထားသည့် အဖွဲ့အစည်းနှင့် ဘာသာရေး ဝန်ထမ်း နှစ်ဦးစလုံးဟာ USCIS Policy Manual ၏ Volume 2 Part O တွင် အသေးစိတ်ဖော်ပြထားသော လိုအပ်ချက်များနှင့် ကိုက်ညီရမှာ ဖြစ်ပါတယ်။
(၁) အခွန်ကင်းလွတ်ရန် သက်သေအထောက်အထား
အကယ်၍ လျှောက်ထားပေးသည့် အဖွဲ့အစည်းသည် ၎င်းတို့၏ ကိုယ်ပိုင် IRS 501(c) (3) letter ရှိပါက လျှောက်ထားသူဟာ လက်ရှိ တရားဝင် ဖြစ်သည့် IRS ထံမှ အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ခိုင်လုံတဲ့ စာတစ်စောင်ကို ပေးဆောင်ရန် လိုအပ်ပါတယ်။
ဘာသာရေးအဖွဲ့အစည်းမှ I-129 Form တင်တဲ့အခါ အဆိုပါစာ ဟာ တရားဝင်လျှောက်ထား ပေးသည့် အဖွဲ့အစည်း ပါဝင် ရပါမယ်။ အဖွဲ့အစည်း ဟာ အခွန် ကင်းလွတ်ခွင့် အဖြစ် အသိအမှတ်ပြုခံထား ရပါက လျှောက်ထားသူ ဟာ လက်ရှိ အကျုံးဝင်သော IRS အဖွဲ့ ၏ အခွန် ကင်းလွတ်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းစာနှင့် အဖွဲ့အစည်း ဟာ အခွန်ကင်းလွတ်ခွင့် အောက် တွင် အကျုံးဝင်ကြောင်း စာရွက်စာတမ်းများ ပြသရပါမယ်။
သက်သေအထောက်အထား အနေနဲ့ အောက်ပါတို့ အနက်မှ တစ်ခုခုကို တင်ပြ လျှောက်ထား ပေးရပါမယ်။
● လျှောက်ထားသူအား ကိုယ်လာရောက်လုပ်ကိုင်မည့် အဖွဲ့အစည်းထံမှ ၎င်းတို့၏ အခွန်ကင်းလွတ်ခွင့် ကို အသုံးပြုရန် ခွင့်ပြုစာ
● လျှောက်ထားသူကို ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင် တစ်ဦး အဖြစ် ပြသသည့် စာရင်းမှတ်တမ်း
● အခွန်ကင်းလွတ်ခွင့်အတွက် အကျုံးဝင်သည့် ထိုအဖွဲ့အစည်း၏ Website မှ အဖွဲ့ဝင်စာရင်း
● ထိုအဖွဲ့အစည်းဟာ အခွန်ကင်းလွတ်ခွင့်အောက်တွင် အကျုံးဝင်ကြောင်း အတည်ပြုသော IRS မှ စာတစ်စောင် တို့ဖြစ်ပါတယ်။
အကယ်၍ IRS မှ စာတွင် အဆိုပါအဖွဲ့အစည်းသည် ဘာသာရေး အဖွဲ့အစည်း ဖြစ်ကြောင်း မဖော်ပြထားပါက လျှောက်ထားသူ ဟာ အဆိုပါ အဖွဲ့အစည်း၏ ဘာသာရေး သဘော သဘာဝ နှင့် ရည်ရွယ်ချက် ကို ပြသသည့် အထောက်အထားကို တင်ပြ ပေးရပါမည်။
အဖွဲ့အစည်း၏ စည်းမျဥ်းများ၊ လမ်းညွှန်ချက် များ၊ လက်ကမ်း ကြော်ငြာများ၊ ဆောင်းပါးများ (သို့) အဖွဲ့အစည်း ဘာသာရေး ရည်ရွယ်ချက်နှင့် သဘော သဘာဝ ကို ရှင်းပြသည့် အခြား ရေးသားထားသည့် စာရွက်စာတမ်းများ ပါဝင်နိုင်ပါတယ်။
အဖွဲ့အစည်းသည် ဘာသာရေး တစ်ခုမှ ဂိုဏ်းခွဲတစ်ခုခု နှင့် ဆက်နွယ်နေပါက လျှောက်ထားသူဟာ -
