USIRD Connect

S Visa - Green Card for an Informant

S Visa - Green Card for an Informant

S Visa ဟာ အမေရိကန်ရှိ ရာဇ၀တ်မှုဆိုင်ရာ လုပ်ဆောင်ချက် များကို သိရှိပြီး မျက်မြင်တွေ့ရှိသူ (သို့) သက်သေအဖြစ် ထွက်ဆိုပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေး အေဂျင်စီများနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိသူများ အတွက် ဖြစ်ပါတယ်။
ဒီ Visa အတွက် လျှောက်လွှာကို ခရိုင် ရှေ့နေရုံး ဒါမှမဟုတ် US ရှေ့နေရုံး ကဲ့သို့ အမေရိကန်အစိုးရ အေဂျင်စီတစ်ခုက အစပြု တင်သွင်းပေးရပါတယ်။
ယခုလို ရာဇ၀တ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှု (သို့) အမှုအခင်း များအတွင်း သက်သေ၊ သတင်းပေးသူကို အမေရိကန်နိုင်ငံမှာ ဆက်နေခွင့်ပြုဖို့ I-854 Form နဲ့ တောင်းဆိုရပါမယ်။ I-854 Approved ဖြစ်ပြီး S Visa ရရှိပါက Green Card လျှောက်ရန် I-485 Form ဆက်လက် တင်သွင်းနိုင်ပါပြီ။

Previous