● အဖွဲ့အစည်းသည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း သက်သေပြသော IRS မှ တရားဝင်စာ၊
● ဘာသာရေး သဘောသဘာဝ နှင့် ရည်ရွယ်ချက် ကို ဖော်ပြသော စာရွက်စာတမ်းများဖြစ်သည့် ၎င်းတို့၏ရည်မှန်းချက်များကို ရှင်းပြထားသည့် အဖွဲ့အစည်း၏ စာရွက်စာတမ်းမိတ္တူ၊
● ၎င်း၏ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်များမှ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် သဘာဝကို ဖော်ပြထားသည့် စာအုပ်စာတမ်းများ၊
● I-129 Form ၊ Supplement R တွင် ပါ၀င်သော တူညီသည့် ဘာသာရေးအုပ်စု အတွင်းရှိ အခြား အဖွဲ့အစည်းတစ်ခုမှ လက်မှတ် ရေးထိုးထားသော အသိအမှတ်ပြု လက်မှတ် နှင့် လျှောက်လွှာတင်သော အဖွဲ့အစည်းသည် ထိုဘာသာရေး အုပ်စု အစိတ်အပိုင်း ဖြစ်ကြောင်း အတည်ပြုထားတဲ့ စာရွက်စာတမ်းများ၊ စသည်တို့ကို တင်ပြပေးရပါမယ်။
(၂) လစာ | လျော်ကြေးငွေအထောက်အထား | ကိုယ်တိုင်ပံ့ပိုးမှု
လျှောက်ထားသူဟာ ဘာသာရေး အလုပ်လုပ်သူများအား ငွေကြေး (သို့) အခြားလျော်ကြေး ပုံစံများဖြင့် ပေးဆောင်ရန် စီစဉ် ထားကြောင်း ရှင်းလင်းသော သက်သေများ တင်ပြ ရပါမယ်။ ထိုကဲ့သို့မဟုတ်ပါက R-1 Non-Immigrant ဟာ သာသနာပြုရန် အစီအစဉ် တစ်စိတ်တစ်ပိုင်း အနေဖြင့် မိမိကိုယ်ကို ထောက်ပံ့သွားမှာ ဖြစ်ကြောင်း သက်သေများ တင်ပြရမှာ ဖြစ်ပါတယ်။ ၎င်းသက်သေများတွင် -
● တူညီသောရာထူးအတွက် ယခင်က လျော်ကြေး အထောက်အထားများ၊
● လစာအတွက် ဖယ်ထားသော ငွေများကို ပြသမည့် ဘဏ္ဍာရေး စာရင်းများ၊
● အလုပ်ရှင်မှ ဘာသာရေး အလုပ်လုပ်သူအား နေစားငြိမ်း စီစဉ်ပေးထားမည် ဖြစ်ကြောင်း သက်သေ နှင့်
● W-2 forms (သို့) အသိအမှတ် ပြုထားသော အခွန်ပြန်တမ်းများ စသည်တို့ ပါဝင်ပါတယ်။
IRS စာရွက်စာတမ်းများ မရရှိနိုင်ပါက၊ လျှောက်ထားသူဟာ အကြောင်းရင်းကို ရှင်းပြပြီး နှိုင်းယှဉ်နိုင်သော၊ အတည်ပြု နိုင်သော စာရွက်စာတမ်းများကို ပေးဆောင်ရပါမယ်။
မိမိကိုယ်ကို ထောက်ပံ့ခြင်း ဆိုတာကတော့ R-1 Nonimmigrant တစ်ယောက်ဟာ အခကြေးငွေ မယူဘဲ ခဏတာ စေတနာ့ ဝန်ထမ်း အဖြစ် သာသနာပြု လုပ်ငန်းအစီအစဉ် တစ်ခုတွင် တာဝန် ထမ်းဆောင်ခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ရန် -
● လျှောက်ထားသူဟာ အခကြေးငွေမယူဘဲ အချိန် အကန့်အသတ် ဖြင့်သာ စေတနာ့ဝန်ထမ်းအဖြစ် သာသနာပြု လုပ်ငန်းကို လုပ်ဆောင်ရန်အတွက် ကြေညာထားသော အစီအစဉ်တစ်ခု ရှိကြောင်း သက်သေ၊
● ဘာသာရေး အဖွဲ့အစည်းမှ သာသနာပြုရန် အစီအစဉ်ဟာ အမေရိကားတွင် သာမက အခြားနိုင်ငံများတွင် ပါရှိကြောင်း သက်သေ၊
လျှောက်ထားသူအား အဆိုပါသာသနာပြုအစီအစဉ်မှ လက်ခံထားရကြောင်း သက်သေ၊
● ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရားများဟာ သာသနာပြု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သက်သေ နှင့်
● လျှောက်ထားသူ၏ ဘဏ်မှတ်တမ်း၊ မိမိကိုယ်ကို ထောက်ပံ့မှု အတွက် ပိုက်ဆံများဟာ မည်သို့ ရလာသည်ကို ရှင်းရှင်း လင်းလင်း ပြသသော ဘတ်ဂျက် စာရွက်စာတမ်းများ၊
(သို့မဟုတ်)
USCIS မှ လက်ခံသော အခြား အတည်ပြုထားသော သက်သေများ ကို တင်ပြရမှာ ဖြစ်ပါတယ်။
(၃) ဘာသာရေး ဂိုဏ်းခွဲဝင် ဖြစ်ကြောင်းနှင့် ခန့်အပ်မည့်ရာထူး ဆိုင်ရာ အထောက်အထား
လျှောက်ထားသူဟာ -
● I-129 Form မတင်ပြမှီ အနည်းဆုံး နှစ်နှစ် သက်တမ်း ရှိသော အမေရိကန်နိုင်ငံရှိ Non-Profit ဘာသာရေး အဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင်ဖြစ်ကြောင်း သက်သေ နှင့်
● ဘာသာရေး အလုပ်လုပ်ကိုင်သူဟာ ထမ်းဆောင်ရမည့် တာဝန်အတွက် အရည်အချင်း ပြည့်မှီကြောင်း အထောက်အထားများ တင်ပြရပါမယ်။
လျှောက်ထားသူဟာ အကြီးအကဲ ရာထူးဖြင့် လုပ်ကိုင်မည် ဆိုလျှင် -
● သာသနာ့ဝန်ထမ်း၏ ဘုန်းတော်ကြီး အဖြစ် ခံယူထား ကြောင်း လက်မှတ် မိတ္တူ (သို့) အလားတူ စာရွက် စာတမ်းများ၊
● ဘာသာရေးအဖွဲ့အစည်းမှ လျှောက်ထားသူဟာ အရည်အချင်း ပြည့်မီကြောင်း သက်သေပြသော စာရွက်စာတမ်းများ၊ အသိအမှတ်ပြုထားသော ကျောင်းတွင် လိုအပ်သော ဘာသာရေးလေ့လာမှုများ ပြီးဆုံးကြောင်း အထောက်အထား၊ ၎င်းတို့၏ ရမှတ် မှတ်တမ်းများ၊ လေ့လာခဲ့ရာများနှင့် ကျောင်းကို ဘာသာရေးအဖွဲ့မှ အတည်ပြုကြောင်း အတည်ပြု စာရွက်များ ထည့်သွင်း လျှောက်ထား ပေးရပါမယ်။
အကယ်၍ ဘာသာရေး အဖွဲ့အစည်းဟာ သတ်မှတ်ထားသော ဘာသာရေး သင်ကြားမှု မလိုအပ်ပါက လျှောက်ထားသူဟာ
● ဘာသာရေး ခေါင်းဆောင် ဖြစ်ရန် ဘာသာရေးအဖွဲ့မှ သတ်မှတ်ထားသော လိုအပ်ချက်များ၊
● ဘာသာရေး ခေါင်းဆောင်များ လိုက်နာရမည့် စည်းကမ်းများ၊
● ဘာသာရေးခေါင်းဆောင်ဖြစ်ရန် ဘာသာရေးအဖွဲ့မှ သတ်မှတ်ထားသော အဆင့်များနှင့်
● သာသနာပြုခြင်းအတွက် အဖွဲ့၏လိုအပ်ချက်များကို ပြီးမြောက်ကြောင်း အထောက်အထားများ၊
စသည်တို့ကို တင်ပြရပါမယ်။
I-129 Form မိတ္တူ နှင့် အဆိုပါ Form အား ထောက်ပံ့ပေးသည့် စာရွက်စာတမ်းများကို တင်ပြဖို့ဟာ အရေးကြီးပါတယ်။ အကယ်၍ တင်ပြရန် မေ့လျော့ခဲ့ပါက U.S. Department of State မှ ဆုံးဖြတ်ချက် ချရန် နှောင့်နှေးစေပါတယ်။
ပုဒ်မ 8 CFR 214.2(r)(16) ပါ စည်းမျဉ်းများအရ USCIS ဟာ နောက်ဆုံး ဆုံးဖြတ်ချက်မချမှီ သို့မဟုတ် ဆုံးဖြတ်ချက် ချပြီး နောက် အလုပ်အတွင်း စစ်ဆေးရေးများ ပြုလုပ်နိုင်ပါတယ်။
နောက်ဆုံး ဆုံးဖြတ်ချက် မချမှီ လာရောက် လည်ပတ်ခဲ့ပါက ကိုယ့်လျှောက်ထားချက်ကို အတည်ပြုရန် အတွက် ၎င်းတို့၏ စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်ရန် လိုအပ်ပါတယ်။
ဘာသာရေးအဖွဲ့အစည်းဟာ လျှောက်ထားသူ အလုပ်လုပ်ရမည့် နေရာဟာ စာပို့လိပ်စာနဲ့ မတူညီခဲ့လျှင်လည်း ထည့်သွင်းပေး ရပါမယ်။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းဟာ USCIS က လျှောက်လွှာ ထဲရှိ အချက်အလက် သက်သေများအား အတည်ပြုရန် လိုအပ် လာပါက အလုပ်အတွင်း လာရောက် စစ်ဆေးနိုင်ပါတယ်။
ထို့အပြင် USCIS ဟာ လျှောက်ထားသူ၏ အလုပ်လုပ်မည့် နေရာအား သွားရောက်လေ့လာ၍ ၎င်းတို့၏ အလုပ်လုပ်ချိန်၊ လစာ နှင့် အလုပ်တာဝန်များ ကို စစ်ဆေးအတည်ပြုနိုင်ပါတယ်။
Visa စည်းကမ်းချက်များကို ချိုးဖောက်ခြင်း သို့မဟုတ် အဖွဲ့အစည်းတွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ရှိမရှိကို သံသယရှိပါက လျှောက်ထားချက်များကို အတည်ပြုပြီးနောက် တည်နေရာကိုလည်း စစ်ဆေးနိုင်ပါတယ်။
လျှောက်လွှာ Approved ဖြစ်ပြီးနောက်
USCIS မှ ကိုယ့်ရဲ့လျှောက်လွှာ ကို Approve ပေးပြီးပါက ကောင်စစ်ဝန် မှ ကိုယ်ဟာ R-1 Nonimmigrant Visa ကို ရရှိရန် အရည်အချင်း ပြည့်မှီမမှီ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ CBP မှ လည်း နိုင်ငံထဲ ဝင်ရောက်လာသူတိုင်းအား အမေရိကန်နိုင်ငံထဲ ဝင်ရောက် နိုင်ခွင့် ရှိမရှိ ဆုံးဖြတ်ဦးမှာ ဖြစ်ပါတယ်။
Visa မလိုအပ်သော အလုပ်သမားများဟာ နိုင်ငံထဲ ဝင်ရောက် ချိန်မှာ I-129 Form Approve ဖြစ်ကြောင်း အတည်ပြုရန် မူရင်း I-129 Form နှင့် Notice of Action တို့ကို သက်သေအဖြစ် တင်ပြရမှာ ဖြစ်ပါတယ်။
နေထိုင်ခွင့်ကာလ
USCIS ဟာ ဘာသာရေး အလုပ်လုပ်သူများအား အမေရိကန် နိုင်ငံတွင် စတင်နေထိုင်ချိန်ကို လ (၃၀) အထိ ခွင့်ပြု ပေးထားပြီး နောက်ထပ် လ (၃၀) ကို သက်တမ်းတိုး တောင်းဆို နိုင်ပါတယ်။ ဒါပေမယ့် R-1 Visa ဖြင့် ဘာသာရေးအလုပ်လုပ်သူ တစ်ဦးအနေနဲ့ အမေရိကန် နိုင်ငံတွင် ငါးနှစ် (လ ၆၀) ထက် ကျော်လွန်ပြီး နေထိုင်ခွင့် မရှိပါဘူး။
နေထိုင်ခွင့်ကာလ
အကယ်၍ CBP မှ ရရှိခဲ့သော I-94 Form တွင် စတင် နေထိုင် သည့် အချိန်အား လ (၃၀) ထက် ပို၍ ဖော်ပြထားပါက အမှား ပြင်ဆင်ပေးရန် အမေရိကန် နိုင်ငံအတွင်း စတင် ဝင်ရောက်ချိန်ကတည်းက CBP ရုံးသို့ အသိပေးရပါမယ်။
I-94 Form အား ပြင်ဆင်ရန် တောင်းဆိုရာမှာ I-102 Form ကို အသုံးမပြုသင့်ပါဘူး။ ထိုသို့ မှားယွင်းမှုအတွက် ကိုယ့်ကိုရော၊ လျှောက်ထားပေးတဲ့ အဖွဲ့အစည်းကိုရော ပြစ်ဒဏ်ပေးတာမျိူး မရှိ သော်လည်း ကိုယ်က တရားဝင် ငါးနှစ်ထက် ကျော်လွန် နေထိုင် ခဲ့ပါက အနာဂါတ်တွင် လူဝင်မှု ကြီးကြပ်ရေး အကျိုး ခံစားခွင့်များကို ထိခိုက် သက်ရောက် စေနိုင်ပါတယ်။
ထို့ကဲ့သို့ I-94 Form တွင် စတင်နေထိုင်ခွင့်ကို လ (၃၀) ထက် ပိုမို ဖော်ပြထားပြီး ကိုယ်က လ (၃၀) ထက် ပိုမိုနေထိုင်မည် ဟု ဆုံးဖြတ်ထားပါက ထိုကာလ မကုန်ဆုံးခင် သက်တမ်းတိုးခွင့်ကို ကြိုတင် တောင်းဆို ရပါမယ်။
အများဆုံး ငါးနှစ် နေထိုင်ခွင့်ပြုသည့် R-1 Visa အသစ်ကို လျှောက်ထားရန်အတွက် မိမိဟာ လွန်ခဲ့သည့်နှစ် တစ်နှစ်ကို အမေရိကန် ပြင်ပတွင် နေထိုင်ထားဖို့ လိုအပ်ပါတယ်။
ထိုကဲ့သို့ အချိန်ကာလ ကန့်သတ်ချက်များဟာ အမေရိကန် နိုင်ငံတွင် ဆက်တိုက် မနေထိုင်သော၊ အမေရိကန်ရှိ အလုပ်ဟာ ခြောက်လထက် နည်းသော အလုပ်အကိုင် ရရှိထားသည့် ဘာသာရေးသမားများ ဖို့ အကျုံးမဝင်ပါဘူး။
ထို့အပြင် အမေရိကန် ပြင်ပတွင် နေထိုင်ပြီး အချိန်ပိုင်း အလုပ်လုပ်ရန် အမေရိကန်သို့ လာသော ဘာသာရေးသမားများ ဖို့လည်း အကျုံးမဝင်ပါဘူး။
Dual Intent
အမေရိကန်သို့ လာရောက်သည့် ဘာသာရေး လုပ်သားများဟာ ၎င်းတို့၏ တရားဝင် နေထိုင်ခွင့် ကုန်ဆုံးချိန်တွင် နိုင်ငံမှ ထွက်ခွာရန် စီစဉ်ရမှာ ဖြစ်ပါတယ်။ ထိုသို့ နေထိုင် အချိန်တွင် USCIS ဟာ Visa Status ပြောင်းလဲ လျှောက်ထားခြင်း (သို့) သက်တမ်း တိုးခြင်း ကဲ့သို့သော ယာယီနေထိုင်မှုအတွက် တောင်းဆိုမှုကို ငြင်းပယ်လို့ မရပါဘူး။
R-1 Visa ကိုင်ဆောင်ထားသူ၏ မိသားစုဝင်များ
R-1 Visa ကိုင်ဆောင်ထားသူရဲ့ အိမ်ထောင်ဖက်နှင့် အသက် 21 အောက် လက်မထပ်ရသေးသော ကလေးများဟာ R-2 အမျိုးအစားအောက်တွင် အရည်အချင်းပြည့်မှီပါတယ်။
ထိုကဲ့သို့ R-2 ကိုင်ဆောင်ထားသူများဟာ ၎င်းတို့ရဲ့ Visa အမျိုးအစားအရ အလုပ်လုပ်ခွင့် မရှိပါဘူး။
B-1 Visa ကိုင်ဆောင်ထားသူများ
အမေရိကားသို့ အချိန်ခဏတာမျှသာ လာရောက်မည့် ဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ လုပ်ဆောင်မှုများဟာ B-1 Nonimmigrant လည်ပတ်သူများ အမျိုးအစားအောက်တွင် ရှိပါက ၎င်းတို့ကို B-1 စီးပွါးရေးအရ လည်ပတ်သူများအဖြစ် အရည်အချင်းပြည့်မှီနိုင်ပါတယ်။
အလုပ်ရပ်စဲကြောင်း အကြောင်းကြားစာ
လျှောက်ထားပေးသူဟာ ဘာသာရေးအလုပ်သမားရဲ့ အလုပ်မှာ တစ်စုံတစ်ရာ ပြောင်းလဲမှု ရှိခဲ့ပါက USCIS ကို (၁၄) ရက် အတွင်း အသိပေးရပါမယ်။ အဆိုပါ ဘာသာရေးအလုပ်သမား ဟာ အလုပ်ရှင် ပြောင်းလဲ လိုပါက အလုပ်ရှင်အသစ်ဟာ I-129 Form အသစ်ကို ထောက်ခံချက်၊ သက်သေ အထောက်အထား များ နှင့်အတူ တင်ပြ ပေးရပါမယ်။
အကယ်လို့ R-1 Visa အလုပ်ခန့်အပ်မှုများဟာ တားဆီးခံရပါက [email protected] သို့ Email ဖြင့်လည်းကောင်း၊ U.S. Department of Homeland Security, U.S. Citizenship and Immigration Services, California Service Center, Attn: BCU Section Chief, P.O. Box 30050 နှင့် Laguna Niguel, CA 92607-3004 ကဲ့သို့သော ဌာနများသို့ လည်းကောင်း စာပို့ အသိပေးနိုင်ပါတယ်။
အလုပ်နေရာပြောင်းလဲခြင်းများ
ဘာသာရေးအလုပ်လုပ်သူ၏ အလုပ်အကိုင် နေရာ ပြောင်းလဲ ခြင်း သည် မူလ အတည်ပြုထားသော R-1 လျှောက်လွှာရှိ သဘောတူညီထားပြီးသော စည်းမျဉ်း စည်းကမ်းများ အတွက် အရေးကြီးသော ပြောင်းလဲမှုဟု ယူဆ နိုင်ပါတယ်။
ထိုကဲ့သို့ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါက လျှောက်ထားသူဟာ ပြင်ဆင်ရေး လျှောက်လွှာ တင်သွင်းပြီး ပြန်လည် အတည်ပြု ပေးမှုကို ဘာသာရေး အလုပ် လုပ်ကိုင်သူဟာ အလုပ်နေရာ အသစ်သို့ မပြောင်းရွှေ့မီ ရဖို့ လိုအပ်ပါတယ်။
အကယ်လို့ ကိုယ်ဟာ ပိုမိုကြီးမားသော အဖွဲ့အစည်း အတွင်းရှိ မတူညီသော နေရာသို့ ရွှေ့ပြောင်းခံရမည်ဟု မျှော်လင့်ပါက ထို အဖွဲ့အစည်းမှ လျှောက်လွှာကို တင်သွင်းပေးရမှာ ဖြစ်ပါတယ်။ လျှောက်ထားပေးသော အဖွဲ့အစည်းဟာ ပြင်ဆင်ရေး အသနားခံစာကို တင်သွင်းပေးနိုင်ပါတယ်။
Green Cards
ဘာသာရေး အလုပ်သမားများဖို့ တရားဝင် အမြဲတမ်း နေထိုင်သူ ဖြစ်လာစေရန် လျှောက်ထားမှုနှင့် ဆိုင်သော အချက်အလက် များကို I-129 form ၏ Part 2, Item 2 အောက်ရှိ Box F တွင် လေ့လာ ကြည့်ရှုနိုင်ပါတယ်။